Wednesday, June 5, 2013

ကနေဒါ၌ တံတားတစ်စင်းပြိုကျမှုဖြစ်ပွား

Ever November | 6/05/2013 09:58:00 AM | Best Blogger Tips

ကနေဒါနိုင်ငံ အွန်တာရီယို အလယ်ပိုင်းတွင်ရှိသော တံတားတစ်စင်း ဇွန် ၂ ရက်က ပြိုကျမှုကြောင့် ကုန်ရထားတစ်စင်းတွင် တင်ဆောင်လာသော မော်တော်ကားအချို့ မြစ်ထဲသို့ ထိုးကျသွားခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဇွန် ၃ ရက်တွင် ဖော်ပြသည်။ ဆိုပါ တံတားပြိုကျမှုကြောင့် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာ မရရှိခဲ့ကြောင်း၊ တံတားပြိုကျမှုနှင့် ရထားတွဲချော်ကျမှုများ ဖြစ်ပွားရာသို့ ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့ ချက်ချင်း ရောက်ရှိလာကာ သောက်ရေသန့်များနှင့် လိုအပ်သော ပြုစုစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။ ပြုတ်ကျနေသော တံတားအစိတ်အပိုင်းများ၊ မြစ်ထဲကျသွားသော ကားများနှင့် အခြားအပျက်အစီးများကို ထရပ်ကားတင် ကရိန်းများဖြင့် ပြန်လည်ဆယ်ယူရန် ကြိုးစားလျက် ရှိသည်။ အဆိုပါ တံတားသည် အွန်တာရီယိုပြည်နယ် ဆပ်ဘာရီခရိုင် ဝါနပ်အရပ်အနီးတွင်ရှိသော တံတားဖြစ်သည်။ ယင်းတံတား ပြိုကျမှုနှင့်ပတ်သက်ပြီး ကနေဒါနိုင်ငံ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးအဖွဲ့ကအဖွဲ့တစ်ဖွဲ့ စေလွှတ်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်သည်။ တံတားပြိုကျမှုကြောင့် ရထားတွဲပေါ်၌ ကွန်တိန်နာဖြင့် သယ်ဆောင်လာသော ကားငါးစီးခန့် မြစ်ထဲထိုးကျခဲ့ကြောင်း၊ အခြားပစ္စည်းများလည်း မြစ်ရေထဲ၌ မျောလျက်ရှိကြောင်း အနီးဝန်းကျင်၌ နေထိုင်သူများက ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1