Friday, March 15, 2013

မီယိုင်ချီ ရာသီကုန်ထိ မကစားနိုင်မည်ကို ဝီဂန်မန်နေဂျာ စိုးရိမ်နေ

Ever November | 3/15/2013 09:20:00 AM | Best Blogger Tips

ဝီဂန်အသင်း မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က အသင်း၏ တောင်ပံတိုက်စစ်သမား ရိုမီယိုင်ချီ အနေဖြင့် ရာသီကုန်ထိ ကစားနိုင်မည့် အခြေအနေ မရှိမည်ကို စိုးရိမ်ကြောင်း ဝန်ခံ ပြောကြားလိုက်သည်။ အာဆင်နယ် အသင်းမှ ဝီဂန်သို့ အငှားလာရောက် ကစားနေသည့် ဂျပန် လက်ရွေးစင် လူငယ် ကစားသမားလေးသည် FAဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် အဲဗာတန်ကို (၃-၀)ဖြင့် အနိုင်ရခဲ့စဉ်တွင် ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့သည်။ အဲဗာတန် အသင်း၏ တိုက်စစ်မှူး ကီဗင်မီရဲလက်စ်၏ ဖျက်ထုတ်မှုကြောင့် အသက်(၂၀)အရွယ် ကစားသမားသည် ပွဲအပြီးတွင် ချိုင်းထောက်ကို အသုံးပြုကာ ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။ ၎င်းသည် အာဆင်နယ်မှ အငှားရောက်ရှိလာပြီး ကတည်းက ဒဏ်ရာများ၏ ဖိစီးမှုနှင့် ကြုံခဲ့ရပြီး စုစုပေါင်း (၇)ပွဲသာ ဝီဂန်အတွက် ကစားပေးနိုင်ခဲ့သည်။
မာတီနက်ဇ်က "ဖျက်ထုတ်မှုက သိပ်ဆိုးရွားပါတယ်။ ခုတော့ ကျွန်တော်တို့ Scanရလဒ်ကို စောင့်နေရပါပြီ။ ပြောရမယ်ဆိုရင် အကောင်းဘက်က သိပ်မျှော်လင့်စရာတော့ မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ မီယိုင်ချီရဲ့ ပြန်သက်သာလာဖို့ ယူရမယ့် အချိန်က တော်တော်ကြာမယ်လို့ ယူဆထားပါတယ်။ အဆိုးဘက်ကို ပိုပြီး မျှော်လင့်ထားသင့်မှန်း ကျွန်တော် နားလည်ထားတယ်။ တကယ်ဆိုရင် မီယိုင်ချီ ခြေထောက် မကျိုးသွားတာ ကံကောင်းလှပါပြီ။ ဒီလို ဖျက်ထုတ်မှုမျိုးက အဆိုးဆုံးထိ ဖြစ်သွားနိုင်တယ်လေ"ဟု ပြောကြားခဲ့သည်။

၎င်းက "သူ့အရွတ်မှာ တော်တော်လေး ထိသွားတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ သူ့အခြေအနေ ဘာဆက်ဖြစ်မယ် ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ ဒီရာသီမှာ သူပြန်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ သိပ်တော့ မသေချာသေးဘူး"ဟုလည်း မှတ်ချက်ပြုသွားသည်။
Ref: dailymail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1