Sunday, June 30, 2013

28.6.2013 မှ 4.7.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

Ever November | 6/30/2013 11:37:00 AM | Best Blogger Tips
တနင်္ဂနွေ
စိတ်ပြေလက်ပျောက် ခရီးတစ်ခု ထွက်ဖြစ်မည်။ ကိုယ့်ဘက်က လွန်ကျွံမိတာတွေ ၀န္ဒာမိပါ ဟု တောင်းပန်ချင်စိတ်တွေပေါ်နေမည်။ ပေးထားသော ကတိတွေ လုပ်ပေးဖို့ ပျက်ကွက် မိတာတွေ လုပ်ဆောင်ပေးတော့မည် ဟု ဆုံးဖြတ်ချက်တွေ ချမှတ်ဖြစ်မည်။ လုပ်ငန်း ကူးခြင်း ၊ ပြောင်းခြင်း ၊ ရာထူးတက် အင်တာဗျူး ၀င်ခွင့်စာမေးပွဲတွေ ဖြေဆိုပါက အောင်မြင်မည်။ ထီထိုးပါ။ ပေါက်ကိန်းရှိနေသည်။ အိမ်တောင်ဘက် သစ်ပင်မစိုက်လေနှင့်။ စိုက်ထားသော သစ်ပင်မြောက်ဘက်ပြောင်းစိုက်လိုက်ပါ။ အချစ်ရေးမှာ စိတ်ညစ်ပြီး မှ စိတ်ပျော်ရွှင်ရလိမ့်မည်။   
အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ၉။
အထူးဟော - အရာရာ ဆန္ဒ မစောနှင့်။
ယတြာ - တနင်္ဂနွေနေ့ မနက်တွင် ပြောင်းဖူးပြုတ် (၆) ဖူးကို ဘုရားကပ်ပြီး ဆုတောင်းပါ။ ပြည့်မည်။  
 
တနင်္လာ
          သင့်ဘ၀ ဤ တစ်ပတ် အတွင်း က စပြီး လန်းပြီဟု မှတ်ပါ။  အရာရာကို လျော့ မတွက်နှင့်။ ယှဉ်ပြိုင်သူရှိနေတယ်။ သတိထား ဘာမှ ကိုယ့်အကြောင်းတွေ ဖွင့်ဟလို့မပြောပါနှင့်။ စပ်တူရှယ်ယာ ဆို ဘာမှ မလုပ်နှင့်။ လူယုံထားပြီး ပစ္စည်းငွေကြေး  မပေး မချေးနှင့်။ ပြန်မရတော့ ဟု မှတ် ၊ အချစ်ရေး မှာ နောင်တမရလျှင် သင်နာသွားမယ်။ ချစ်ဟန်ဆောင်သော သူရန်သူထက်ဆိုးတယ်ဆိုတာ သတိထားပါ။ ထောင်တန်သောစကားရယ် ယုံနှင့်   ပေါ့ဆိုတာလို တန်ဖိုးရှိသောစကားကို နေရာတကာမပြောနှင့်။ ကျန်းမာရေးကတော့ သရိုးသရီလေးပါ။ အန္တရာယ်ဆိုတာ လုံးဝ နတ္တိပါဘဲ။ ဒီတပတ်ကတော့ ထီကံစမ်းလိုက်ပါ။ ဗေဒင် ကိန်းအရ ၂ ထိပ် ၊ ၄ ထိပ်။ ၈ ထိပ် တွေထိုးပါ။ နောက်ပိတ်တွေကတော့ ၉၊၆၊၅ ပိတ်လျှင် သင်ပေါက်ပြီဟု မှတ်လိုက်ပါ။
 
အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၅။
အထူးဟော - ယှဉ်ပြိုင်သူ ပေါ်ပြီး သင်ကလည်း ကျော်နိုင်မည်။
ယတြာ - ကျော်၍ နိုင်အောင် တနင်္လာနေ့တွင် အိမ်ဘုရားကို အကြော်(၁၅) ခုကပ်ပါ။    
 
