Friday, May 24, 2013

လီဗာပူးလ်သို့ သွားရောက် ပူးပေါင်းချင်ကြောင်း ဘီဂိုဗစ်ဝန်ခံ

Ever November | 5/24/2013 03:47:00 PM | Best Blogger Tips

မိမိအနေဖြင့် လီဗာပူးလ် အသင်းနှင့် ပူးပေါင်းခွင့်ရရန် စိတ်ကူးယဉ်နေမိကြောင်း စတုတ်ခ်စီးတီး ဂိုးသမား အက်စ်မာ ဘီဂိုဗစ်က ထုတ်ဖော် ဝန်ခံခဲ့သည်။

မန်နေဂျာ တိုနီပူးလစ်ကို အသင်းက ထုတ်ပယ်ခဲ့ပြီးနောက် ဆာဘီးယား ဂိုးသမား အနေဖြင့်လည်း ဘရစ်တနီယာ ကွင်းကြီးကို စွန့်ခွာရန် ပိုမို နီးစပ်လာခဲ့သည်။ လီဗာပူးလ် အနေဖြင့် စပိန်လက်ရွေးစင် ဂိုးသမား ပီပီရေနာကို ရောင်းထုတ်သွားရန် ဆန္ဒရှိနေပြီး လူသစ်တစ်ဦး အစားထိုးရန် စဉ်းစားနေရာ ပရီးမီးယားလိဂ်၏ လက်စွမ်းအတည်ငြိမ်ဆုံး ဂိုးသမား တစ်ဦးဖြစ်သော ဘီဂိုဗစ်ကို မျက်စိကျနေသည်။ စတုတ်ခ်က ပေါင်စတာလင် (၁၅)သန်း ဈေးနှုန်း သတ်မှတ်ထားသည့် ဂိုးသမားကို အာဆင်နယ်နှင့် မန်ချက်စတာ ယူနိုက်တက် အသင်းများကလည်း စောင့်ကြည့်ခဲ့ဖူးသည်။
အသက်(၂၅)နှစ်ရှိ ဘီဂိုဗစ် ကိုယ်တိုင်ကမူ အန်းဖီးလ်တွင် ကစားသမားဘဝ ရှေ့ဆက်ရန် မျှော်လင့်မိကြောင်း ဝန်ခံထားသည်။ "ဇူလိုင်လ (၁၀)ရက်နေ့လောက်မှာ လီဗာပူးလ် ကစားသမားတွေ အားလုံးနဲ့အတူ ရာသီကြို ပြင်ဆင်မှုတွေ လုပ်ဆောင်နေချင်ပါတယ်"ဟု ဘီဂိုဗစ်က ဆိုသည်။ စတုတ်ခ်အသင်းသည် အသက်(၂၀)အရွယ် ဘာမင်ဂမ်စီးတီး ဂိုးသမားလေး ဂျက်ဘတ္တလန်ကိုလည်း ရာသီကုန်တွင် ဝယ်ယူရန် သဘောတူညီမှု ရရှိထားရာ ဘီဂိုဗစ် အနေဖြင့် အသင်းမှ မဖြစ်မနေ ထွက်ခွာရမည့် အနေအထားသို့ ပိုမိုဦးတည်လာခဲ့သည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1