Monday, March 25, 2013

မြို့တော်ခန်းမရှေ့တွင် ခေါင်းစဉ်သုံးခုဖြင့် ဆန္ဒထုတ်ဖော်

Ever November | 3/25/2013 04:04:00 PM | Best Blogger Tips
ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့တွင် လယ်သမားရေး၊ ရခိုင် ပြည်နယ်ရေး၊ ၀န်ထမ်းများလစာကိစ္စ စသည့်ခေါင်းစဉ်များ ယနေ့မနက် ၉း၃၀ တွင် လူဦးရေ ၁၅ယောက်ခန့်က ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်းသိရသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ လယ်မြေများသိမ်းယူခံထားရမူများအတွက် တာဝန်ရှိသူ များက အောက်ခြေအထိဆင်း၍ ဆောင်ပေးရေးအကျင့်ပျက်လဒ်စားမူများကို တိကြစွာ ဆောင် ရွက်ပေးရေးနှင့် ရခိုင်ပြည်နယ်တွင်လုံခြုံရေးအင်အား တိုးချဲ့ချထားပေးရန်နှင့် ပြည်တွင်းရှိမည်သည့် ဘာသာကို ကိုးကွယ်သည် ဖြစ်စေနိုင်ငံသား များသာ ဖြစ်ကြောင်းနှင့် ပြည်ပမှ ခိုးဝင်လာသူများ အားနေ ရပ်သို့ပြန်လည်ပို့ဆောင်ပေးရေး ၊ ၀န်ထမ်းလစာများကို အာဆီယံနိုင်ငံများနီးတူ ဆောင်ရွက်ပေးစေရန် ကိစ္စများအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးက ပြော ကြားသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ရေးနှင့်ပတ်သတ်ပြီး လုံခြုံရေးတိုးမြင့်ချထားပေးဖို့လိုပါတယ်။ ပြည်ပမှ ခိုးဝင်လာသူများကိုနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး နိုင်ငံတော် အေးချမ်မှသာ ဒီမိုကရေစီ ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြသူ ဦးစိုးကြည်က ပြောကြာသည်။

ထို့အပြင် လယ်မြေကိစ္စများနှင့်ပတ်သတ်၍ တွံတေးမြို့နယ်၊ဒလမြို့နယ်၊ သန်လျင်ကျောက်တန်း၊ ပဲခူး တိုင်းဒေသများမှလယ်သမားများ ပါဝင်ခဲ့ကြသည်။” ကျွန်တော်တို့ကို လယ်ထဲက တဲတွေကိုဖျက်ပေး။ လူကြီးတွေလာရင် တဲတွေကို ဖျက်ပစ်မယ် ” ဟု ဒလမြို့နယ်၊ ရခိုင်ချောင်ဒေသရှိ လယ်သမား(၄၄) ဦး ပိုင်ဆိုင်သော လယ်ဧက(၅၀၀)အား သိမ်ယူထားသော ဧရာဝတီ ရေတပ်စခန်းမှ ပြောကြောင်း လယ် သိမ်းခံရသူ လယ်သမားခေါင်ဆောင် ဦးမြသိန်းက ပြောသည်။

ပိုင်လေး
ဓာတ်ပုံ - သီဟ
The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1