Friday, April 5, 2013

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကင်းထောက်လူငယ်များ တွေ့ဆုံသည့် အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်း

Ever November | 4/05/2013 11:45:00 PM | Best Blogger Tips

 ပြည်သူ့လွှတ်တော်သို့လာရောက်လေ့လာကြတဲ့ ကျောင်းသားလူငယ်၊ကင်းထောက်လူငယ်နှင့်အခြား
တက်ရောက်လာတဲ့ပုဂ္ဂိုလ်အား လုံးမင်္ဂလာ အပေါင်းနှင့်ြ ပည့်စုံပါစေ လို့ ဆုမွန်တောင်းပါတယ်။

အခုလို ပြည်သူ့လွှတ်တော် ကို လာရောက်လေ့လာတဲ့ အတွက် ပြည်သူ့
လွှတ်တော် အနေနဲ့ လေ့လာ သူ မောင်တို့၊ မယ်တို့၊ သားတို့၊ သမီးတို့ ကို
ကြိုဆိုပါကြောင်း ပထမပြောလိုပါတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင်မိမိတို့
ပြည်သူ့လွှတ်တော်ကို အခုလို အလေးထားပြီးတော့ လာရောက်လေ့လာ
ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ဂုဏ်ယူကြောင်း၊ အထူးပင်
ဝမ်းမြောက်ကြောင်း ဒီနေ့ မိမိတို့ရဲ့ လွှတ်တော်ဟာ ပြည်သူများရဲ့ကိုယ်
စားလှယ်များနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြည်သူများရဲ့အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို
ဖြစ်နိုင်သမျှ ဖော်ဆောင် ပေးမယ် ဆိုတဲ့ စေတနာကောင်း နဲ့ ရည်ရွယ်ချက်
ထားရှိပြီးတော့ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ အလျဉ်းသင့်လို့သားတို့၊
သမီးတို့၊ မောင်တို့၊ မယ်တို့ ရှေ့မှာ မိမိတို့ လွှတ်တော်သည် ပြည်သူများ ရဲ့
အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့အကျိုးစီးပွားကို ယခုထက် ပိုမိုတိုးတက်အောင်
ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သားတို့၊ သမီးတို့ရှေ့မှာ ကတိပေး
ပြောကြားလိုပါတယ်။ နိုင်ငံတကာမှာတော့ လွှတ်တော်များဟာ နိုင်ငံများရဲ့
အသက်ဝိဉာဉ်ဖြစ်သလိုနိုင်ငံတော်တည်ဆောက်တဲ့နေရာမှာလွှတ်တော်များရဲ့
အခန်းကဏ္ဍကအရေးကြီးကြောင်းပာကြပါတယ်။ ဒါလည်း မှန်ကန်တဲ့ကိစ္စ
တစ်ခုကို ထုတ်ဖော်ပြောခြင်းပဲဖြစ်ပါတယ်။ဒါကြောင့် မိမိတို့လွှတ်တော်သည်
လည်း နိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံ့တည်ဆောက်ရေးမှာယခုထက်ပိုမိုပြီး
ဆောင်ရွက်နိုင်အောင်မိမိတို့လွှတ်တော်မှာရှိကြတဲ့ပြည်သူ့ကိုယ်စားလှယ်များ
ရဲ့ အရည်အချင်း မြှင့်တင် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း လည်း
ထပ်လောင်း အသိပေးလိုပါတယ်။ ဒီလိုအချိန်မှာ မောင်တို့၊ မယ်တို့၊ သားတို့၊
သမီးတို့အနေနဲ့လည်း ကြုံကြိုက်တုန်း မှာစရာလေးရှိပါတယ်။ မိမိတို့တွေဟာ
မိမိ နိုင်ငံ အပေါ် ချစ်မြတ်နိုးရမယ်၊ သစ္စာ ရှိရမယ်။ ဒီ့ထက် ပိုပြောမယ် ဆိုရင်
မောင်တို့၊ မယ်တို့အားလုံးဟာနိုင်ငံ့သားကောင်းတွေဖြစ်ဖို့လိုပါတယ်။ အဲဒီလို
