Friday, May 24, 2013

မြန်မာ့စီးပွားရေး ၆ ဒသမ ၇၅ ရာခိုင်နှုန်း တိုးနိုင်ဟု IMFခန့်မှန်း

Ever November | 5/24/2013 03:57:00 PM | Best Blogger Tips

မြန်မာနိုင်ငံစီးပွားရေးသည် ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၇၅ရာခိုင်နှုန်းခန့် တိုး လာနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ မေ ၂၂ ရက် ထုတ်ပြန်ချက် တွင်ဖော်ပြ ထားသည်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု (GDP) ၆ ဒသမ ၅ရာခိုင်နှုန်း တိုး တက်ခဲ့သည်။
ယခုဘဏ္ဍာနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် နိုင်ငံခြား ရင်းနှီမြှုပ်နှံမှု များကြောင့် မြန်မာ့ စီးပွားရေး တိုးတက်လာနိုင်ခြင်းဖြစ်ကြောင်း IMF အာရှပစိဖိတ်ရေးရာ ဒုတိယအကြီးအကဲက ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် လျင်မြန်စွာအသွင်ကူးပြောင်းနေမှုနှင့် စီးပွားရေး စီမံခန့်ခွဲတွင် ကန့်သတ်ချက် များရှိနေသဖြင့် စွန့်စားမှုများရှိနိုင်ကြောင်းလည်း မစ္စတာ Matt Davies က အကြံပြုသည်။
 
7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1