Friday, March 15, 2013

ဆိုက်ဘာတိုက်ခိုက်မှုများက အယ်လ်ကေးဒါးများထက် အမေရိကန်လုံခြုံရေးကို ပိုမို ခြိမ်းခြောက်နေ

Ever November | 3/15/2013 09:07:00 AM | Best Blogger Tips

ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ဆိုက်ဘာသူလျှို လုပ်ခြင်းသည် အမေရိကန်နိုင်ငံ၏ လုံခြုံရေးအတွက် အယ်လ်ကေးဒါးနှင့် အခြား စစ်သွေးကြွများထက် ပိုမို အန္တရာယ်ပြု ခြိမ်းခြောက်နေကြောင်း အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အကြမ်းဖက်မှု၊ ဒုစရိုက်မှု၊ အစုအလိုက် အပြုံလိုက် ဖျက်ဆီးနိုင်သော လက်နက်များ တဟုန်ထိုး တိုးပွားလာခြင်းများထက် ပါဝါဂရစ်ဒ်၊ ပို့ဆောင်ရေး အချက်အချာ နေရာများနှင့် ဘဏ္ဍာရေး ကွန်ရက်များ အပါအ၀င် အမေရိကန် အခြေခံ အဆောက်အအုံများကို ပြည်ပမှ ဆိုက်ဘာတိုက်ခိုက် ခြိမ်းခြောက်မှု များပြားလာခြင်းသည် အိမ်ဖြူတော်အတွက် အဓိက စိုးရိမ်စရာ ဖြစ်လာကြောင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့၏ ကမ္ဘာ့ ခြိမ်းခြောက်မှုများ နှစ်ပတ်လည် သုံးသပ်ချက်အရ သိရသည်။ ယင်းသို့ အမေရိကန် စီးပွားရေး လုပ်ငန်းများနှင့် အဖွဲ့အစည်းများကို ဆိုက်ဘာ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် တရုတ်စစ်တပ် ရှိနေသည်ဟု အမေရိကန် အမတ်များက သံသယ ရှိနေသည်။ နယူးယောက်တိုင်းမ်နှင့် အခြား အမေရိကန် မီဒီယာများက တရုတ်နိုင်ငံမှ ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်လာရကြောင်း သတင်းများ ဖော်ပြခဲ့ပြီး အမေရိကန် လွှတ်တော်နှင့် သက်ဆိုင်သော တင်ပြချက် တစ်ရပ်တွင် တရုတ်နိုင်ငံအား ဆိုက်ဘာစစ်ပွဲတွင် ခြိမ်းခြောက်မှု အပြင်ထန်ဆုံးအဖြစ် အမည်တပ်ခဲ့သည်။ 
(အေအက်ဖ်ပီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1