Friday, May 24, 2013

ကွမ်ပနီကို ပေါင်(၂၆)သန်း ဈေးပေးခေါ်ယူရန် မိုနာကို ဆန္ဒရှိနေ

Ever November | 5/24/2013 04:07:00 PM | Best Blogger Tips

မိုနာကို အသင်းသည် မန်ချက်စတာ စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့် ကွမ်ပနီကို ပေါင်စတာလင် (၂၆)သန်းဖြင့် ဝယ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။

အသင်းကို ငွေကုန်ကြေးကြ အလုံးအရင်း အသုံးပြု တည်ဆောက်ရန် စီစဉ်နေသည့် ပြင်သစ် တန်းတက် ကလပ်အသင်းသည် အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအိုကို ချိတ်ဆက်နေပြီး ယခုတစ်ဖန် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုခံစစ်မှူးထံ ဦးလှည့်လာခြင်း ဖြစ်သည်။ မန်စီးတီး အနေဖြင့် အစ်တီဟတ်မှ ကွမ်ပနီ ထွက်ခွာ မသွားနိုင်ရေးအတွက် ကြံ့ကြံ့ခံ ကြိုးပမ်းရဖွယ် ရှိနေသည်။ ကွမ်ပနီ အနေဖြင့် မန်နေဂျာ ရောဘတ်တို မန်စီနီ ရာထူးမှ ထုတ်ပယ် ခံရသည့်နောက် အသင်း၏ ရှေ့အလားအလာကို စောင့်ကြည့်နေဆဲ ဖြစ်သည်။
မိုနာကိုသည် လာမည့်ရာသီ ပြင်သစ် လီဂူးဝမ်းတွင် အားကောင်းမောင်းသန် ယှဉ်ပြိုင်ရန်အတွက် အသင်းအင်အားကို အလုံးအရင်း တည်ဆောက်နေပြီး ပေါ်တိုမှ တောင်ပံတိုက်စစ်သမား ဂျိမ်းစ်ရိုဒရီဂွတ်ဇ်နှင့် ကွင်းလယ်လူ ဂျိုအို မော်တင်ဟိုတို့ကိုလည်း ချိတ်ဆက်နေဆဲ ဖြစ်သည်။ မိုနာကိုအသင်း လက်ထောက်နည်းပြ ဂျင်းပီတစ်က မိမိတို့ အနေဖြင့် ဖယ်လ်ကာအိုအပြင် အရည်အသွေး အမြင့်မားဆုံး ကစားသမား နောက်ထပ် သုံးလေးဦး ထပ်မံ ဝယ်ယူမည်ဖြစ်ကြောင်း ယခင်ကတည်းက အတည်ပြု ပြောဆိုထားသည်။

မိုနာကိုသည် ရုရှား ဘီလျံနာ သူဌေးကြီး ဒီမီထရီ ရိုင်ဘိုလိုလက်ဗ်၏ ကျောထောက်နောက်ခံ ဓနအင်အားဖြင့် ကစားသမားသစ်များ ဖြည့်တင်း ဝယ်ယူနေခြင်း ဖြစ်သည်။ ၎င်းသည် Forbes မဂ္ဂဇင်း၏ လေ့လာမှု စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် အဆင့်(၁၉၉)၌ ရပ်တည်လျှက်ရှိသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1