အင်္ဂါ
          ကိုယ့်ရဲ့ ကိုယ်ပိုင်ဥာဏ်နှင့် ဆုံးဖြတ်ပါ။ သူတစ်ပါးအားကိုးပြီး တိုင်ပင်မနေနှင့်။ အကြံဥာဏ် မတောင်းနှင့်။ သင့်အပေါ် အကောင်းမမြင် သူတွေ နှင့် ကြုံနေရတတ်သည်။ အရာရာ အိမ်တွင်းရေးရော အိမ်ပြင်ရေးရော အလုပ်ကိစ္စတွေရော စိတ်ရှုပ်နေရတတ်သည်။ ရက်ပိုင်းလေးပါ။ နောက် ၃ ရက်ဆို သင်စိတ်ချမ်းသာရပြီ။ တိတိကျကျ ပြောရလျှင် ဇူလိုင်(၁) ရက်မှ စ၍ သင်စိတ်ချမ်းသာ စရာတွေ တစ်ခုပြီး တစ်ခု ဖြစ်လာမည်။ ထိုအခါကျလျှင်လည်း ဆက်တိုက် ပျော်ရွှင်မှုရအောင် အိမ်က မိသားစု နှင့် ယာယီပျော်ရွှင် မှု ခရီးလေးတစ်ခု ထွက်ပေးလိုက်ပါ။ ရေကန်ကြီး အနီးက စားသောက်ဆိုင်တစ်ခုကို စားလိုက်ပါ။ ထိုသို့သွားနေစဉ် ၊စားနေစဉ် ဖုန်းဝင်လာမယ် ။ မကိုင်မိပါစေနှင့်။ ကိုင်၍ နားထောင်မိပါက စိတ်ရှုပ်စရာ ပယောဂ တစ်ခု ၀င်ချင်သလို ပေါ်လာမယ်။ လုံးဝ အကပ်မခံပါနှင့်။ သတိထားပါ။ တစ်ခုတော့ ပြောလိုက်ပါမည်။ ဇူလိုင် (၁) ရက် မှ (၄) ရက်အတွင်းသင့်အတွက် ကောင်းသတင်း မင်္ဂလာသတင်း တစ်ခု မုချကြားရမည်ဟုမှတ်ပါ။           
 
အကျိုးပေးဂဏန်း - ၃ ၊ ၈ ၊ ၁။
အထူးဟော - မကာင်းတာပြီးလျှင် ကောင်းတာလာမည်။
ယတြာ - ရေကန်ထဲက  ငါးတွေကို အစာကျွေးပါ။     
 
ဗုဒ္ဓဟူး
          သင်ကြုံတွေ့နေသော အခက်အခဲ တွေ ယခုရက်ပိုင်းအတွင်း ပြေလည်အောင်မြည်။ ချစ်သူ တစ်ယောက်ရဲ့ စိတ်ဆိုးမှု့တွေ ကြုံမည်။ သူငယ်ချင်း နှင့် ချစ်သူ တစ်ချို့က လိုက်လျောမှု့မပြုသော သင့်အားစိတ်ကောက်ကြလိမ့်မည်။ ပစ္စည်းပျောက်ကိန်း ရှိသည်။ ဂရုစိုက်ပါ။ သင့်ရဲ့ဆောင်ရွက်မှု့ ပြီးလျှင် အောင်မြင်မှု့ ရလျှင် ခရီးဝေး ယာယီတစ်ခု သွားဖြစ်မည်။ ကား ၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ အမြန်မောင်းခြင်းဆင်ခြင်ပါ။ ဆန္ဒမစောနှင့်။ သတ္တိမကြောင်နှင့်။ လူယုံမထားနှင့်။ စက်၊ယာဉ်၊ကား ၀င်မည်။ အချစ်သစ်တွေ့မည်။ မိဘကြား စိတ်ဆင်းရဲမှု့ တွေဖြစ်မည်။ လက်ထပ်ရက်ရွှေ့ဆိုင်းရတတ်သည်။ ကတိပေးပြီးမှ သင့်ဘက်က ပျက်ကွက်တတ်၍ ဂရုစိုက်ပါ။   ထီပေါက်ကိန်းရှိသည်။ ၇ ဂဏန်းတွေ အကျိုးပေး၍ ၇ စ ၇ ပိတ်ကိုထိုးပါ။
 
အကျိုးပေးဂဏန်း -၇ ၊ ၂ ၊ ၄။
အထူးဟော - အောင်မြင်မှု့ ထိပ်ရောက်ရန် နီးလာပါပြီ။
ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရားကို ရွှေသင်္ကန်းကပ်ပါ။      
 
ကြာသပတေး
စိတ်သစ် လူသစ် အင်အားသစ် တို့ဖြင့် အနာဂတ်ခရီးကို ချီတက်တော့မည်ဟု ရည်ရွယ်ချက် ကြီးကြီးဖြင့် ဆုံးဖြတ်ချက် ချပြီး ကြိုးစားလာလိမ့်မည်။ ကံလည်းကောင်း ၊ ၀ီရိယလည်း ရှိလာသော သင့်အတွက် အောင်မြင်မှု့က လက်တကမ်း သာလိုပါတော့သည်။ ကြိုးစားပါ။ မုချ အောင်မြင်မည်။ ပြီးခဲ့တဲ့ အတိတ်က စိတ်တိုင်းမကျသော်လည်း ဒီကရှေ့သင်ကံကောင်းပြီ။ ယခု တစ်ပတ်ထူးခြားချက်မှာ (၁) ငွေဝင်မည်။ (၂) ရာထူးတက်ခြင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်း တိုးတက်မည်။  (၃) သူချစ်ကိုယ်ချစ် အပြင် မောင်နှမ လို ချစ်လာသူ ၁ ဦးနှင့် အိမ်ထောင်ရှိသူ တစ်ဦးတို့က ကြိုက်လာခြင်းတို့ဖြစ်မည်။ (၄) ခရီးဝေး ယာယီတစ်ခု သွားရမည်။ (၅) လုပ်ငန်း တစ်မျိုးမက လုပ်ဆောင် ဖြစ်မည်။ စက်ပစ္စည်း ၀င်ထွက် ပါမည်။
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၁။
အထူးဟော - သင့်ရဲ့ ခြေလှမ်း ကုဋေတစ်သန်းတန်နေသည်။ စိတ်ဓာတ်မလျော့ပါနှင့်။  
ယတြာ - ကြာသပတေးနေ့တွင် မြောက်အရပ်ရှိလမ်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။     
 
