Monday, March 25, 2013

ကိုနေမျိုးဝေ ဥက္ကဌ (မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ) ဘာသာမဲ့ခေါင်းဆောင်တစ်ဦးရဲ့အသံ

Ever November | 3/25/2013 04:17:00 PM | Best Blogger Tips

ဆက်တိုက်ဖြစ်ပေါ် လာသော ဘာသာရေး အခြေခံ ပဋိပက္ခများ နှင့် ပတ်သက်၍ ဆန်းစစ်ခြင်း
(၁) ပြတ်ပြတ်သားသားထောက်ပြမည် - - ပြတ်ပြတ်သားသားရေးမှာဖြစ်ပါတယ် ။ အချို့ကိစ္စတွေဟာ သိုသိုသိပ်သပ်လုပ်တာ ကောင်း တယ်ဆိုပေမဲ့ - - - ဒီကိစ္စမှာတော့ တိတိကျကျပြတ်ပြတ် သားသားထောက်ပြမှဖြစ်ပါလိမ့်မယ်။ နို့မို့ဆို ရင် တအုံနွေးနွေးနဲ့ ကာလတာရှည် ဖြစ်နေပါလိမ့်မယ် ။ ထင်ထင်ရှားရှားပြတ်ပြတ်သားသား ရေးသား ခြင်းဖြင့် အနာကို မြင်သိလို့ ဆေးကုနိုင်မှာဖြစ်ပါတယ် ။
(၂) ဘာသာရေးအခြေခံအဓိကရုန်း - ဒီကိစ္စကို ပေါ့လျော့စေချင်တဲ့အတွက် လူမျိုးရေးမဟုတ်ပါဘူး ။ ဘာသာရေးမဟုတ်ပါဘူး ။ သာမန်ကိစ္စကနေ အကြီးအကျယ် ကျယ်ပြန့်ကုန်တာပါလို့ အာလူးဖုတ် လို့မရပါဘူး ။ တိတိကျကျ ပြောရမယ် ဆိုရင် ဘာသာရေးအခြေခံ အဓိကရုန်းလို့ ကျနော်က ရဲရဲကြီးပြောဆိုပါတယ် ။ အဲသလို ဘာသာရေးအခြေခံ အဓိကရုန်းဟာ အန္တရာယ်ကြီးမှန်းသိပေမဲ့ လိမ်နေလို့မရတော့ပါဘူး ။
(၃) စတင်ရာဒေသ - စတင်ခဲ့တာကတော့ ရခိုက်ဒေသကဖြစ်ပြီး ရခိုင်နဲ့ဘင်္ဂါလီကိစ္စလို့ မြင်လို့ မရပါဘူး ။ ရခိုင်ဒေသမှာ ဘင်္ဂါလီကျူးကျော်နေထိုင်တာဟာ ရာစု နှစ် နဲ့ချီနေခဲ့ပါပြီ ။ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့သူတွေဟာ မွတ်ဆလင် နဲ့ ဟိန္ဒူတွေ ပါ ရှိပါတယ် ။ အခုအခါမှာတော့ ဟိန္ဒူတွေ နည်းသွားပါပြီ ။ ရခိုင်ဒေသ ( အနောက် တံခါး ) ကစတင်တာလို့ကောက်ချက်ချရပါမယ် ။
(၄) ဘာသာရေးပဋိပက္ခ - မြန်မာနိုင်ငံထဲမှာရှိတဲ့ ဗုဒ္ဒဘာသာ ဟိန္ဒူ နဲ့ ခရစ်ယာန်တွေဟာ ပြဿနာ ဖြစ်ခဲ လှပါတယ် ။ မွတ်ဆလင်ဘာသာဝင်တွေအနေနဲ့ ကျန်ဘာသာဝင်တွေနဲ့ စားအတူသွားအတူ မနေနိုင်ပါဘူး ။ ဒါကတော့ သူတို့ရဲ့ ဘာသာရေးအဆုံးအမတွေဖြစ်လို့ အပြစ်မတင်ချင်ပါဘူး ။ ငြင်းမရတဲ့အချက်က ရောနှောလို့မရဘူးဆိုတဲ့အချက်ဘဲဖြစ်ပါတယ် ။
