Thursday, June 13, 2013

ခြင်္သေ့ဖြူများအပါအ၀င် တောရိုင်းတိရစ္ဆာန်များကို ဗန်ကောက်ရဲတပ်ဖွဲ့ နေအိမ်တစ်လုံး၌ တွေ့ရှိ

Ever November | 6/13/2013 10:55:00 AM | Best Blogger Tips

ထိုင်းနိုင်ငံ မြို့တော် ဗန်ကောက်ရှိ နေအိမ်တစ်လုံးကို စီးနင်းရှာဖွေခဲ့ရာတွင် မျောက်များ၊ ပင်လယ်လိပ်များနှင့် ခြင်္သေ့ဖြူ ၁၄ ကောင်တို့အပါအ၀င် တောရိုင်းတိရစ္ဆာန် ကောင်ရေ ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၀ ရက်တွင် ပြောကြားသည်။ ဗန်ကောက်မြို့ ချတ်တူချတ် ဈေးရှိ အလှမွေး တိရစ္ဆာန် အရောင်းဆိုင်၏ ဆိုင်ရှင်ဖြစ်သူအပါအ၀င် အမျိုးသားနှစ်ဦးအား တောရိုင်းတိရစ္ဆာန်များ ဥပဒေမဲ့ ရောင်းဝယ်မှုဖြင့် ရဲတပ်ဖွဲ့က စွဲချက်တင်ထားသည်။ အကယ်၍ ပြစ်မှုထင်ရှားပါက ၄င်းတို့အနေဖြင့် ထောင်ဒဏ်လေးနှစ်နှင့် ဒဏ်ငွေ ဘတ် ၄၀၀၀၀ ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရနိုင်ကြောင်း ရဲမှူးကြီး အက်အီကာဆက်က ပြောကြားသည်။ တိရစ္ဆာန်ဥယျာဉ်များသို့ ရောင်းချရန် ခွင့်ပြုချက်ဖြင့် တောရိုင်းတိရစ္ဆာန်များကို ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းခဲ့သည်ဟု ယူဆရကြောင်း၊ သို့ရာတွင် ယင်းတိရစ္ဆာန်များကို ပုဂ္ဂလိက ၀ယ်ယူသူများထံ ပေးပို့လျက်ရှိကြောင်း သိရသည်။ တရားဥပဒေနှင့်အညီ ဆောင်ရွက်ပြီးစီးသည့်အခါ သိမ်းဆည်းရမိထားသော တောရိုင်း တိရစ္ဆာန်အချို့ကို တောတွင်းသို့ ပြန်လွှတ်ပေးမည်ဖြစ်ပြီး တောရိုင်းတိရစ္ဆာန်အချို့ကို တိရစ္ဆာန်ဥယျာဉ်များသို့ လွှဲပြောင်းပေးမည်ဟု ဆိုသည်။ 
(ပီတီအိုင်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1