သောကြာ
          အတိုက်အခံ တွေများ ၍ စိတ်ဓာတ်မကျပါနှင့်။ လုပ်လိုက်တိုင်း အရာရာ အကြောင်းကြောင်း ဖြစ်နေ၍ စိတ်မဆင်းရဲပါနှင့်။ ပေးလိုက်တဲ့ ငွေ တွေ ၊ ပစ္စည်းတွေ ပြန်မရလို့ ၀မ်းမနည်းပါနှင့်။ ချစ်သူရဲ့ အပြစ်တင် ခြင်းတွေ သောက မရောက်ပါနှင့်။ ဇူလိုင်(၁)ရက် မှစ၍ အားလုံးအဆင်ပြေပြီသာ မှတ်ပါ။ ထီပေါက်ကိန်း သေချာ၍ ထိုးဖြစ်အောင် ထိုးပါ။ ပေါက်ချင်ရင် တော့ မြောက်အရပ် က တံတားကို ပြုပြင်ပါ။ မရှိလျှင် တံတားခင်းလိုက်ပါ။ သောကြာနံနက်တွင် ပြုပါ။ ကျန်းမာရေးကတော့ ၀မ်းဗိုက် ဂရုစိုက်ပါ။ အစာအိမ် အူလမ်းကြောင်းမှာ ချူချာမည်။ ဘာမှ မစိုးရိမ်ရပါ။ ဘုရားကို သောက်တော်ရေ အေး ကပ်ပါ က ပျောက်ကင်းချမ်းသာ သွားမည်။ လူကြီး ကို ကတိပေးပြီး လျှင် တာဝန်ကြေအောင် လုပ်လိုက်ပါ။ အိမ်အတွင်းက စောင်းနေသော ဘီရို နှင့်ေ သတ္တာတွေ ကုတင်တွေ တည့်အောင်ပြန်ထားပေးပါ။ အပေါက်အလမ်း တည့်ပြီးအောင်မြင်မှု ရလိမ့်မည်။          
အကျိုးပေးဂဏန်း - ၉ ၊ ၆ ၊ ၈။
အထူးဟော - ကံကောင်းမည်။
ယတြာ - အုန်းပန်းဘုရားလှူပါ။   
 
စနေ
          စိတ်တို ၊ ဒေါသကြီး တွေ လျော့လိုက်ပါ။ ဆန္ဒစောမှု့ တွေ ဆင်ခြင်ပါ။ လုံ့လ ၀ီရိယ တွေကောင်းလာမည်။ ကြိုးစားမှု့တွေ တိုးတက်မည်။ မလိုသူ အတိုက်အခံ တွေကြုံမည်။ ပြုံးပြုံလေးနှင့် ရင်ဆိုင်ပါ။ မုန်းနေသူ ပြန်ချစ်မည်။ ချစ်နေသူက လက်ထပ်ခွင့်တောင်းမည်။ ကြိုးစားမှု့ လုပ်ငန်းသစ်များ ပေါ်မည်။ တိုးချဲ့မှုတွေပြုလုပ်လာမည်။ အဝေး ၊ အနီး သူငယ်ချင်း တို့၏ ကူညီမှု့ တွေရမည်။ သင်၏ လုပ်ဆောင်မှု့ မှန်သမျှ မုချအောင်မြင်လာမည်။ အခက်အခဲ ၊ အတိုက်အခံတွေကျော်လွှားမည်။ လက်ထပ်ရက်တို့ ပြောင်းရွှေ့ဖြစ်မည်။ မိဘသဘောတူ သောသူကို ယူဖြစ်မည်။ ချစ်သူ နှင့် လမ်းခွဲ ရမလိုဖြစ်လာမည်။ ခြေ ၊ လက် ၀မ်းဗိုက် ချူချာမည်။ မစိုးရိမ်ရပါ။ ပြည်ပ အဝေးက စက်ကိရိယာ ရလာမည်။ ရွှေ ၊ ကျောက် ၊ ကားတို့ ၀င်မည်။ ထီထိုးပါက မုချပေါက်မည်။ ၈ ထိပ်ထိုးပါ။ နောက်ပိတ်ကို ၃ ၊ ၆ ၊၄ ပိတ်ပါ။    
အကျိုးပေးဂဏန်း - ၃ ၊ ၈ ၊ ၁။
အထူးဟော - ပံ့ပိုးကူညီသူတွေပေါ်မည် ။
ယတြာ - တောင်ပေါ်က ဘုရားကို ထီးတင်ပါ။ (သို့မဟုတ်) ထီးလှူပါ။ ဆုတောင်းပါ။ မုချပြည့်မည်။

ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)  

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1