Sunday, June 30, 2013

မြန်မာ့ဆန် ဂျပန်အရည်အသွေး စစ်ဆေးမှုများ အောင်မြင်

Ever November | 6/30/2013 12:04:00 PM | Best Blogger Tips

ရန်ကုန်- နှစ်ပေါင်း ၄၅နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် ဂျပန်အစိုးရစစ်ဆေးရေးအဖွဲ့များ၏အရည်အသွေး စစ်ဆေးမှု ဆောင်ရွက်ခြင်းများ တွင် အောင်မြင် ခဲ့ကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် အဖြစ်တန်းမြင့်ဆန်တန်ချိန် ငါးထောင်တင်ပို့ရာတွင် ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်ကောင်းခြင်း၊ စားသုံးမှုအရသာ ကောင်းခြင်း၊ ဓာတုဗေဒဓာတ်ကြွင်းကင်းစင်ခြင်းတို့ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် ပိုမိုဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်ကပြောသည်။

“အင်မတန်မှကျပ်တည်းတဲ့ ဂျပန်နိုင်ငံကို ပို့နိုင်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေစိတ်ပူစရာ မလိုတော့ ဘူး”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးချစ်ခိုင်ကပြောသည်။ အဆိုပါ ဆန်တန်ချိန်ငါးထောင်ကို ပြီးခဲ့သည့် မေလဆန်းမှစ၍ ပို့ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရအဖွဲ့ကအဆင့်ဆင့်စစ်ဆေးရာအောင်မြင်ခဲ့ခြင်း
ဖြစ်သည်ဟု သတင်းရရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် မြန်မာဆန်မျိုးများဖြစ်သော အင်းမရဲဘော်၊ မှော်ဘီ-၂နှင့် ဆင်းသွယ်လတ်တို့ ထပ်မံဝယ်ယူလိုကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဈေးနှုန်းမကိုက်ညီသဖြင့် ပြည်ပနိုင်ငံသို့ ပုံမှန်ကုန်သွယ်ရေကြောင်းမှ ဆန်တင်ပို့ခြင်းရပ်နားထားပြီး ဥရောပသမဂ္ဂနိုင်ငံများသို့စတင်တင် ပို့နေသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၁ဒသမ ၄သန်းကျော် တင်ပို့နိုင်ခဲ့သည်။

ဓာတ်ပုံ- ရဲမင်းအောင်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1