Wednesday, June 5, 2013

တရုတ်၌ အသားထုတ်စက်ရုံမီးလောင်၊ ၁၁၉ ဦးသေဆုံး

Ever November | 6/05/2013 10:15:00 AM | Best Blogger Tips

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ် ဒီဟိုင်မြို့ရှိ အသားထုတ်လုပ်ရေး စက်ရုံ အဆောက်အအုံ တစ်ခု၌ ဇွန် ၃ ရက် နံနက်က မီးလောင်မှုဖြစ်ပွားရာ ၁၁၉ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ကယ်ဆယ်ရေး ရုံးချုပ်က အတည်ပြု ပြောကြားသည်။ အဆိုပါ စက်ရုံသည် ကျီလင်းပေါက်ယွမ်ဖန်း အသားထုတ်လုပ်ရေး ကုမ္ပဏီက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ယင်းနေ့ နံနက် ၆ နာရီ ၆ မိနစ်ခန့်က မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု မီးသတ် တပ်ဖွဲ့ဝင်များက ပြောကြားသည်။ မီးလောင်မှုဖြစ်ပွား ချိန်တွင်စက်ရုံအတွင်း အလုပ်သမား ၃ဝဝ ကျော် အလုပ်လုပ်လျက် ရှိသည်။ ဆိုးရွားစွာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးတောက်မီးလျှံနှင့် မီးခိုးများကို နံနက်ပိုင်းက မြင်တွေ့ရကြောင်း၊ စက်ရုံအတွင်းမှ အလုပ်သမားများကို ဘေးကင်းရာသို့ အမြန်ဆုံး ထွက်ခွာစေခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားသည်။ မီးလောင်ကျွမ်းမှုသည် လျင်မြန်သဖြင့် စက်ရုံအတွင်းမှ အလုပ်သမားများကို အပြင်သို့ အမြန်ဆုံးရောက်ရှိအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ စက်ရုံအတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံ ရှုပ်ထွေးပြီး ထွက်ပေါက်များ ကျဉ်းမြောင်းခြင်းကြောင့် အလုပ်သမားအချို့ကို ကယ်ထုတ်ရာတွင် အခက်အခဲဖြစ်ရကြောင်း ၄င်းတို့က ပြောကြားသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1