(၅) စနက်တံ - ကျမ်းဂန်တွေထဲမှာ လိင်ကိစ္စကို အတော် တိတိကျကျ အသေးစိတ်ရေးသားဖော်ပြတဲ့ ကျမ်းကတော့ ကိုရမ်ကျမ်းပါဘဲ ။ ( ကျနော့်မှာရှိပါတယ် ၇၀ % လောက် ဖတ်ရှုပြီးပါပြီ ) ဒါဟာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ယုံကြည်ခွင့်အရ ဝေဘန်ဖို့ မလိုပေမဲ့ ဒါကို ကျန်ဘာသာတွေက သိပ်ပြီး မနှစ်သက်ချင်ပါဘူး။အဲသလို အခြေအနေမျိုးမှာ ရခိုင်းအမျိုးသမီးတစ်ယောက် ကို မုဒိန်းကျင့်လည်လှီး သတ်တဲ့ကိစ္စ မျိုးကို စက်ဆုပ်ကြပါတယ် ။ ကျန်ဘာသာတွေအနေနဲ့ ဓါးနဲ့ထိုးသတ်တာ နဲ့ လည်လှီး သတ်တာ နှစ်မျိုးမှာ လည်လှီးသတ်တာကို ပိုမို ရက်စက်တယ်လို့ခံစားရပါတယ် ။ လိင်ကိစ္စ အလို မတူဘဲ သားမယားပြုကျင့်ခံရတာမျိုးကို အတော် စက်ဆုပ်ပါတယ် ။ အဲသလိုမျိုး ဘာသာကွဲတွေ အနေနဲ့ ဖြစ်ပျက်တဲ့အတွက် ပိုမို ထိရှလွယ်တာဖြစ်ပါတယ် ။
(၆) ကမ္ဘာအရပ်ရပ်က အခြေအနေများ - အဲဒီအချိန်မှာဘဲ ကမ္ဘာအရပ်ရပ်မှာ မွတ်ဆလင်နဲ့ ကျန် ဘာသာတွေ မွတ်ဆလင်အချင်းချင်းတွေ သတ်ဖြတ်နေတာတွေကိုလည်း မြန်မာနိုင်ငံသား တော်တော် များများက သိမြင်နေရပါတယ် ။ ။ ဒီနေရာမှာ ဘယ်သူလွန်တယ်ဆိုတာကို ထောက်ပြမှာ မဟုတ်ဘဲ အဲဒီလို တွေ့မြင်နေရတဲ့အတွက် လူတွေရဲ့ စိတ်ကူးအခြေအနေတွေကို ထင်ဟပ်ပြမှာဖြစ်ပါတယ် ။ အဲသလို တွေ့မြင်နေရတဲ့ လူမျိုးတွေဟာ စိုးရိမ်ပူပမ်မှုရှိနေမှာတော့ မလွဲပါဘူး ။
(၇) ပြည်တွင်းနေမွတ်ဆလင်များ၏တုံ့ပြန်မှု - ဒီအချိန်မှာဘဲ ပြည်တွင်းနေမွတ်ဆလင်တွေဟာ ဘာသာသနာဘက်ကနေ တုန့်ပြန်လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ် ။ အဲဒီတုန့်ပြန်မှုတွေ ထဲမှာ လူမြင်ကွင်း က တုန့်ပြန်မှုတွေ ဟာ ဗုဒ္ဒဘာသာကို စော်ကားတာ လုံးဝမရှိပါဘူး ။ ဒါပေမဲ့ လူမြင်ကွင်းနောက် ကွယ်က