Thursday, June 13, 2013

Sea Game ကာလ 4G စနစ် ရရှိရန်နှင့် အင်တာနက်ဂိတ်ဝေးများ အဆင့်မြင့်တင်ရန် JICA မှ အမေရိကန် ဒေါ်လာ ၂၂ သန်း ထောက်ပံ့ထား

Ever November | 6/13/2013 10:32:00 AM | Best Blogger Tips
မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ JICA မှ မြန်မာနိုင်ငံရဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ 4G စနစ်ရရှိဖို့နဲ့ အင်တာနက် ဂိတ်ဝေးများ အဆင့်မြင့်တင်ဖို့ အတွက် အမေရိကန် ဒေါ်လာ ၂၂ သန်းခန့် ထောက်ပံ့ ထားတယ်လို့ သိရပါတယ်။ ဆီးဂိမ်း ကာလမှာ 4G စနစ် အသုံးပြုဖို့ အတွက် ကိုတော့ ဆီးဂိမ်း ကျင်းပမယ့် မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နဲ့ ငွေဆောင် ဒေသ များမှာ Optical Fiber Network များ တပ်ဆင် သွားမှာ ဖြစ်ပါ တယ်။

အဲ့ဒီလို ဖိုက်ဘာ ဆက်ကြောင်းများ တပ်ဆင်ဖို့ အတွက် ဂျပန်နိုင်ငံမှ ကုမ္ပဏီ တွေဖြစ်တဲ့ Sumitomo ၊ NEC ၊ NTTတို့နဲ့ မြန်မာ့ ဆက်သွယ်ရေး တို့မှ လက်မှတ် ရေးထိုးမှုကို ပြီးခဲ့တဲ့လက လုပ်ဆောင် ခဲ့ပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။ အဲ့ဒီ ဖိုက်ဘာကြောင်း တွေမှ တစ်စက္ကန့်ကို 30 Gigabit Data များ လွှဲပြောင်း ပေးမှာဖြစ်ပြီး Long-term Evolution(LTE) စနစ် အဆင့်မြင့် ဆက်သွယ်ရေး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် JICA မှ ထောက်ပံ့မှုနဲ့ပဲ ရန်ကုန်မြို့ရှိ အင်တာနက် ဂိတ်ဝေးများ အဆင့်မြင့်တင်မှု လည်း ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေးမှ မြန်မာနိုင်ငံ တယ်လီဖုန်း သိပ်သည်းဆကို မြင့်တင်ဖို့ အတွက် တယ်လီဖုန်း အော်ပရေတာ လိုင်စင်ကြီး ၂ ခုကို ခေါ်ယူထားပြီး ယခုလ အတွင်း လိုင်စင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ၂ ခုကို ထုတ်ပြန်သွား မှာဖြစ်တယ်လို့ သိရပါတယ်။
MRTV-4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1