Friday, May 24, 2013

အမြန်လမ်းမပေါ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းသောယာဉ် အစီး(၈၀၀)ကျော်ရှိနေ

Ever November | 5/24/2013 04:23:00 PM | Best Blogger Tips
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ်၌ သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သောယာဉ်ဖမ်းဆီးရမှု အရေအတွက်နှစ်လအတွင်း (၈၀၀)ကျော်ရှိပြီး အများစုမှာ အိမ်စီးကားများဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။
 
အများစုကတော့ ဇိမ်ခံကားတွေများတယ်၊ ဘတ်စ်ကားတွေနည်းနည်းပဲပါတယ် ဒါတောင်ကျွန်တော်တို့ နေတိုင်း မဖမ်းဘူး၊ ညဘက်တွေ မဖမ်းဘူး ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲမှ ဒုရဲအုပ်စိုးဝင်းကပြောသည်။
 
သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော ယာဉ်များအား ဧပြီ (၁)ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခဲ့သည့် အကြိမ်မှာ (၂၇)ကြိမ်ရှိပြီဖြစ်ကြောင်း ဦးစိုးဝင်းထံက သိရသည်။ 
 
သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင့်သော ယာဉ်များကို မောင်းနှင့်သူများမှာ အများအားဖြင့် အသက်သုံးဆယ် ကျော် အရွယ်ရှိ ယောက်ျားလေးများဖြစ်ကြောင်း ဦးစိုးဝင်းက ဆက်ပြောသည်။
 
သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအား ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ငွေ ကျပ်(၃၀၀၀၀)မှ
ကျပ် (၅၀၀၀၀)ထိ ဒဏ်ရိုက်နိုင်ကြောင်းကိုလည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ ရဲမှူးထံကသိရသည်။
 
အမြန်လမ်းမကြီးရဲတပ်ဖွဲ့အနေဖြင့် သတ်မှတ်မိုင်နှုန်းထက်ပိုမိုမောင်းနှင် သောယာဉ်များကို ပညာပေးကာလ အဖြစ် ဖေဖော်ဝါရီလမှ မတ်လကုန်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။
 
အမြန်လမ်းမကြီးမှာ ကွန်ကရစ်လမ်းဖြစ်သောကြောင့် သဲများလမ်းပေါ်ရောက်လျှင် စလစ်ဖြစ်တက်သဖြင့် ကားကီလိုမီတာအား မကြာခဏပြန်ကြည့်သင့်ကြောင်း ခရီးသွားတစ်ဦးက ဆိုသည်။
 
အရင်လမ်းအဟောင်းနဲ့ အခုလမ်းနဲ့ဆိုရင် အရင်လမ်းအဟောင်းက ဘေးမှာသစ်ပင်တွေဘာတွေရှိတော့
ကိုယ်မောင်းနေတာ ဘယ်အရှိန်လည်းဆိုတာ မှန်းလို့ရတယ်၊ အခု လမ်းသစ်ကျတော့ ဘေးမှာဘာမှမရှိဘူး
အောက်ငုံ့ကြည့်လိုက်တော့မှာ (၁၂၀) (၁၃၀) တွေဖြစ်နေတယ်၊ ပြီးတော့ လမ်းသစ်က အကွေ့တွေများတယ်
ကိုယ်က မောင်းနေတာမမြန်ဘူးထင်ပေမဲ့ အကွေ့တွေမှာ ကွေ့လိုက်ရင် ကားကလူးသွားတယ်၊ ပြီးတော့
သဲတွေတင်နေတော့ပိုဆိုးတယ်၊ အမြန်လမ်းမကြီးမှာ ကားမောင်းနေရင်းနဲ့ ကိုယ့်ကားရဲ့ ကီလိုမီတာကို မကြာခဏ ပြန်ကြည့်သင့်တယ်။ ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။
 
အမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ထားသောမိုင်နှုန်းများမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားခြင်းဖြစ်ပြီး အချို့နေရာတွင် တစ်နာရီလျှင် ကီလိုမီတာ (၁၀၀)နှုန်း အချို့နေရာတွင် တနာရီလျှင် ကီလိုမီတာ (၆၀)နှုန်း အသီးသီး  သတ်မှတ်ပေးထားသည်။
 
ရန်ကုန်-အမြန်လမ်းမကြီးပေါ်၌ မေ(၂၀)ရက်၊ ၂၀၁၂ ခုနှစ်မှ မတ်(၁၁)ရက်၊ ၂၀၁၃ ခုနှစ်ထိ ယာဉ်တိမ်းမှောက်မှု(၁၄၁) ကြိမ်နှင့် သေဆုံးသူ (၆၉) ဦးထိရှိခဲ့ပြီး၊ ထိခိုက်သူ (၃၀၄)ဦးရှိခဲ့သည်။တိမ်းမှောက်မှုများမှာ ယာဉ်အားအရှိန်ပြင်းစွာမောင်းနှင်မှု၊ ယာဉ်မောင်းသူအိပ်ငိုက်မှု၊ မူးယစ်သောက်စားမောင်းနှင်မှုနှင့် ယာဉ်ချွတ်ယွင်းမှုတို့ဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ကြေငြာချက်အရသိရသည်။
 
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရှိန်တိုင်းကိရိယာ(Redflex Traffic System-Myanmar Mobile TrafficRader System) အား ဆောက်လုပ်ရေးဝန်ကြီးဌာမှဝယ်ယူထားခြင်းဖြစ်ပြီး ထိုစက်နှစ်လုံးကို သြစတေးလျနှင့်မလေးရှားတို့မှ တင်သွင်းလာခြင်းဖြစ်ကြောင်းသိရသည်။

ကောင်းမြတ်ဖြိုး ( မြစ်မခ ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1