Wednesday, June 5, 2013

တပ်မတော်မှ နောက်ပြန်လှည့်မှာ မဟုတ်ဘူးဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော

Ever November | 6/05/2013 10:11:00 AM | Best Blogger Tips

တပ်မတော်က ဒီမိုကရေစီကို ဖော်ဆောင်ပေးခဲ့တာဖြစ်လို့ လက်ရှိအစိုးရဒီမိုကရေစီလမ်းကြောင်း ဆက်လျှောက်နိုင်အောင် ပူးပေါင်းသွားမှာဖြစ်ပြီး နောက်ပြန်လှည့်မှာမဟုတ်ဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား လိုက်ပါတယ်။ ဇွန် ၃ ရက်နေ့ က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိသျှတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ် ရစ်ချက် နဲ့ တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်တာလို့ သမ္မတရဲ့ပြောရေးဆို ခွင့်ရသူ ဦးရဲထွဋ်က ဆိုပါတယ်။

အခု တွေ့ဆုံမှုဟာ နှစ်နိုင်ငံ တပ်မတော်ချင်း စစ်ရေးကဏ္ဍမှာ ပူးပေါင်း ဆောင်ရွက်နေတာဖြစ်ပြီး တပ်မတော်ချင်းဆက်ဆံရေးသာ ဖြစ်ပါတယ်လို့ သမ္မတပြော ရေးဆိုခွင့် ရှိသူက ပြောပါတယ်။ ဗြိတိသျှကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆာဒေးဗစ်ရစ်ချက်ဟာ ခရီးစဉ်အတွင်း မှာ နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရ ဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1