Friday, May 24, 2013
တရုတ်နှင့် အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပမည်
Ever November | 5/24/2013 03:41:00 PM |
နိုင်ငံတကာသတင်း
အမေရိကန်နှင့် တရုတ်သမ္မတ နှစ်ဦးတို့သည် ၄င်းတို့၏ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယား၌ဇွန်လအတွင်း ဆွေးနွေးမည်ဟု နှစ်နိုင်ငံလုံးက ကြေညာသည်။ ဘားရက်အိုဘားမားနှင့် ရှီကျင့်ဖျင်တို့သည် ရင်ချိုမိုင်းရေ့ အပန်းဖြေမြို့ရှိ စံအိမ်တော်တွင် ဇွန် ၇ ရက်နှင့် ၈ ရက်တွင် တွေ့ဆုံကြမည်ဖြစ်သည်ဟု အမေရိကန်က ကြေညာချက် ထုတ်ပြန်သည်။ ဆွေးနွေးကြမည့် ခေါင်းစဉ်များတွင် မြောက်ကိုရီးယား၊ ဆိုင်ဘာသူလျှိုလုပ်မှု၊ တောင်တရုတ်ပင်လယ်ပြင်တွင် တင်းမာမှုနှင့် ဆီးရီးယားအရေးတို့ ပါဝင်ဖွယ်ရာရှိသည်။ ဤဆွေးနွေးပွဲသည် တရုတ်နိုင်ငံ၏ သမ္မတအဖြစ် မစ္စတာရှီကျင့်ဖျင် တာဝန်ထမ်းဆောင်ချိန်မှစ၍ သမ္မတနှစ်ဦးအကြား ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။
(ဘီဘီစီ)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment