Wednesday, June 5, 2013

နေမာကို နူးကမ့် ပရိသတ်များရှေ့ ပွဲထုတ် မိတ်ဆက်ခဲ့သည့် ဘာစီလိုနာ

Ever November | 6/05/2013 10:03:00 AM | Best Blogger Tips

ဘာစီလိုနာ အသင်းက စီစဉ်ပေးသည့် မိတ်ဆက်ပွဲ အခမ်းအနားတွင် နေမာက မိမိသည် တိုက်စစ် ကစားဖော်သစ် ဖြစ်လာမည့် လီယွန်နယ်လ် မက်ဆီကို အထောက် အကူကောင်းများ ပေးလိုကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။
အသက်(၂၁)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင်သည် စာချုပ်စာတမ်းနှင့် ပြောင်းရွှေ့ကြေး အရပ်ရပ် အပါအဝင် စတာလင်ပေါင် သန်း(၅၀)မျှ ကုန်ကျခဲ့သည့် အပြောင်းအရွှေ့ဖြင် ဘာစီလိုနာ ဂျာစီကို ဝတ်ဆင်ခွင့် ရလာခဲ့သည်။ နူးကမ့်တွင် ထောင်နှင့် သောင်းနှင့်ချီသော ပရိသတ်များ၏ ကြိုဆို နှုတ်ဆက်မှုကို ခံယူခဲ့သည့် နေမာက "ကျွန်တော် ဒီကို ရောက်လာတာ မက်ဆီကို ကူညီဖို့ပါ။ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား အဖြစ် ဆက်ရှိနေအောင် ကျွန်တော်က အတတ်နိုင်ဆုံး ထောက်ပံ့ ပေးသွားပါ့မယ်" ဟု ဖွင့်ဟခဲ့သည်။
နေမာသည် ဘာစီလိုနာ လေဆိပ်သို့ ရောက်ရှိကတည်းက ပရိသတ်များ၏ နှုတ်ဆက်မှုများကို ကြုံခဲ့ရပြီး အတန်ငယ် ကြန့်ကြာနေရာ မိတ်ဆက်ပွဲ အခမ်းအနားကိုလည်း မူလ စီစဉ်သည်ထက် နောက်ကျပြီးမှ စတင် နိုင်ခဲ့သည်။ နေမာသည် နူးကမ့်တွင် (၂၀၁၈)ခုနှစ်၊ ဇွန်လထိ စာချုပ်ကိုလည်း လက်မှတ် ရေးထိုးခဲ့သည်။ နေမာ၏ မိတ်ဆက်ပွဲ အခမ်းအနားသို့ ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်၊ ဒုတိယ ဥက္ကဋ္ဌ ယိုဆက်ပ် မာရီယာ ဘာတိုမြူနှင့် အားကစား ဒါရိုက်တာ အန်ဒိုနီ ဇူဘီဇာရက်တာတို့လည်း တက်ရောက် ခဲ့ကြသည်။

နေမာက "ကျွန်တော် ဘာစီလိုနာ ကစားသမား ဖြစ်လာလို့ ပျော်ပါတယ်။ ဒါဟာ အိပ်မက် တစ်ခုပါ။ ကျွန်တော် လုပ်နိုင်သမျှ အရာ အားလုံးကို အသင်းအတွက် ပေးဆပ်ဖို့ ဆောင်ယူ လာချင်ပါတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကလပ်အသင်း အဖြစ် ရပ်တည်နေတဲ့ ဘာစီလိုနာကို ခုထက် ပိုအောင်မြင်အောင် ကျွန်တော် ကူညီချင်ပါတယ်" ဟု ပြောဆိုချိန်တွင် ပရိသတ် များစွာက လက်ခုပ် တီးခဲ့ကြသည်။ ကွင်းလယ်လူ အန်းဒရက်စ် အင်နီယေစတာက နေမာသည် ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမားဆု (၄)ကြိမ်ရ မက်ဆီနှင့် အတွဲညီညီ ခြေစွမ်း ပြနိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။
"ခမ်းနား ထူးချွန်တဲ့ ကစားသမားတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း နားလည်မှု တည်ဆောက်နိုင်ကြပါတယ်။ နေမာနဲ့ မက်ဆီလည်း အပြန်အလှန် ချိတ်ကစားနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့နှစ်ယောက်ရဲ့ ပေါင်းစပ်အားက အသင်းကို အောင်မြင်မှုတွေအတွက် ပိုပြီး အထောက်အပံ့ ဖြစ်လာစေမှာပါ" ဟု အင်နီယေစတာက မှတ်ချက်ပြုသွားသည်။
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1