Saturday, April 27, 2013

ဗြိတိန် ဘောလုံးလောက၏ အကြွယ်ဝဆုံး မန်နေဂျာ အဖြစ် ဖာဂူဆန် ရပ်တည်နေ

Ever November | 4/27/2013 10:36:00 AM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်တွင် အချမ်းသာဆုံး ဘောလုံး မန်နေဂျာ အဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။
ကိုယ်ပိုင် ဘဏ်အကောင့် ငွေကြေးများအပြင် အိမ်နှင့်မြေ ပိုင်ဆိုင်မှုများ၊ အခြားသော ပိုင်ဆိုင်မှု အဝဝ၏ တန်ဖိုးများကို ထည့်သွင်း တွက်ချက်ပြီးနောက် စကော့တလန်သား မန်နေဂျာကြီး၏ စုစုပေါင်း ကြွယ်ဝမှုသည် ပေါင်စတာလင် (၃၄)သန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့ကြောင်း Sunday Time၏ Sport Rich Listတွင် ဖော်ပြထားသည်။ အဆိုပါ တန်ကြေးတွင် ဖာဂူဆန် ပိုင်ဆိုင်သည့် ပြိုင်မြင်းများကိုပါ ထည့်သွင်း တွက်ချက်ခဲ့သည်။ စတုတ္ထအကြိမ်မြောက်အဖြစ် နှစ်စဉ် အားကစားနယ်ပယ်မှ အကြွယ်ဝဆုံး သူများကို ရွေးချယ်ခဲ့ရာ ဘောလုံးလောကမှ မန်နေဂျာများ စာရင်းတွင် စကော့သား မန်နေဂျာကြီးက ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ 
ဒုတိယ နေရာတွင် အစ်ဆွစ်ခ်ျအသင်းနှင့် ဆန်းဒါးလန်း အသင်းတို့တွင် မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် ရွိုင်ကိန်းက ပေါင်စတာလင် (၂၉)သန်းကျော်ဖြင့် ရပ်တည်နေသည်။ ကိန်းသည် ကစားသမား ဘဝက မန်ယူတွင် ဖာဂူဆန် လက်အောက်၌ ကာလရှည်ကြာ ပါဝင်ခဲ့ဖူးသည်။ တတိယ နေရာတွင်မူ အာဆင်နယ် အသင်း၏ သက်တော်ရှည် ပြင်သစ်သားကြီး အာစင်ဝင်းဂါးက ပေါင်စတာလင် (၂၉)သန်း လျော့လျော့ဖြင့် ရှိနေကြောင်း သိရသည်။ အခြား လူသိများသည့် မန်နေဂျာများအနက် QPRအသင်း မန်နေဂျာ ဟယ်ရီရက်နက်ပ်က ပေါင်စတာလင် (၁၃)သန်း၊ ယခင် QPRမန်နေဂျာဟောင်း မာ့ခ်ဟုဂ်ျက ပေါင်စတာလင် (၁၄)သန်း၊ ချယ်လ်ဆီးမန်နေဂျာ ရာဖာဘင်နီတက်ဇ်၊ အင်္ဂလန် အသင်းမန်နေဂျာ ရွိုင်ဟော့ဂ်ဆန်နှင့် ဆန်းဒါးလန်း မန်နေဂျာဟောင်း မာတင်အိုနေးလ်တို့က ပေါင်စတာလင် (၁၂)သန်းစီ အသီးသီး ကြွယ်ဝကြောင်း စာရင်းတွင် ဖော်ပြထားသည်။  
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1