Friday, March 15, 2013

ဒီနေ့ ...ကျွန်တော်ပြာချင်သော ရင်တွင်းစကား....

Ever November | 3/15/2013 03:30:00 PM | | Best Blogger Tips
ဆန္ဒပြသူတွေကို ကားပေါ်ကနေ ပြန်ကြည့်နေတဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

လက်ပံတောင်းအစီရင်ခံစာနှင့် ပါတ်သက်လို့ ....
အခုကျွန်တော်တို့ တထွေ... လူတချို့ ရဲ့  စိတ်စေတနာကို သိရှိကြပြီဖြစ်တယ်...၊
မြန်မာနိုင်ငံ မြန်မာလူမျိုးများရဲ့  အနာဂါတ်ကို ဖြစ်စေလိုသော သူတို့ စေတနာကိုလဲ...
ထင်ထင်ရှားရှားတွေ့ မြင်ခဲ့ကြရပြီဖြစ်တယ်...၊
ကျွန်တော်တို့ တွေ...ဒီလူတွေကို အထူးသတိထားကြခြင်းနှင့် ကျွန်တော်တို့ တွေ အရင်ထက်
ပိုမိုစည်လုံး ညီညွတ်ကြရမယ်.. ဆိုတာလည်း... သိရှိကြ နားလည်ခဲ့ကြရပြီ....၊
.
အခုဆိုရင်... ဒီဒေသမှ ဒေသခံတွေ... အစီရင်ခံစာကိုလည်း သေသေချာချာမဖတ်ကြတော့...
ဒီအစီရင်ခံစာရဲ့ အနှစ်သာရနှင့် အကျိုးသက်ရောက်မှု အတိမ်အနက်ကိုလည်း သိရှိနားလည်ပုံမပေါ်ဘူး....၊
တဖက်လူတချို့ ရဲ့  ပြောဆို သွန်သင်မှုကိုသာ နားယောင်နေကြနဲ့သဘောဆောင်နေတယ်...၊
.
ဒီဒေသကိုသွားပြီး ဒီဒေသအရေးကို သွားရောက် ကူညီလုပ်ဆောင်နေပါတယ်ဆိုတဲ့ လူတွေရဲ့  လုပ်ရပ်များဟာ...
သူတို့ သည်သာ ဒီဒေသရဲ့ ကယ်တင်ရှင်မျိုးဖြစ်အောင်... ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများဘ၀ကို
ဖျက်စီးနေသယောင် ပုံသွင်းလုပ်ဆောင်နေကြတာတွေ့ ရတယ်...၊
အမှန်တော့...ဒီလိုလုပ်ဆောင်လိုက်ခြင်းဟာ... စကောလောက်မှ ဇောက်မနက်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်...၊
အခုတော့... ဒီလူတွေဟာ လူ့ ပါတ်ဝန်းကျင်ထဲမှာ ထုံးဗူးလို အ၀ကျဉ်းရမဲ့ ဘ၀သို့ ရောက်ခဲ့ရပြီ...
သိကြတယ်မဟုတ်လား... ထုံးဗူးလေ....
အစကတော့ အပေါက်ထဲ လက်ညှိုးထိုးပြီး ထုံးကော်လို့ ရတယ်...
တဖြည်းဖြည်းနှင့် အ၀ကျဉ်းလာပြီး လက်ညှိုးမဆန့် လို့ ... လက်သန်းနှင့်ထိုးပြီး ထုံးကော်ရတယ်...
နောက်တော့..လက်သန်းမဆန့် တော့ဘဲ... နှီးပြားနှင့် ထုံးကော်ရလောက်အောင် အ၀ကျဉ်းလာခဲ့တယ်...၊
ဒါကြောင့်... အသိတရားမရှိတဲ့ လူတွေကို ထုံးဗူးလို အ၀ကျဉ်းမဲ့ လူတွေလို့  ပြောကြတာပေါ့...
အခုအရေးမှာလည်း.... လူ့ ပါတ်ဝန်းကျင်ထဲ ထုံးဗူးလို ဖြစ်ကြရမဲ့ လူတွေ..တွေ့ မြင်ခဲ့ကြရပြီ...။
.
ကျွန်တော်ကတော့... ဒီအစီရင်ခံစာကိုထောက်ခံတယ်...
