Friday, May 24, 2013

ဒိုင်မီယိုနှင့် ဆိုဒါဒိုတို့အနက် တစ်ဦးဦးကို ဝယ်ယူနိုင်ရန် စပါးမျှော်လင့်

Ever November | 5/24/2013 03:30:00 PM | Best Blogger Tips

တော့တင်ဟမ် ဟော့စပါး အသင်းသည် ၎င်းတို့ ကာလရှည်ကြာ ပစ်မှတ် ထားနေသည့် တိုက်စစ်မှူးကောင်း တစ်ဦး ဝယ်ယူရေး စီမံကိန်းကို ယခု နွေရာသီတွင် လက်တွေ့ အကောင်အထည် ဖော်ဖွယ် ရှိနေသည်။
လန်ဒန် ထိပ်တန်း ကလပ် အသင်းသည် လီယန်ဒရို ဒိုင်မီယိုနှင့် ရောဘတ်တို ဆိုလ်ဒါဒိုတို့အနက် တစ်ဦးကို အရ ဝယ်ယူနိုင်ရေး ကြိုးပမ်းမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။ ဗလန်စီယာ အသင်း၏ စပိန် လက်ရွေးစင် ဆိုလ်ဒါဒိုကို စပါး မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်က မျက်စိကျလျှက် ရှိသည်။ အင်တာနေစီယွန်နယ်လ်မှ ဘရာဇီးလ် လက်ရွေးစင် ဒိုင်မီယိုမှာမူ ဝှိုက်ဟတ်လိန်း၏ ရေရှည် စောင့်ကြည့်ခြင်းကို ခံနေ ရသူလည်း ဖြစ်သည်။ အီမန်နျူရယ်လ် အဒီဘာယော၏ အနေ အထားကို ကျေနပ်မှု မရှိသည့် စပါးအသင်း အနေဖြင့် တိုက်စစ်မှူးသစ် တစ်ဦး အတွက် ကြိုးပမ်း နေခြင်းလည်း ဖြစ်ကြောင်း သိရသည်။
စပါးတွင် ကွင်းလယ် ကစားသမားများဖြစ်သည့် စကော့ပါကားနှင့် တွမ်ဟက်ဒယ်လ်စတုန်းတို့ နှစ်ဦးမှာမူ အသင်းမှ ထွက်ခွာရန် အသင့်ဖြစ်နေသည်။ ဘိုအာ့စ် အနေဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော် ခဲ့သည့်နောက် အသင်းကို ပုံစံသစ်ဖြင့် ပြင်ဆင်ဖွဲ့စည်းရန် လုပ်ဆောင်နေပြီး တိုက်စစ်ပိုင်းတွင် ပိုမိုထက်မြက် တိကျသော ဂိုးသွင်း စွမ်းရည် ရှိသူများကို ချိတ်ဆက်နေခြင်း ဖြစ်သည်။ စပါး အနေဖြင့် အဓိက ကစားသမားဖြစ်သော တောင်ပံလူ ဂါရတ်သ်ဘေးလ်ကို ဆက်ထိန်းရေး အတွက်လည်း လုပ်ဆောင်လျှက် ရှိသည်။ ဘေးလ်ကိုယ်တိုင် အနေဖြင့်လည်း ချန်ပီယံလိဂ် ကစားခွင့် မရခဲ့သည့်တိုင် အသင်းနှင့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၅၀၀၀၀)တန် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 
Ref: Guardian
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1