ဖြစ်အောင်အလိုအလျောက်တော့မဖြစ်နိုင်ဘူး။စိတ်ထားစေတနာနဲ့လေ့ကျင့်မှု
တွေပြုဖို့လိုပါတယ်။ ဘာတွေ လေ့ကျင့်ဖို့ လိုလည်းဆိုရင် စိတ်ဓာတ် ကောင်း
အောင်၊ စည်းကမ်း ကောင်းအောင်၊ အရည်အချင်း ရှိအောင် လေ့ကျင့်ရမှာ
ဖြစ်ပါတယ်။ဘယ်ကိစ္စမဆိုအလကားဘာမှမရဘူး။တစ်ခုခုပေးဆပ်ရပါတယ်။
ရယူချင်တယ်ဆိုလို့ရှိရင်ပေးဆပ်ဖို့လည်းလိုပါတယ်။ ဒါကြောင့်မို့လို့မောင်တို့၊
မယ်တို့ နိုင်ငံ့သားကောင်းဖြစ်အောင်ဆိုရင်တော့၊ နိုင်ငံ့သမီးကောင်း များဖြစ်
အောင်ဆိုရင်တော့ စိတ်ဓာတ်ကောင်းဖို့၊ စည်းကမ်းကောင်းဖို့၊ အရည်အချင်း
ရှိဖို့ကြိုးစားနေရ မှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ မိမိတို့တွေ
သည် အချိန်ကို လေးစားတန်ဖိုးထားဖို့ လည်းလိုပါတယ်။ အလုပ်ကို ကြိုးစား
ပမ်းစားလုပ်ဖို့လည်းလိုပါတယ်။ ထိုနည်းတူစွာပဲ အချင်းချင်း ဆက်ဆံဆောင်
ရွက်တဲ့နေရာမှာပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်
ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အချင်းချင်း တစ်ယောက်ကို
တစ်ယောက် လေးစားပြီး မိမိတို့ ဆောင်ရွက်မယ့်ကိစ္စများကို ညှိနှိုင်းပေါင်း
စပ်ကာ ပူးပေါင်းဆောင်ရွက်နိုင်မှု အလေ့အကျင့်ကောင်း များကို မွေးမြူဖို့
လိုပါတယ်။ အဲဒီနည်းတူပဲ တစ်ဦးနှင့် တစ်ဦးဆက်ဆံတဲ့နေရာမှာ လေးစား
တန်ဖိုး ထားပြီးတော့ မျှမျှတတခွဲခြားမှုမရှိဘဲ ချစ်ခင်ရင်းနှီးစွာ ဆောင်ရွက
်နေဖို့လိုပါတယ်။ ဒါတွေလွှမ်းခြုံပြောလိုက်မယ်ဆိုရင် မောင်တို့၊မယ်တို့ဟာ
နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ပြီး မိမိတို့ရဲ့တစ်ဦးချင်းရဲ့အကျိုးစီးပွား၊
ဒေသရဲ့အကျိုးစီးပွား၊အများရဲ့အကျိုးစီးပွား၊နိုင်ငံတော်ရဲ့အကျိုးစီးပွားကို
ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ အခု မောင်တို့၊မယ်တို့ ကင်းထောက်လူငယ်
များဟာလည်း အခု ဘဘလွှတ်တော်ဥက္ကဋ္ဌ ဆွေးနွေးခဲ့တဲ့အကြောင်းအရာ
တွေပေါ်အခြေခံပြီး ဆောင်ရွက်ထားတဲ့ အဖွဲ့အစည်းတစ်ခုလို့ ဘဘဒီလိုပဲ
ခံယူပါတယ်။ ဒါကြောင့်မို့လို့ အသင်းကြီးရဲ့ ရည်ရွယ်ချက် စေတနာအပေါ်
အခြေခံပြီးတော့ မောင်တို့၊ မယ်တို့ တစ်ဦးချင်းအနေနဲ့သော်လည်းကောင်း
အဖွဲ့လိုက်အနေနဲ့ သော်လည်းကောင်း ကြိုးစားဆောင်ရွက်ရင်း အမိပြည်
ထောင်စုမြန်မာနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆောင်ရွက်တဲ့နေရာ
မှာ မောင်တို့၊ မယ်တို့ဟာ တကယ့် သားကောင်း၊သမီးမွန်များ အဖြစ်နဲ့
ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ ဘဘအနေနဲ့ ဆုမွန်တောင်းရင်း
နိဂုံးချုပ်ပါတယ်။
ပြည်သူ့လွှတ်တော် Facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1