Friday, March 15, 2013
အာဒမ်ရယ်၊ ဧဝရယ်၊ ဒသရယ်ဇာတ် လမ်းပုံစံမျိုး နောက်တစ်ကား ထပ်ရိုက်မယ့် ဒါရိုက်တာဝိုင်း
Ever November | 3/15/2013 03:53:00 PM |
အနုပညာ
ပရိသတ်ကြားမှာ အောင်မြင် ကျော်ကြားခဲ့တဲ့ အာဒမ်၊ ဧဝ၊ ဒသဇာတ် ကားပုံစံမျိုး နောက်ထပ် ရိုက်ကူးဖို့ ရှိပြီး အာဒမ်၊ဧဝ၊ ဒသ (၂) နာမည် နဲ့တော့ ထပ်ပေးမှာ မဟုတ်ကြောင်း တခြား အမည်နဲ့ ရိုက်ကူးမှာ ဖြစ်ကြောင်း၊ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။ အာဒမ်၊ဧဝ၊ ဒသ ဇာတ်ကား ပုံစံ တခြား နာမည် နဲ့ ရိုက်ကူးမယ့် ဇာတ်ကား ကိုတော့ လောလောဆယ် နေတိုး၊ စိုင်းစိုင်း ခမ်းလှိုင်၊ ဖွေးဖွေး တို့နဲ့ ရိုက်ကူးမှာ ဖြစ်ကြောင်း ပြောပါတယ်။
“အာဒမ်၊ဧဝ၊ဒသ (၂) နာမည် နဲ့ ရိုက်ကူးမှာ မဟုတ်ဘူး။ တခြား နာမည်နဲ့ ရိုက်ကူးမှာပါ။ လောလောဆယ် ဇာတ်ညွှန်းက ဒီလကုန်မှပြီးမှာ နောက်နှစ် ဆန်း ပိုင်း လောက် မှ ရိုက်ဖြစ်မှာ။ ဇာတ်ညွှန်းပိုင်း ဆိုင်ရာကို တော့ အတိအကျ ပြောရ ခက်ပါတယ်။ အဲဒီကားရိုက်ဖို့ ကျွန်တော် ကြိုးစား ပြင်ဆင်နေပါတယ်။ ကျွန်တော့် ဘက် ကတော့ ၉၅ ရာခိုင်နှုန်း နီးပါးရအောင် ပြင်ဆင်ထားပါတယ်။ ကျန်တဲ့ အပိုင်းကတော့ ပရိသတ် ကြိုက်ခြင်း၊ မကြိုက်ခြင်းက သူတို့တွေ ရဲ့ ဆန္ဒပေါ်မှာ မူတည် ပါတယ်။ အရင် ကားနဲ့ ပုံသဏ္ဌာန် ကွဲပြားအောင် အများကြီး ကြိုးစား အားထုတ်ပါမယ်” လို့ ပြောပါတယ်။ အခု လော လောဆယ်၂လ နီးပါးလောက် ဇာတ်ကား ရိုက်ကူးမှု နား ထားတဲ့ ဒါရိုက်တာ ဝိုင်းက သင်္ကြန် ပြီးရင်တော့ “ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားကို စတင် ရိုက်ကူးမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါရိုက်တာ ဝိုင်း က ပုံစံ အသစ်ကို သွားမှာ ဖြစ်တဲ့ အတွက် ကိုယ့်ဦးနှောက် ကို အနားပေးချင်တဲ့ အတွက် ရိုက်ကွင်း နှစ်လနားထား ရခြင်း ဖြစ်ကြောင်း ပြောပါတယ်။
တွယ်တာ
Popular Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment