Thursday, June 13, 2013

ပြင်ဦးလွင်ကမေးခွန်း(၅)ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေ(၅)ခု

Ever November | 6/13/2013 11:35:00 AM | Best Blogger Tips
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်သည် ဇွန် ၉ ရက်က ပြင်ဦးလွင်မြို့ မဟာအံ့ ထူး ကံ သာ ဘုရားဝင်း အတွင်း လူ ထုနှင့်တွေ့ဆုံစဉ်ရဟန်း၊ပြည်သူ များမေးသော မေး ခွန်းများ အပေါ် ပြန် လည်ဖြေ ကြား ချက် များကို ဖော်ပြ လိုက်ပါသည်။ အမျိုး သား ဒီ မိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည် သည် ဆယ်စုနှစ်တစ်စုကျော် မရောက်ဖြစ် သည့် ပြင်ဦးလွင်မြို့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါကလာရောက်မည်ဟုကတိပြု ထားသောကြောင့် ဇွန် ၉ ရက်တွင် ပြင်ဦးလွင် သို့ ရောက် ရှိ  လာပြီး မဟာအံ့ထူး ကံသာ ဘုရားဝင်း အတွင်း လူထုနှင့် တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံရာတွင် လူငယ်များ အလုပ်လက်မဲ့ဖြစ်နေသည့် ကိစ္စရပ်များ၊ ရေရှားပါးမှု၊ လျှပ်စစ်မီးမရရှိမှု၊ ညံ့ဖျင်းနေသော ပညာရေးစနစ်၊တရားဥပဒေစိုးမိုးရေးအရေးပါမှု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေး၊ နိုင်ငံသူနိုင်ငံသားများ ညီညွတ်ရေး အစရှိသည့် အကြောင်းအရာ များ ဆွေးနွေးခဲ့ သည်။ ယင်းဆွေးနွေးချက်များအပြင် လူထုကို မေးခွန်း ၅ ခု မေးခွင့်ပြုခဲ့သည်။

  • အမျိုးသားတစ်ဦး- အမေစုခင်ဗျာ။ ကျွန်တော်တို့ နိုင်ငံအတွက် တရားဥပဒေ စိုးမိုးမှုရှိအောင် မည်ကဲ့ သို့ ဆောင်ရွက်ပေးပါ မလဲခင်ဗျာ။ လက်ရှိ ကျွန်တော်တို့မှာ အိုးအိမ်တွေ ဖျက်ဆီးခံထားရတာ အတိ ဒုက္ခဖြစ်နေပါတယ်။ ကူညီပေးပါ အမေစုခင်ဗျား။

ဒီကိစ္စကိုလည်း ကျွန်မဆီ စာတက်လာပါတယ်။ အဲဒီဟာကို သက်ဆိုင်ရာဌာနနဲ့ ကျွန်မဆက်သွယ်ပြီး ကျွန်မမေးမြန်ပါ့မယ်။ ကျွန်မတို့ လွှတ်တော်မှာဆိုလို့ရှိရင် ဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် မတော်မတရား ကိစ္စတွေ မဖြစ်အောင်လို့ လုပ်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်။ နောက်ပြီးတော့ မတရား တဲ့ ကိစ္စတွေဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ကျွန်မတို့ တရားဥပဒေစိုးမိုးရေးကော်မတီအနေနဲ့က သက်ဆိုင် ရာ ဌာနတွေကို ဘာကြောင့် ဒီလိုဖြစ်နေလဲ၊ ဒါတွေကို ဘယ်လိုပြုပြင်ပေးနိုင်မလဲဆိုတာတွေကို ကျွန်မ တို့က မေးမြန်းပြီးတော့ စုံစမ်းလို့ရပါတယ်၊ အဲဒီဟာကတော့ ကျွန်မလုပ်ပေးပါမယ်။

  • ဆရာတော်တစ်ပါး-ဒကာမကြီး ဒေါ်စု၊ ဦးပဉင်းတို့ကလည်း ဒကာမကြီးကို မိခင်တစ်ယောက်လိုပဲ တိုင်း သူပြည် သားတွေ ကလည်း မိခင်တစ်ယောက်လို အားကိုးခဲ့တယ်နော်။ ခုလည်းပဲ အနှစ်နှစ် ဆယ်ကျော်ကြာ အမေစုကို မျှော်ခဲ့ရတာ ဒီနေ့ချိန်ထိရောက်ပြီ။ ဒါပေမဲ့ အခုဒီနေ့ ဒီအချိန်မှာ ဦးပဉ္ဇင်းတို့ တိုင်းပြည် အတွင်းမှာ ဦးပဉ္ဇင်းတို့ ဘာသာတရားကို ချုပ်ချယ်ပြီးတော့ အမျိုးမျိုးခုတုံးလုပ် ပြီးတော့ နှိပ် စက်ခံနေရတာ၊ လူမျိုးခြားတွေက နှိပ်စက်နေတာ အမေစုအနေနဲ့ အဲဒါအတတ်နိုင်ဆုံး ဘယ်လိုများ အကောင်းဆုံး လုပ်ပေးနိုင်ပါမလဲ။
တပည့်တော် ဒီကိစ္စကို မကြာခင်တုန်းက ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်ခဲ့တယ်လေ။ ငါးရက် ခြောက်ရက်၊ ခုနစ်ရက်မှာ၊ အဲဒါဆိုရင် တစ်ကမ္ဘာလုံးက လူမျိုးစုံ ဘာသာစုံတွေ ရောက်ကြပါ တယ်။ ရောက်ကြ တဲ့ အခါကျတော့ လူမျိုးစုံဘာသာစုံနဲ့ တူတူအလုပ်လုပ်ကြတယ်။ တူတူနှီးနှောဖလှယ်ကြတယ်။ အဲဒီက လူငယ်တွေကို တပည့်တော်မ မေးကြည့်ပါတယ်။ အခုဆိုလို့ရှိရင် ဘာသာရေးနဲ့ ပတ်သက်လို့ လူမျိုးရေးနဲ့ ပတ်သက်လို့ ပဋိပက္ခတွေဖြစ်နေတာတွေက ဘာဖြစ်လို့ဖြစ်နေတယ်လို့ထင်သလဲ။ ဒါတွေကို ဘယ်လိုပြေ လည် အောင်လုပ်ရမလဲ။ လုပ်လို့ရမလဲလို့ထင်သလဲလို့ တပည့်တော်မတို့ ဆွေးနွေးတဲ့အခါကျတော့ အခြေခံအားဖြင့် လိုအပ်ချက်ကတော့ အပြန်အလှန်နားလည်မှု ရှိရမယ်။ အပြန်အလှန်လေးစားမှုရှိရမယ်။ တစ်ဖက်ကနေ တစ်ဖက်ကို အထင်သေးတယ်။ တစ်ဖက်ကနေ တစ်ဖက်ကို နိုင်ထက်ကလူပြုတယ်ဆိုတာ မရှိရဘူး။ နောက်ပြီးတော့ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ စိတ်ထဲမှာထားလို့ မဖြစ်ဘူး။
အဲဒီတော့ တပည့်တော်မတို့ ပဋိပက္ခဖြစ်တယ်ဆိုတာ နှစ်ဖက်ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက ကြိုးစားရမှာပါ။ ဒီတော့ တပည့်တော်မတို့ရဲ့ နိုင်ငံအတွင်းက နိုင်ငံသူ နိုင်ငံသားများဟာ ကိုယ့်နိုင်ငံကို ဦးထိပ်ထားပြီးတော့ ဒီနိုင်ငံအတွင်းမှာ အေးချမ်းဖို့အတွက်ကို အဲဒါကို အဓိကထားပြီးတော့ လုပ်ဖို့ကအရေးကြီးပါတယ်။ တပည့်တော်မကလည်းပြောပါတယ်။ ဒီနိုင်ငံမှာ၊ အခုခေတ်မှာဆိုလို့ရှိရင် တစ်နိုင်ငံအတွင်းမှာ ဖြစ် တဲ့ ကိစ္စတွေ က သူ့ချည်းပဲအထီးကျန်ထားလို့မရဘူး။ တစ်ကမ္ဘာလုံးအဖြစ်အပျက်တွေနဲ့ ဆက်နွှယ်နေတယ်။ အဲဒီ ဆက်နွှယ်နေတာကြောင့် အမြင်ကျယ်ကျယ်နဲ့ ကြည်ရမယ်။ အပြင်ကနေ အထဲကို ကြည့်တဲ့ အခါ မှာလည်း နားလည်မှုနဲ့ကြည့်ရမယ်။ အထဲကနေအပြင်ကိုကြည့်တဲ့အခါမှာလည်း နားလည်မှုနဲ့ ကြည့်ရမယ်။ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားတွေဟာသဘောထားလည်းကြီးရမယ်။အမှန်တရားကို လည်း မြတ်နိုး ရမယ်။ နောက်ပြီးတော့ တပည့်တော်မတို့ ဗုဒ္ဓဘာသာများဖြစ်တဲ့အတိုင်း မေတ္တာကရုဏာကိုလည်း တတ်နိုင်သလောက်ပွားရမယ်။
ဒါပေမဲ့ အဓိက အရေးကြီးဆုံးကတော့ ခုနက တပည့်တော်မပြောတဲ့ တရားဥပဒေစိုးမိုးရေးပဲ။ အဲဒီဟာ နဲ့စ တာပဲ။ တပည့်တော်မက ဘယ်နေရာမှာဘာဆိုပြီး အသေးစိတ် ပြောမသွားချင်ဘူး။ ဒါပေမဲ့ ဖြစ် တဲ့ ကိစ္စမှန်သမျှဟာ စောစောစီးစီးကတည်းက တရားဥပဒေစိုးမိုးရေးနဲ့ ကြပ်ကြပ်မတ်မတ်ထိန်းလိုက်လို့ရှိရင် အဲဒီလောက် အန္တရာယ်တွေက ပွားသွားမှာမဟုတ်ဘူး။
အဲဒီလို တရားဥပဒေနဲ့ ကြပ်ကြပ်မတ်မတ် မထိန်းလိုက်လို့ ဒီလိုဖြစ်ခဲ့တာလို့ တပည့်တော်မ ဒီလို ပဲပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီးရလဒ်တစ်ခုကတော့ လူတွေရဲ့ စိတ်လုံခြုံမှုပဲ။ စိတ်လုံခြုံမှုရှိပြီဆိုရင် ငါတို့ရဲ့ အိမ်တွေကို ဘယ်သူကမှ မီးနဲ့မရှို့ဘူး။ ငါတို့ကို ဘယ်သူကမှ အန္တရာယ်မပြုဘူး။ စိတ်လုံခြုံမှုရှိပြီဆိုလို့ရှိရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ယူ လို့ရတယ်။ စိတ်လုံခြုံမှုမရှိတဲ့သူကို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုယူပါလို့ဆိုတာ ပြောလို့မရဘူး။ အဲဒါတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် တပည့်တော်မတို့ ဥပဒေစိုးမိုးရေးကို အလေးထားတဲ့အလျောက် တရားဥပဒေစိုးမိုးရေးကနေစရမယ်လို့ တပည့်တော်မ လျှောက်ချင်ပါတယ်။
  • ဦးပဉ္ဇင်းတို့ မြန်မာပြည်သူတွေနဲ့တကွ ဘုရားသားတော်တွေကအစပေါ့လေ။ ဒကာမကြီးပြော သလို မေတ္တာ တရားကို အခြေခံပြီးတော့ ဦးပဉ္ဇင်းတို့က အတိုင်းအတာတစ်ခုထိတော့ သည်းခံခဲ့ တာပေါ့လေ။ ဒါပေမဲ့ ခုဖြစ်နေတဲ့ အခြေအနေက ဘာလဲဆိုတော့ လူ့အခွင့်အရေးဆိုတဲ့ အခွင့်အရေး တစ်ခုကို ရဟန်း သံဃာတော်တွေကလည်း အသက်ပေါင်းများစွာ ပေးဆပ် ခဲ့ရတယ်။ ပြည် သူပြည်သားတွေလည်း ဒီဘာ သာတရားနဲ့ ပတ်သက်ပြီး အိုးအိမ်တွေကို စွန့်ခွာပြီးတော့ ကိုယ်လုပ် ချင်တဲ့ ဒါန၊ သီလ၊ ဘာဝနာတောင် မလုပ်နိုင်တဲ့အတွက် အဲ့လို အခြေအနေဖြစ်နေတာကို အမေစု အနေနဲ့ အတတ်နိုင်ဆုံးပေါ့လေ။ အဲဒါလေးကို တင်ပြချင်တာပါ။
တင်ပါ့ဘုရား။အဲဒါလည်းတရားဥပဒေစိုးမိုးရေးပေါ့။ ဒီဟာကို ရပ်ရွာအေးချမ်းရေးကို ကာကွယ်စောင့်ရှောက် ရ မှာ ဘယ်သူ့တာဝန်လဲ။ ဒါအုပ်ချုပ်ရေးပိုင်းဆိုင်ရာရဲ့ တာဝန်ပဲ။ တရားဥပဒေ စိုးမိုးရေး နဲ့ စောင့်ရှောက် သွားရမှာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

  • ကျောင်းသားတစ်ဦး- ကျွန်တော်သိချင်တာ ပညာရေး၊ လူတိုင်းပညာတတ်ချင်တယ်။ ပညာကို သိအောင် လုပ်ရ မယ်။ ဥပဒေကို နားလည်ရမယ်။ အဲဒါကို အမေစုကြည့်ပြီး စီစဉ်ပေးပါ။ ခုဟာက ဘာသာရေးမှာ ပညာရေး ရှိတယ်ပေါ့နော်။ အမေစု ကျွန်တော် အမေစုကို ပုံမှန်မေးတာပေါ့နော်။ အခုဟာက ဥပဒေ ဘယ်သူမှ မတတ်ဘူး။ အဲဒီဥပဒေဘယ်သူမှ မတတ်လို့ လူတွေခံနေရတာ။
အဲဒါက ဥပဒေရေးဆွဲတဲ့သူတွေတောင်မှ အချို့က မတတ်တတတ်ပါပဲ။ ကျွန်မကိုယ်ကျွန်မ ပြောတာပါ။ ဘာလို့လဲဆိုတော့ကျွန်မကလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဆိုတော့ဥပဒေပြုဆိုင် ရာပေါ့နော်။ ကျွန် မလဲ ခုမှ သင်ယူနေရတာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာဆိုလို့ရှိရင် ဒီလို တရားဥပဒေ စိုးမိုးရေးဆိုတာလည်း မရှိခဲ့တာကြာပြီ။ နောက်ပြီးတော့ လွှတ်တော်ဆိုတာလည်း မရှိခဲ့ တာကြာပြီ။ ဆက်ပြီးမေးချင်လို့လား မေးလိုက်ပါ။-

