Wednesday, March 27, 2013

အမေရိကန်ကို တိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Ever November | 3/27/2013 10:52:00 AM | Best Blogger Tips
(KCNA သတင်းဌာနက ဖော်ပြခဲ့သည့် မြောက်ကိုရီးယာစစ်သားများ၏ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတစ်ခု)

မြောက်ကိုရီးယားစစ်တပ်သည် တိုက်ပွဲအတွက် အသင့်အနေအထား ပြင်ဆင်ထားပြီဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ဟာဝိုင်ယီကျွန်း၊ ဂူအမ်ကျွန်းတို့ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု နိုင်ငံပိုင် Korean Central News Agency - KCNA မှတစ်ဆင့် မြောက်ကိုရီးယားက ယနေ့ (မတ်လ ၂၆) ခြိမ်းခြောက်ပြောကြားလိုက်သည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် B-52 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းမှုအပေါ် မြောက်ကိုရီးယားက အစောပိုင်းတွင် သတိပေးခဲ့သည်။ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းသော အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်များမှာ နျူကလီးယားဗုံး အသုံးပြုနိုင်ကြောင်း သိရသည်။

Source: Reuters

Planet 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1