တိုင်းပြည်အတွက်... ယနေ့ လိုအပ်နေသော... အစဉ်လာကောင်းတခုဖြစ်လို့ ဘဲ ဖြစ်တယ်....၊
ဒီအစဉ်လာကောင်းကို... လက်ပံတန်း စုံစမ်းရေးကိုယ်မရှင်အဖွဲ့ က.... တနိုင်ငံလုံးသို့  ရေမြောင်းပမာ ဖေါက်ချလိုက်
ခြင်းကြောင့်ဖြစ်တယ်...။
.
မြန်မာပြည်အနှံ့ မှာ... တိုင်ပြည်အကျိုးစီးပွား ယိုပေါက်နေသော... ယိုပေါက်များစွာကို ပိတ်ဆို့ နိုင်စေခြင်းနှင့်....
နိုင်ငံအနှံ့ မတရားအနိုင်ကျင့်ခံရခြင်းနှင့် လက်ရှိဘ၀မှ လက်မဲ့ဘ၀ဖြစ်နေကြသော ဘ၀ပျက်ပြည်သူများအတွက်....
မျော်လင့်စရာလမ်းစပေါ်လာခြင်းကြောင့်ဖြစ်တယ်.....၊
ဒါကြောင့် အခုအစီရင်ခံစာသည်... လက်ပံတန်းတောင် အရေးတခုအတွက်မဟုတ်ဘဲ.... တနိုင်ငံနိုင်ငံအရေးကို....
လွှမ်းခြုံထုတ်ပြန်တာဖြစ်လို့ .... တိုင်းပြည်အကျိုးနှင့် ပြည်သူများဘ၀အကျိုးကို မျော်တွေးသူတိုင်း....
ထောက်ခံကြမည်သာဖြစ်တယ်....၊
.
ဒီ လက်ပံတန်း အစီရင်ခံစာကို ဖျက်လို ဖျက်စီးနှင့် ဝေဖန်ပုတ်ခတ်... တိုက်ခိုက် ပြောဆိုနေကြခြင်းဟာ...
မြန်မာပြည်အနှံ့ မှာ... ဒီအခွင့်ရေးမျိုးကိုတောင်းဆိုနေကြသော.... အဖိနှိပ်ခံ ဘ၀ပျက်ပြည်သူများရဲ့  အရေးကို
မျက်ကွယ်ပြုလိုသော လုပ်ရပ်မျိုးသာ ဖြစ်ကြလိမ့်မယ်...၊
.
တကယ်လို့ .... ဒီလူတွေမှာ... ဒီလက်ပံတန်းတောင်အရေးမက... မြန်မာပြည်အနှံ့ ဖြစ်ပျက်နေသော အရေးအားလုံးကို
ဒီ လက်ပံတန်း အစီရင်ခံစာမျိုးထက်...ကောင်းမွန်သော နည်းလမ်းမျိုးရှိခဲ့ရင်...ချပြကြပါ...၊
ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ခဲ့သော လုပ်ရပ်မျိုးထက်... ကောင်းမွန်စွာ အကျိုးဖြစ်ထွန်းမယ်ဆိုရင်...
ကျွန်တော်တို့ လဲ.... အပြောမဟုတ်ဘူး ဘ၀တခုလုံး ပုံပေးပြီး... ပူးပေါင်းပေးပါ့မယ်....၊
.
ကျွန်တော်တို့ လည်းလိုက်ကြည့်နေတယ်.... ဒေါ်အောင်ဆန်းစုကြည်ထက် ကောင်မွန်းသော ဦးဆောင်မှု့ အကျိုးပြုမှု
ပေးနိုင်သူတွေကို.... တယောက်မှ မတွေ့ ရသေးဘူး....
ဒီနေရာတွေမှာ ပြောနေသူတွေကိုတော့ တွေ့ ရတယ်... ဒါပေမဲ့ သူတို့ ပြောသလို လုပ်ဆောင်ထားမှုများကို ချခင်းပြပြီး...
ပြည်သူများကို ပူးပေါင်းလာအောင်... စည်းရုံး လုပ်ဆောင်တာ တခုမှမတွေ့ ရဘူး....၊
.
ကျွန်တော်တို့ နိုင်ငံမှာ.... မိုးတွင်းကာလ... ချောင်းဘေး ကန်ဘေးမှာ သစ်ရွက်ဆွေးအောက်ခိုလှုံပြီး အသံကျယ်ကျယ်
အော်နေကြသော ဖါးများလိုဖြစ်တယ်.... အရွယ်ကတော့ လက်မလောက်ဘဲရှိတယ်.... အသံကတော့ကျယ်ပါ့....၊
.
