Saturday, April 27, 2013

ဆွာရက်ဇ်အား (၁၀)ပွဲပယ်ခြင်းသည် FA၏ မမျှတမှုဟု ရေနာပြစ်တင်

Ever November | 4/27/2013 10:43:00 AM | Best Blogger Tips

လူးဝစ်ဆွာရက်ဇ်အား ပြင်းပြင်းထန်ထန် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း အတွက် FAကို လီဗာပူးလ် ဂိုးသမား ပီပီရေနာက မမျှမတ ဆက်ဆံသူများ အဖြစ် ဝေဖန်လိုက်သည်။
မန်နေဂျာ ဘရန်ဒန် ရော့ဂျာက FAသည် ပြစ်ဒဏ်ချမှတ်ရာတွင် ဖြစ်စဉ်ထက် လူကို အဓိကထားလေ့ ရှိကြောင်း ပြစ်တင်ခဲ့ပြီးနောက် ယခုအခါ စပိန် လက်ရွေးစင် ရေနာကပါ ဝေဖန်စကား ပြောလာခြင်း ဖြစ်သည်။ ချယ်လ်ဆီး နောက်ခံလူ ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်ကို ပွဲကစားနေစဉ် ကိုက်ခဲ့သည့်အတွက် ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်အား FAက (၁၀)ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ လီဗာပူးလ်သည် အဆိုပါ ဖြစ်စဉ်အတွက် FA၏ အသေးစိတ် လေ့လာစစ်ဆေးမှု မှတ်တမ်းကို ရရှိရန် စောင့်မျှော်နေပြီး အယူခံဝင်သင့် မဝင်သင့် စဉ်းစားသွားမည် ဖြစ်သည်။
ဆွာရက်ဇ်သည် အေဂျက်စ် အမ်စတာဒမ် ကစားသမား ဘဝကလည်း PSVအင်ဒိုဗန် ကွင်းလယ်လူ အော့တ်မန် ဘာကယ်လ်ကို ကိုက်ခဲ့သဖြင့် (၇)ပွဲ ပယ်ခံခဲ့ရဖူးသည်။ ရေနာက "ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဆွာရက်ဇ်ရဲ့ သူငယ်ချင်းလို့ ယူဆထားပါတယ်။ ခုကိစ္စမှာ FAက သူ့ကို ကွဲပြားတဲ့ အခြေအနေနဲ့ ဆက်ဆံခဲ့တယ်လို့ ခံစားရတယ်။ ဒီလောက် ပြစ်ဒဏ်ပြင်းထန်တာ သူဟာ ဥရုဂွေးသား တစ်ယောက်မို့လို့လား၊ အရင်က အလားတူ ပြစ်ချက်ဟောင်း ရှိလို့လား ဆိုတာတော့ ကွဲကွဲပြားပြား မသိဘူး။ ဆွာရက်ဇ်ဟာ သူလုပ်ခဲ့တာ မှားကြောင်း ကောင်းကောင်း သဘောပေါက်ထားပြီးပါပြီ။ အဲဒီအချိန်မှာ (၁၀)ပွဲ ထပ်ပယ်တယ် ဆိုတာကတော့ ကျွန်တော့်အတွက် ယုတ္တိကင်းလွန်းတယ်။ လုံးဝ မမျှတဘူး"ဟု ပြောဆိုခဲ့သည်။

၎င်းက "ဒီလို ဆုံးဖြတ်ချက်မျိုး ချမှတ်သူတွေထဲမှာ ဆွာရက်ဇ်ကို နည်းနည်း မနှစ်မြို့သူတွေ ပါနေလို့လား။ ဒါက ကျွန်တော် မြင်မိတဲ့ လမ်းကြောင်း တစ်ခုပါ။ ကျွန်တော့်အနေနဲ့ ဆွာရက်ဇ် ဘာလုပ်ခဲ့တယ် ဆိုတာကို တရားစီရင်ပြနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြစ်ဒဏ်က အရမ်း မမျှမတ ဖြစ်နေတာတော့ ခံစားမိနေတယ်။ သူဟာ ကိုယ့်အမှားကိုယ် သိနေတဲ့သူပါ။ ကျွန်တော် ပြောခဲ့သလိုပဲ သူက အမှားတစ်ခုတော့ လုပ်ခဲ့မိတယ်။ ဒီအတွက်နဲ့တော့ ခုလို ဆက်ဆံတာမျိုးက လုံးဝဥဿုံ လမ်းကြောင်းလွဲနေတယ် ထင်ပါတယ်" ဟုလည်း ဝေဖန်ခဲ့သည်။
ရေနာက အကယ်၍ ဆွာရက်ဇ်သာ အင်္ဂလန် ဘောလုံးလောကကို စိတ်ကုန်သွားပါကလည်း ၎င်းအတွက် ကစားရန် အသင်းရှားမည် မဟုတ်ဟု မိမိ ယုံကြည်ကြောင်း ဆိုသည်။ "ခုချိန်မှာ သူဟာ လီဗာပူးလ် ကစားသမားပါ။ သူ့အတွက် ဆိုးရွားတဲ့ ကာလတွေ ကြုံခဲ့တယ်။ ဒါက သူ့မိသားစုကိုလည်း သက်ရောက်မှာပဲ။ ဒါပေမဲ့ သူဟာ ကမ္ဘာပေါ်က ဘယ်အသင်းမှာ မဆို ဝင်ကစားနိုင်တဲ့ အရည်အသွေး ရှိတယ်။ သူသာ လီဗာပူးလ်က ထွက်သွားမယ် ဆိုရင်လည်း လိုချင်တဲ့အသင်း ရှားနေမှာ မဟုတ်ဘူး" ဟု ရေနာက ဆက်လက် ပြောကြားသွားသည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1