အွန်လိုင်းမီဒီယာတွေမှာတော့ စော်ကားတာတွေ လူငယ်ဘာဝ ရုန်းရင်းကြမ်းတမ်းတာတွေ ကို နှစ်ဘက်ဘာသာဝင်တွေက လုပ်ခဲ့ရေးခဲ့ပါတယ် ။ ဒီနေရာမှာ အချို့လူတွေက စစ်တပ်က အကောင့် အတုတွေပြုပြီး ၀င်ရောက် ချေရှုပ်တယ် ဆိုတာ မဟုတ်ပါဘူး ။ ကျနော့် မိတ်ဆွေ မွတ်ဆလင် တွေကိုယ်တိုင် ပြည်ပမှာ ပြည်တွင်းမှာ အီးဂရက်လိုနေရာမျိုးမှာ NLD လိုနေရာမျိုးမှာ ရှိနေတာတောင် ငြင်းခုန်မှုက ရန်ဘက်ကိုရွှေ့လာတာတွေ့ရပါတယ် ။ ( ကျန်တဲ့ ဗမာတွေအနေနြ့လည်း ကျနော့်လို ကြုံတွေ့ကြဘူးမှာပါ ) ဒါ့ကြောင့် ပြည်တွင်းနေတွေရဲ့ တုန့်ပြန်မှုဟာ အခု ပဋိပက္ခ စက်ကွင်းကို ရှေ့ရှုနေစေပါတယ် ။
(၈) မွတ်ဆလင် နိုင်ငံရေး သမားအချို့/ဘာသာရေးခေါင်းဆောင်အချို့ နှင့် နိုင်ငံသားကိစ္စ - အထင်ကရ နေရာတွေမှာ ဆွေးနွေးကြတဲ့အခါ - အထင်ကရ လူတွေနဲ့ ဆွေးနွေးကြတဲ့အခါ သတင်းဌာနတွေမှာ ပေါ်လွင်လာတဲ့အခါ မွတ်ဆလင်နိုင်ငံရေးသမားတွေဟာ ဘင်္ဂါလီအရေးမှာ ခိုးဝင်သူတွေဘက်က ကာဆီး ကာဆီးလုပ်တာကို တွေ့ရပါတယ် ။ အတိအကျထောက်ပြရရင် မွတ်ဆလင် လွှတ်တော် အမတ် အပါအ၀င် မွတ်ဆလင်နိုင်ငံရေးသမားတွေက ဘင်္ဂါလီခိုးဝင်ကိစ္စကို ဆန့်ကျင်တားမြစ်ဖို့ မလုပ်ခဲ့ကြဘဲ နိုင်ငံသားပေးဖို့အပြင် တိုင်းရင်းသားပေးဖို့ကိုပါတောင်းဆိုလာတာမျိုးကို မြန်မာနိုင်ငံ အ၀ှမ်းက သိရှိကုန်ပါတယ် ။
(၉) တရုပ် နဲ့ ကုလားမတူ - မြစ်ဆုံ တရုပ်စီမံကိန်းကို မြန်မာတွေတုန့်ပြန်တော့ ပြည်တွင်းတရုပ်တွေက တုတ်တုတ်တောင် မဟပါဘူး ။ တရုပ်ဝမ်ပေါင်ကိစ္စကို ဆန့်ကျင်တော့လည်း ပြည်တွင်းတရုပ်က စိတ်မ၀င်စားဘကိုယ့်စီးပွါးရေးကိုဘဲ ကိုယ်လုပ်နေခဲ့ပါတယ် ။ ဒါပေမဲ့ ပြည်တွင်းကုလားကတော့ နိုင်ငံရေးအသံအတော်ထွက်ခဲ့ပါတယ် ။ ထွက်ယုံမျှမက ဗမာ မျိုးချစ်တွေနဲ့ ဆန့်ကျင်ဘက်အသံ ဘင်္ဂွလီခိုးဝင်တွေဘက်က ရပ်တည် ခဲ့ကြပါတယ် ။ ခိုးဝင်ကိစ္စဟာ အစက သိပ်ပြီးမပေါ်လွင်လှပေမဲ့ အခုလို မကြာခနဖမ်းမိတဲ့အခါမှာတော့ ပြဿနာကြီးကိုမြင်နေကြပါပြီ ။ အာရုံမစိုက်ခင်ကဆို ဘယ်လောက်များဝင်လိုက်လေမလည်းလို့ ပြည်သူတွေကတွေးကြမှာပါ ။