ကျွန်တော်တို့ တွေ..ကျွန်တော်တို့ လေးစားတန်ဖိုးထားသော ခေါင်ဆောင်ရဲ့ လုပ်ဆောင်နေတဲ့ မြင်ကွင်းတွေကို
တွေ့ မြင်ရတတာ... အရင်ထက် ပိုမိုလေးစားပြီး တန်ဖိုးထား ချစ်မြတ်နိုးမှုတွေက... ရင်ထဲမှာ အစိုင်အခဲပမာ
ကြီးထွားလာစေခဲ့တယ်....။
.
အခု...ခေါင်းဆောင်ကြီးရဲ့  ကြီးမြတ်သော စေတနာ..မေတ္တာတွေနှင့် ရဲရင့်သောစိတ်ထားအပြည့်နှင့် ပြည်သူတွေကြား...
ရပ်တည် လုပ်ဆောင်နေခြင်းများဟာ....
တချိန်က... ကမ္ဘာ့သတင်းအဖြစ်... တီဗွီမျက်နှာပြင်ပေါ်... သတင်းစာတွေပေါ်မှာ... ပုံရိပ်အဖြစ်ထင်းရှားခဲ့သော...
အတိတ်မှ အကြောင်းတရာတခု တရိပ်ရိပ်ပေါ်လာစေခဲ့တယ်....၊
.
ကြာခဲ့ပါပြီး.... ၂၀၀၃ နှစ်အပိုင်းလားလို့  တိတိကျကျမပြောနိုင်တော့ဘူး... ကြာတော့ကြာခဲ့ပြီ...
ပြည်ပနေထိုင်ကြသူများအဖို့ ... အားလုံးသူမြင်တွေ့ ခဲ့တယ်....
အကြောင်းက.... နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက်... အစ္စရေးမှ... တရားမ၀င်မြေနေရာသိမ်းပြီး... အခြေချ အိမ်တွေဆောက်လုပ်နေထိုင်နေကြသော... နေရာတချို့ မှ အိမ်တွေကို ဖျက်သိမ်းမှာဖြစ်လို့ ...
နေထိုင်သူတွေအားလုံး ပြောင်းရွှေ့ ပေးရေး အကြောင်းဘဲဖြစ်တယ်...၊
အမိန့် ပေးသူကတော့ အစ္စရေးဝန်ကြီးချုပ် Ariel Sharon ဖြစ်တယ်...၊

Ariel Sharon သမိုင်း အကြောင်းကတော့ အထွေအထူးရှင်းပြစရာ လိုမည်မဟုတ်ပါ...
သူ့ လူမျိုးကို ဘယ်လောက် ချစ်ချစ်.... တမျိုးသားလုံးအကျိုးနှင့် သက်ဆိုင်လာတော့.....
အများအကျိုးကို ဦးစားပေးခဲ့တယ်...၊
နှစ်နိုင်ငံငြိမ်းချမ်ရေးအတွက်.... ဒီအခြေချအိမ်တွေကို ဖယ်ရှားပေးဖို့ ဆုံးဖြတ်ခဲ့တယ်....၊
အိမ်အလုံးပေါင်းတော်တော်များတယ်... ၃၀၀ ကျော်လောက်ရှိမယ်ထင်ပါတယ်...
ဒီအိမ်တွေက လူတွေကို မြန်မာအစိုးရလို  တာဝန်ယူဆောင်မှုမရှိဘဲ.. အတင်းမောင်းချတာမဟုတ်ဘူး...
သင့်တင့်ကောင်းမွန်သော နေရာမှာ... အခြေချနေထိုင်နိုင်အောင် လုပ်ဆောင်ပြီး ပြောင်းရွှေ့ ခိုင်းခြင်းသာဖြစ်တယ်...၊
ဒါပေမဲ့... နေထိုင်သူတွေက မပြောင်းရွေ့ ကြလိုဘူး.... ပယ်ကပ်နေထိုင်ကြတယ်....၊
အစိုးရလည်း နောက်ဆုံးပြောင်းရွေ့ ရမဲ့ အချိန်ကိုပေးထားတယ်... ဒါပေမဲ့ မပြောင်းရွှေ့ ကြဘူး....၊
နောက်ဆုံးသတ်မှတ်ရက်ကုန်တော့... စစ်တပ်ကိုအမိန့်ပေးပြီး စစ်ကားကြီးတွေနှင့် မိသားစုအလိုက်တင်ဆောင်ပြီး...
