Saturday, April 27, 2013

လီဝင်ဒေါစကီးကို ခေါ်ယူရန် သဘော တူညီထားပြီ ဆိုခြင်းကို ဘိုင်ယန်ငြင်းဆို

Ever November | 4/27/2013 11:00:00 AM | Best Blogger Tips

ရောဘတ် လီဝင်ဒေါစကီးကို ခေါ်ယူရန် သဘော တူညီမှု ရရှိထားပြီ ဆိုသော သတင်းများကို ဘိုင်ယန်မြူးနစ် အသင်းက ငြင်းဆိုလိုက်သည်။
ဘိုင်ယန် အသင်း၏ ဂျာမန် ပြည်တွင်းပြိုင်ဘက် ဘိုရပ်ရှားဒေါ့တ်မန် အသင်းတွင် ခြေစွမ်းပြနေသော ကစားသမားကို ပူပူနွေးနွေး ဘွန်းဒစ်လီဂါ ချန်ပီယံ ဘိုင်ယန် အပြင် ပူပူနွေးနွေး အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ကလည်း စိတ်ဝင်စားနေသည်။ အစောပိုင်းက ပိုလန် လက်ရွေးစင် တိုက်စစ်မှူး၏ အေးဂျင့်က မိမိတို့သည် အသင်း တစ်သင်းနှင့် ကြိုတင် သဘော တူညီမှု ရရှိထားပြီး ရာသီကုန်တွင် ပြောင်းရွှေ့ဖြစ်မည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ သတင်းများက ထိုအသင်းသည် ဘိုင်ယန်ဖြစ်ပြီး ပေါင်စတာလင် သန်း(၂၀) ဝန်းကျင်ဖြင့်ရာသီကုန်တွင်လီဝင်ဒေါစကီးကို ခေါ်ယူလိမ့်မည်ဟု ခန့်မှန်း ဖော်ပြခဲ့ကြသည်။
သို့သော်လည်း ဘိုင်ယန်က အသက်(၂၄)နှစ်ရှိ ကစားသမားနှင့် ပတ်သက်ပြီး မည်သည့် သဘော တူညီမှုမျှ ရှိမနေကြောင်း ပြောဆိုခဲ့သည်။ "ဘိုင်ယန် အသင်းဟာ အဲဒီ သတင်းတွေကို ငြင်းဆိုပါတယ်။ ကျွန်တော်တို့ လီဝင်ဒေါစကီးနဲ့ ဘာစာချုပ် ကိစ္စမှ မပြောထားပါဘူး" ဟု ဘိုင်ယန် အသင်းက ကြေညာခဲ့သည်။ ဒေါ့တ်မန်သည် (၂၀၁၄)ခုနှစ်တွင် အလွတ် ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ် ရနိုင်သည့် အနေအထားကြောင့် ယခု နွေရာသီတွင် လီဝင်ဒေါစကီးကို သေချာပေါက် ရောင်းထုတ်ရဖွယ် ရှိနေသည်။
ဘိုင်ယန်သည် လီဝင်ဒေါစကီး၏ ဒေါ့တ်မန် အသင်းဖော် ဖြစ်သည့် ဂျာမန် လက်ရွေးစင် လူငယ် ကွင်းလယ် ကစားသမား မာရီယို ဂေါ့ဇီကိုလည်း ပေါင်စတာလင် (၃၁.၅)သန်းဖြင့် ဝယ်ယူရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်သည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1