Friday, April 5, 2013

မြောက်ကိုရီးယားအစိုးရ၏ Twitter နှင့် Flickr ကို Hacker များ ထိန်းချုပ်

Ever November | 4/05/2013 11:33:00 PM | Best Blogger Tips
(Flickr တွင် တင်ထားသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို လှောင်ပြောင် သရော်ထား သည့်ပုံ)

အာရှတိုက် အရှေ့ပိုင်းရှိ အထီးကျန်ကွန်မြူနစ် နိုင်ငံသည်စစ်ပွဲအတွက်ကြိမ်းမောင်းမှုများ ပြုလုပ်နေစဉ်တွင် Anonymous Hacker အဖွဲ့က ၎င်းတို့၏ Accountများကို ထိန်းချုပ် သိမ်းယူ သွားခြင်း ဖြစ် သည်။
မြောက်ကိုရီးယား အစိုးရ၏ Twitterနှင့် Flickrရှိ ဝါဒဖြန့် account များကို Hackerများက ထိန်းချုပ်ရယူသွားကြောင်း သိရှိရသည်။ အာရှတိုက် အရှေ့ပိုင်းရှိ အထီးကျန်ကွန်မြူနစ် နိုင်ငံသည် စစ်ပွဲ အတွက် ကြိမ်းမောင်းမှုများ ပြုလုပ်နေစဉ်တွင် Anonymous Hacker အဖွဲ့က ၎င်းတို့၏ Accountများကို ထိန်းချုပ် သိမ်းယူသွားခြင်း ဖြစ်သည်။

ထို့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ မျက်နှာတွင် ဝက်နှာခေါင်းနှင့် နားရွက်များ တပ်ထားသည့် ရွှတ်နောက်နောက် ကာတွန်းပုံကို တင်ထားကာ ဆုငွေထုတ်ထားသည့် ရာဇဝတ်ကောင် ပုံစံမျိုး လှောင်ပြောင်ဖော်ပြထားသည်။

ယင်းပုံနှင့်အတူ "ကမ္ဘာ့ငြိမ်းချမ်းရေးကို ICBM တိုက်ချင်းပစ် ဒုံးကျည်တွေ၊ နျူကလီးယား လက်နက်တွေ နဲ့ ခြိမ်းခြောက်နေသူ၊ ကိုယ့်နိုင်ငံက ပြည်သူတွေ ငတ်သေနေချိန်မှာ ပိုက်ဆံဖြုန်းတီးနေသူ"ဟူသော စာသားကိုပါ ရေးထိုးထားသည်ကို တွေ့ရသည်။ အခြားပို့စ် တစ်ခုတွင်မူ "ကျုပ်တို့ဟာ Anonymousပဲ" ဟုလည်း မည်သူ့လက်ချက် ဖြစ်သည်ကို အသိပေးထားကြောင်း သတင်း များက ဆိုသည်။

မြောက်ကိုရီးယား၏ ဝါဒဖြန့် Uriminzokkri အမည်ရှိ Twitter Accountတွင် Followerပေါင်း (၁၃၀၀၀)ကျော် ရှိနေသည်။ လတ်တလောတွင် အမေရိကန်၊ တောင်ကိုရီးယား နိုင်ငံ များနှင့် မြောက် ကိုရီးယားတို့ကြား ဆက်ဆံရေးတင်းမာဆိုးရွားလာချိန်တွင် ယခု Hacker ပြဿနာပေါ်ပေါက် လာခြင်း ဖြစ်သည်။ မြောက်ကိုရီးယားသည် ၎င်း၏ SocialMedia Accountများကို အသုံးပြုကာ ဝါဒဖြန့်ခြင်း၊ အမေရိကန်ကို ခြိမ်းခြောက် ကြိမ်းဝါးခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

Source: NY Post
Planet Myanmar Network

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1