(၁၀) လူ့အခွင့်အရေးစကားနဲ့ မနိုင် - ဒီနေရာမှာ လူ့အခွင့်အရေးတွေ ဒီမိုကရေစီတွေ အော် ယုံနဲ့ သဘောတရားရေးအရ မနိုင်ပါဘူး ။ တန်းတူအခွင့်အရေးတကယ်ပေးသလားလို့ စိန်ခေါ်ပြန်ရင်လည်း မွတ်ဆလင်နိုင်ငံတွေမှာ ကျန်ဘာသာတွေကို အခွင့်အရေးမပေးတဲ့သတင်းတွေလျှံကျနေတဲ့ဒီနေ့ ခေတ်မှာ အသုံးမ၀င်ပါဘူး ။ လူ့အခွင့်အရေးတို့ ဒီမိုတို့ အော်လေသမျှ ဗမာ နိုင်ငံရေးသမားတွေ ကျဆုံးမှာဖြစ်ပြီး ။ မွတ်ဆလင်တွေကအော်ခဲ့ရင်တော့ မွတ်ဆလင်နိုင်ငံတွေနဲ့နှိုင်းယှဉ်ချိန်ထိုးတဲ့ တုန့်ပြန်ချေပ မှုတွေကိုရမှာဖြစ်ပါတယ် ။ အင်တာနက် စာမျက် နှာတွေမှာ အဲလို တိုက်ပွဲဖြစ်နေတာ ကာလတာရှည်ခဲ့ပါပြီ ။
(၁၁) ၂၁ ရာ စု ဂျီးဟဒ် နဲ့ မြန်မာအမျိုးသားရေး - ကောလလို့ဆိုချင်ဆို - မွတ်ဆလင် နိုင်ငံရေးသမား တွေ စာရေးသူတွေ အတော် အားကောင်းလာခဲ့ပြီး ဘာသာကိုအမွှန်းတင်တာတွေသိပ်များလာတာ ကိုတွေ့ရတယ် ။ ဌေးလွင်ဦးလိုလူမျိုး - ဦးမောင်မောင်လှလို လူမျိုး - ကိုမြအေးလိုလူမျိုး - ဝေနှင်းပွင့်သုန် လို လူမျိုးတွေ အနေနဲ့ အတွင်းစိတ်က ဘယ်လိုရှိပါတယ်လို့ ရှေ့နေလိုက်ပေးဖို့တောင် ခက်တာက ဘင်္ဂါလီဘက်ကရပ်တည်တာမျိုး ရိုဟင်ဂျာ တိုင်းရင်းသားလုပ်ပြီး တိုင်းရင်းသား အခွင့်အရေး တောင်း တာမျိုး တွေကြောင့် ကာလနဂါး အိပ်သလို အိပ်ပျော်နေတဲ့အမျိုးသားရေး ဘာသာရေး နိုးကြားစိတ်တွေ တဟုန်ထိုးတက်လာခဲ့တာဖြစ်ပါတယ် ။
(၁၂) စနစ်တံကို မီးရှို့သူ - ရခိုင်အရေးမှာဘဲဖြစ်ဖြစ် - မိတ္ထီလာကိစ္စမှာဘဲဖြစ်ဖြစ် မွတ်ဆလင်က စခဲ့တာချည်းဖြစ်နေပါတယ် ။ ဘာသာတိုင်း လူမျိုးတိုင်းမှာ လူကောင်းရှိသလို လူဆိုးလည်းရှိတယ် ဆိုတဲ့ အကြောင်းပြချက် စကားလုံးနဲ့ ၀ါဒဖြန့်ဖြောင့်ဖျဖို့ခက်လှပါတယ် ။ ဖြစ်တိုင်းဖြစ်တိုင်း မွတ်ဆလင် က စနစ်တံမီးရှို့တာချည်းဟာ တိုက်ဆိုင်လွန်းလှပါတယ် ။ နောက်ပြီး ခရိယာန် - ဟိန္ဒူ - နဲ့ ဗုဒ္ဒ ဘာသာ တွေ ဖြစ်လေ့ဖြစ်ထမရှိတာကိုလည်း ထောက်ရှုဆင်ချင်ရပါမယ် ။