  • အမေစု ကျွန်တော်တို့ ကျောင်းတွေပေါ့နော်။ ဥပဒေပညာ တအားဖွင့်ပေးစေချင်တယ်။
သား၊ ကျောင်းတွေအကြောင်းမပြောနဲ့။ တက္ကသိုလ်က ဥပဒေတောင်မှ အဆင့်မမီသေးလို့ ကြိုးပမ်းနေရ တယ်။ ကြိုးစားပါ့မယ်။ မူလတန်းအဆင့်ကနေပြီးတော့ ကြိုးစားရမယ်။ ကျွန်မတို့ဟာ အဓိကအားဖြင့် ကျွန်မ တို့ ကလေးတွေဟာ မူလတန်းအဆင့် ရောက်အောင်တင်မကဘူး။ မူလတန်းအဆင့်မှာ သင်ရတာ လုံလောက်ရမယ်။ အဲဒီကနေစရမှာ။ အခုကျွန်မတို့ တက္ကသိုလ်မှာ ဥပဒေပညာအဆင့်မြှင့်ရေးအတွက် အင် မတန်မှ ကြိုးစားနေပါတယ်လို့ ပြောပါရစေ။

  • ကျောင်းသားတစ်ဦး-ကျွန်တော်တို့ကတော့နိုင်ငံတကာဆက်ဆံရေးပညာလေ့လာနေ တဲ့ ကျောင်း သားတွေ ပါ ခင်ဗျ။ ကျွန်တော်တို့ အဓိက သိချင်တာက ကျွန်တော်တို့က အမေစုကို သမ္မတဖြစ်စေ ချင်ပါတယ်။ ကျွန်တော်တို့စဉ်းစားရမယ့်ကိစ္စတွေက အခြေခံဥပဒေ ကိစ္စတွေပေါ့လေ။ အဲဒါတွေနဲ့ ပတ်သက်လို့ အမေစုသိမြင်နိုင်တဲ့ သုံးသပ်နိုင်တဲ့ အနေအထားတွေနဲ့ ဘယ်လိုလုပ်ရင် အဆင်ပြေနိုင် မယ်ဆိုတာလေးတွေ ပြောပြစေချင်ပါတယ်။ 
ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တကယ်တော့ စစ် မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီတဲ့ဥပေဒဖြစ် တယ်။ ဒါကျွန်မရှင်း ရှင်းလင်းလင်းပြောတာ။ အချို့က ပြောတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ က ပြည်သူတွေက လက်ခံပြီးတော့ အတည်ပြုခဲ့တာပါလို့။ အဲဒါကို ကျွန်မ သိပ်မယုံချင်ဘူး။
အဲဒီအချိန်တုန်းက တစ်ခုတော့ ပြောနိုင်တယ်။ ကျွန်မက လုံးဝမ ထောက်ခံခဲ့ဘူး။ ကျွန်မက အကျယ်ချုပ် ဘ၀အနေနဲ့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ကန့်ကွက်မဲထည့်ခဲ့တယ်။ ဒါကြောင့်မို့ လို့ ပြည် သူတွေက ထောက်ခံတဲ့ ၉၂ ရာခိုင်နှုန်းဆိုတာ ကျွန်မကတော့ စဉ်းစားစရာလို့ စိတ်ထဲမှာ ဒီလိုပဲရှိပါတယ်။ အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ကျွန်မတို့ ပြုပြင်ဖို့ ကြိုးစားရမယ်။ ဒီလို ပြုပြင်ဖို့ ကြိုးစားတာနဲ့ ပတ်သက်လို့ ကျွန်မတစ်ခုပြောချင်တယ်။ ကျွန်မတို့ မကြာခင်ကာလတွေ အတွင်းမှာ နေပြည်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုပြီးတော့ တရားရေးနဲ့ ပတ်သက်ပြီးတော့ နားလည်ဖို့ ဥပဒေနဲ့ ပတ် သက်ပြီး နားလည်နိုင်ဖို့ ကျွန်မတို့ သင်တန်းတွေ စီစဉ်တယ်။
သင်တန်းတွေ စီစဉ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့လည်း သင်တန်းတစ်ခုပြုလုပ်ခဲ့တယ်။ အဲဒီသင်တန်းမှာ လာပြီးတော့ စကားပြောတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကြီးတက္ကသိုလ်က ဘယ်လိုပြောသွားလဲဆိုတော့ သူတစ်ကမ္ဘာလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို လေ့လာခဲ့ပြီးပြီတဲ့။ ဒီနိုင်ငံက ဥပဒေလောက် ပြင်ရခက်တဲ့ ဥပဒေတစ်ခါမှ မတွေ့ဖူးဘူးတဲ့။ အဲဒီဟာကို က ပြောင်း လဲဖို့လိုပြီလို့ ပြောသွားပါတယ်။ ကျွန်မတို့လဲ ဒီအတိုင်း ပဲ ကြိုးစားသွားမယ်။ ကျွန်မက ဘာမ ဆို အေးအေးချမ်းချမ်းနဲ့ စည်းကမ်းဘောင်အတွင်းက ဖြစ်စေချင်တယ်။ အဲဒီလိုဖြစ်စေချင် တယ်ဆိုတာက ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး ဖြစ်စေချင်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ အေးအေးချမ်းချမ်း တည် တည်ငြိမ် ငြိမ်နဲ့ ဥပဒေဘောင်အတွင်းကလုပ်တဲ့ အလေ့အကျင့်ဖြစ်သွားပြီဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ကျွန်မတို့ အများကြီး စိတ်ချရပြီ။

  • ကျွန်မက မောရစ်သျှနိုင်ငံက လာတာပါ။ ကျွန်မ ဒီနိုင်ငံကို ရောက်တာ နှစ်ရက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒီနှစ် ရက်အတွင်းမှာတောင်မှ မြန်မာနိုင်ငံရဲ့ အလားအလာတွေ ကောင်းတယ်ဆိုတာ မြင်ရ ပါတယ်။ ကျွန်မရဲ့ အတွေးအခေါ်အရ ဒီနိုင်ငံဟာ ထွန်းသစ်စ နေမင်းကြီးလို တစ်နေ့ထက်တစ်နေ့ တိုးတက် လာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်တဲ့။ အဲဒါကြောင့် နိုင်ငံခြားမှာရောက်နေတဲ့ အရည် အချင်းပြည့်စုံတဲ့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားများ ပြန်လာပြီးတော့ မိမိတို့နိုင်ငံကို ကူညီဖို့ အားပေးပါ၊ တိုက်တွန်းပါလို့ အကြံပြုပါတယ်။
(သူမ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ဆိုပြောပေးကာအဖြေပေးသည်။) ကျွန်မ တို့နိုင်ငံနဲ့ ဘာမှမပတ်သက်တဲ့ နှစ်ရက်သာ အလည်လာနေတဲ့ နိုင်ငံခြားသူတစ်ယောက်ကနေပြီးတော့ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့အတွက် နိုင်ငံခြားရောက် နိုင်ငံသူ၊ နိုင်ငံသားများ ဖိတ်ခေါ်သင့်တယ်ဆိုလို့ရှိရင် ကျွန်မတို့ အဝေးရောက် နိုင်ငံသူ၊ နိုင်ငံသားများကလဲ ကိုယ့်နိုင်ငံ တိုးတက်ဖို့အတွက် ကောင်းမွန်ဖို့ ၀င်ရောက်ပြီးတော့ ကူညီလို့ရတဲ့ ကဏ္ဍကနေပြီး ကူညီကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ 

ညီညီဇော်
moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1