ပြောင်းရွှေ့ ပေးရန် အမိန့်ပေးတယ်....၊
စစ်သား..စစ်သမီးတွေကလည်း တအိမ်ဝင် တအိမ်ထွက်နှင့်... လူတွေကို ဖမ်းချီပြီး ကားပေါ်တင်ကြတယ်...၊
လူတွေကလည်း ရရာကိုဆွဲခိုပြီး ဖက်တွယ်ထားကြတယ်.... ငိုကြ..အော်ကြ ဆူညံနေကြတယ်....
စစ်သား... စစ်သမီးတွေကလည်း အမိန့် အရလုပ်ဆောင်ရပေမဲ့... သူတို့ လူမျိုးတွေ ငိုကြတော့... သူတိုလည်း ငိုကြ...၊
စစ်သား... စစ်သမီးတွေ .. ငိုယိုပြီး မျက်ရည် စက်လက်တွေနှင့် မိသားစုတွေရဲ့  အိမ်ထောင် ပစ္စည်းများတွေကို....
ကားပေါ်သို့ ထမ်းတင်နေကြတဲ့... မြင်ကွင်းတွေက... ကျွန်တော်လဲ ကြည့်နေရင်း မျက်ရည်တွေလိမ့်ကျခဲ့ရတယ်...၊
.
ပြောင်းရွှေ့ ခံရတဲ့ လူတွေဟာ ၀န်ကြီးချုပ် Ariel Sharon ကို အကြီးအကျယ် ဒေါကန်ခဲ့ကြတယ်...
အလွန်တရာ မကြေနပ်မှုများနှင့် ဆူညံနေကြတယ်...၊
ဝန်ကြီးချုပ် Ariel Sharon အနေနှင့် တတိုင်ပြည်လုံးအရေးနှင့် သက်ဆိုင်လို့  လုပ်ဆောင်ခဲ့ရပေမဲ့...
သူ့ ပြည်သူတွေရဲ့  ခံစားမှုကို နားလည် စာနာတယ်...၊
ဝန်ကြီးချုပ်က အကြီးအကျယ်ဒေါကန်နေကြသော.... ပြည်သူများရှိရာကို သွားပြီး... ခုံပေါ်မှာ တက်ထိုင်ပေးတယ်...၊
ပြောကြစမ်း... ခံစားမှုအားလုံးကို သူ့ ကိုပြောကြဆိုပြီး... ခုံပေါ်မှာထိုင်နေတယ်...
ဒေါကန်နေကြတဲ့ ပြည်သူတွေကလည်း လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောကြ ဆိုကြတာ မျိုးစုံ....မျိုးစုံ...
ဒေါကန်ပြီးပြောသူလဲပြော... ငိုသူတွေကငို.....
ဝန်ကြီးချုပ် တခွန်းမှ ပြန်မပြောဘူး... စိတ်ထဲမှာ ခံစားသလောက်ပြောကြစမ်းဆိုပြီး ထိုင်ပေးနေတယ်....၊
သို့ သော်လည်း.....
အစ္စရေးစစ်သူရဲကောင်းကြီး ၀န်ကြီးချုပ် Ariel Sharon မျက်ရည်တွေ စီးကျနေခဲ့တယ်...၊
.
မနေ့ က... ကျွန်တော်တို့ လေးစား တန်ဖိုးထားသော ခေါင်းဆောင်ကြီး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေဟာ...
အစ္စရေး စစ်သူရဲကောင်းကြီး ၀န်ကြီးချုပ် Ariel Sharon ရဲ့  အဖြစ်နှင့် တူလိုက်တာလို့ ... မျက်ရည်ကျခဲ့ရတယ်....၊
လေးစားထားမှုတွေ.... တန်ဖိုးထားမှုတွေ... ချစ်မြတ်နိုးမှုတွေ....
ခေါင်းဆောင်ပီသမှုဆိုတဲ့ အသိမှတ်ပြုမှုတွေဟာ... နှလုံသားရင်ပြင်ပေါ်မှာ... ကဗျဉ်းထပ်ထပ်ထိုးခဲ့ရတယ်...၊
.
( ခွပ်ဒေါင်းအော်သံ )

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1