(၁၃) အစွန်းရောက် ဆက်သွယ်မှုတွေ - မွတ်ဆလင် စာရေးသူတွေရဲ့ စာတွေထဲက ထွက်လာတဲ့ စကားလုံးတွေအရ ဆက်သွယ်ပတ်သက်မှုတွေကိုလည်း အတော် သံသယပွါးစရာဖြစ်လာစေပါတယ် ။
(၁၄) ဘာသာရေးပြုပြင်ပြောင်းလဲမှု - မွတ်ဆလင်ဘာသာအနေနဲ့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီ ထွေမှု ခက်ခဲတဲ့ ဘာသာရေးစည်းမျဉ်းတွေရှိနေတာကို ၀န်ခံရမှာဖြစ်ပါတယ် ။ အိမ်ထောင်ရေး နဲ့ ဘာသာရေးစည်းမျဉ်းတွေမတူညီတာဟာကျန်ဘာသာတွေအတွက် ပြဿနာမဟုတ်ပေမဲ့ မွတ်ဆလင် အချင်းချင်းသာ အိမ်ထောင်ပြုရမယ်ဆိုတဲ့ကိစ္စရှိနေသမျှ အဲဒီဘာသာရေးစည်းမျဉ်းကို အမှန်တကယ် မပယ်ဖျက်နိုင်သမျှ အိမ်ထောင်ရေးလူမှုရေးပြဿနာအတွက်ပါ မွတ်ဆလင်တွေကို ဆန့်ကျင်ကြပါ လိမ့်မယ် ။
(၁၅) ဥပဒေနဲ့ ကာခြင်း - CIA လို ကြီးမားကျယ်ပြန့်တဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းကြီးတောင် အလွန်နက်နဲစွာကိုင်တွယ်ရတာဖြစ်တဲ့အတွက် မွတ်ဆလင် နှင့် ကျန် ဘာသာဝင်တွေ ၂၁ ရာစုအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ဟာ ဆောင်းတွင်းအိပ်မက်တစ်ခုဖြစ်နေဦးမှာပါဘဲ ။ အဲဒါကြောင့် တင်းကြပ်တဲ့ ကိုင်တွယ်မှုမျိုးအဖြစ် - ဘာသာရေး အဆောက်အဦး သင်တန်း မှန်သမျှကို ပွင့်လင်းမြင် သာဖို့ - လူဝင်မှုကြီးကြပ်ရေးကိစ္စကို အထူးအာရုံစိုက်ဖို့ ပြည်တွင်းနေတွေအနေနဲ့ နိုင်ငံသား နဲ့ ဘာသာ နှစ်ခု နှိုင်းယှဉ်ရင် နိုင်ငံသားဘက်ကို အာရုံစိုက်ဖို့ကိုသာ လုပ်ဆောင်ရင်း အနာဂတ်ပဋိ ပက္ခတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ် ။

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
ရက်စွဲ - ၂၄ - ၃ - ၂၀၁၃ ( တနင်္ဂနွေနေ့ )

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1