Wednesday, March 27, 2013

မတ်လ ၂၅ ရက်နေ့ ညပိုင်းက ပဲခူးတိုင်း အနောက်ပိုင်း ကြို့ပင်ကောက်မြို့ တွင် လူအုပ်စုဖြင့် နေအိမ်၊ဆိုင်ခန်းများကို ဖျက်ဆီးမှုဖြစ်ပွား

Ever November | 3/27/2013 10:17:00 AM | Best Blogger Tips

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ကြို့ပင်ကောက်မြို့တွင် မတ်လ ၂၅ ရက်နေ့ ညအချိန်က မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်၊ဆိုင်ခန်းများကို လူအုပ်စုဖြင့် ဝိုင်းဝန်း ဖျက်ဆီးမူ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် အစ္စလာမ် ဘာသာဝင်များ၏ နေအိမ် ၁၅ လုံးဝန်းကျင်၊ ဈေးဆိုင်ခန်းအချို့၊ မော်တော်ယာဉ် နှစ်စီးနှင့် ဆိုင်ကယ်သုံးစီး ပျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်-ပြည်လမ်း မကြီးပေါ် ရှိ ဗလီကျောင်း တစ်ခုမှာလည်း ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့ မတ်လ ၂၆ ရက်နေ့တွင် အခြေအနေမှာမူ တည်ငြိမ်လျက် ရှိပြီး ဒေသခံလူများ မှာမူ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် ကြို့ပင်ကောက်မြို့နှင့် အနီးဝန်းကျင် မြို့ရွာများ၌လည်း ကောလာဟလ သတင်းများ အမျိုးမျိုး ထွက်ပေါ် လျက်ရှိပြီး ဈေးဆိုင်ခန်းများ ပိတ်သိမ်းထားကြောင်း သိရသည်။

ယခုရက်ပိုင်းများအတွင်း ပဲခူးတိုင်းအနောက်ဘက်ခြမ်းတွင် ဆူပူအကြမ်းဖက်မှုများလုပ်ဆောင်နေ သည့် ဖြစ်စဉ်များ ဆက်တိုက်ရှိနေပြီး မတ်လ ၂၄ ရက်နေ့ညကလည်း အုတ်ဖိုမြို့တွင် ရှိနေသော ဗလီတစ်ခုကို ဖျက်ဆီးရန်အတွက် လူအုပ်စုလိုက် ရောက်ရှိလာသည်ကို ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ တပ်မတော်သားများက တားဆီးနိုင်ခဲ့ကြောင်း အုတ်ဖိုရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။

လတ်တလော အနေဖြင့် ဆူပူအကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းနေသူများကို ဖမ်းဆီး ရမိခြင်း မရှိသေးဘဲ မတ်လ ၂၆ ရက်နေ့ ညပိုင်းမှစတင်ပြီးကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်းအပါအ၀င် ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ မြို့နယ် ငါးမြို့နယ်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ အရာရှိ တစ်ဦးက မတ်လ၂၆ ရက်နေ့ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1