Sunday, June 30, 2013

အမေရိကန်ထိပ်တန်းထောက်လှမ်းရေးမှတ်တမ်းများ စနိုးဒန်းကြောင့် တရုတ်နှင့် ရုရှားတို့ထံပေါက်ကြား

Ever November | 6/30/2013 11:30:00 AM | Best Blogger Tips

အမေရိကန်နိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအဆင့် သတ်မှတ်ထားသော ထောက်လှမ်းရေးနှင့် စစ်သတင်း အချက်အလက်များသည် နိုင်ငံ၏ အမျိုးသားလုံခြုံရေး အေဂျင်စီ ထိုးဖောက်ခိုးယူခြင်း ခံရပြီးနောက် တရုတ်နှင့်ရုရှားနိုင်ငံတို့ သတင်းအချက်အလက် ရရှိသွားခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။ အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA)တွင် တာဝန်ထမ်းဆောင်ဖူးသူ စနိုးဒန်းက အမေရိကန် ထောက်လှမ်းရေး အစီအစဉ် နှစ်ရပ်မှ အချက်အလက်အချို့ကို မီဒီယာများသို့ ဖွင့်ချခဲ့သည်။ ဟောင်ကောင်တွင် စနိုးဒန်းရှိနေစဉ် NSA လုံခြုံရေးမှတ်တမ်း ထောင်ပေါင်းများစွာ သူပိုင် Laptop ကွန်ပျူတာလေးလုံးတွင် သိမ်းဆည်းထားသည်ဟု ပြောကြားခဲ့သည်။ အမေရိကန်၏ ကြီးစွာသော ကြောင့်ကြမှုမှာ စနိုးဒန်း ရရှိသွားသော လျှို့ဝှက်ဖိုင်များတွင် နျူကလီးယား စီမံကိန်းသစ် မှတ်တမ်းလည်း ပါရှိသွားကြောင်း မီဒီယာတစ်ခုက စစ်ရေးပစ်မှတ်များ တိုက်ခိုက်သည့် အမေရိကန်၏ တရားဝင် စစ်ဆင်ရေးများကိုတော့ ဖွင့်ချမှာမဟုတ်ကြောင်း သည်ဂါးဒီးယန်းသို့ စနိုးဒန်းက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ထောက်လှမ်းရေး သတင်းများအရ တရုတ်အေးဂျင့်များသည် စနိုးဒန်းနှင့် ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံက စနိုးဒန်းတွင် ပါသွားသည့် လျှို့ဝှက်မှတ်တမ်းမှတ်ရာ အကုန်ရရှိသွားပြီဟု အမည်မဖော်သည့် အရာရှိတစ်ဦးက ပြောကြားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်နှင့် နှစ်နိုင်ငံကြား တရားခံ လွှဲပြောင်းရေး သဘောတူညီချက် မရှိခြင်းကြောင့် စနိုးဒန်းအား လွှဲပြောင်းပေးရန် ရည်ရွယ်ချက်မရှိကြောင်း ပြောကြားသည်။ ရုရှားနိုင်ငံအား ထောက်လှမ်းနေသည့် အမေရိကန် လျှို့ဝှက်စီမံကိန်းများကို မေးမြန်းလို၍ စနိုးဒန်းပြည်တွင်းမှ ထွက်ခွာမည့် အရေးကို နှောင့်နှေးထားသည်ဟု ရုရှားအပေါ် အမေရိကန် တာဝန်ရှိသူများက ထင်မြင်လျက် ရှိသည်။ အသက် ၃ဝ အရွယ် စနိုးဒန်းသည် အမေရိကန်တွင် သူလျှိုမှုဖြင့် ဖမ်းဆီးမိန့် ထုတ်ထားခံရသည်။ ဇွန် ၂၆ ရက်အထိ မော်စကိုလေဆိပ်၌ပင် ပုန်းခိုနေဆဲဖြစ်ပြီး အီကွေဒေါနိုင်ငံက နိုင်ငံရေး ခိုလှုံခွင့် ပေးလာမည်ကို စောင့်မျှော်လျက် ရှိနေသည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1