Thursday, June 13, 2013

တောရက်စ်ကို ပေါင်(၁၇)သန်းဖြင့် ဘာစီလိုနာ ခေါ်ယူဖွယ် ရှိကြောင်း The Sunဖော်ပြ

Ever November | 6/13/2013 11:24:00 AM | Best Blogger Tips

ဘာစီလိုနာ အသင်းသည် ချယ်လ်ဆီး တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ကို ကမ်းလှမ်းမှု ပြုလုပ်လာဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ဗြိတိန်ထုတ် The Sun သတင်းစာက စပိန် လာလီဂါ ချန်ပီယံ အသင်းသည် အသက်(၂၉)နှစ်ရှိ စပိန်လက်ရွေးစင်ကို ပေါင်စတာလင် (၁၇)သန်းဖြင့် ကမ်းလှမ်းရန် စိတ်ဝင်စား နေကြောင်း ရေးသားခဲ့သည်။ ယင်းဈေးနှုန်းမှာ လီဗာပူးလ်ထံမှ တောရက်စ်ကို ဗြိတိသျှ စံချိန်တင် ဈေးနှုန်းပေးချေ ဝယ်ယူခဲ့သည့် ချယ်လ်ဆီး၏ ပြောင်းရွှေ့ကြေး ကုန်ကျ စရိတ်ထက် ပေါင်စတာလင် (၃၃)သန်းထိ လျော့နည်းလျှက် ရှိသည်။ တောရက်စ်သည် စတမ်းဖို့ဒ် ဘရစ်ဂ်ျ ကစားသမား ဘဝကို အတောက်ပဆုံး ဖြတ်သန်း နိုင်ခဲ့ခြင်း မရှိသလို မန်နေဂျာသစ် ဟိုဆေး မော်ရင်ဟို လက်အောက်တွင် အနာဂတ် မရေမရာ ဖြစ်နေရသည်။
ဘာစီလိုနာသည် တစ်ချိန်က လာလီဂါ၏ ထိပ်တန်းအဆင့် တိုက်စစ်မှူးတစ်ဦး ဖြစ်ခဲ့သော တောရက်စ်ကို တိုက်စစ်အတွက် နေရာပေး ခေါ်ယူရန် စဉ်းစားနေခြင်းဟု ဆိုသည်။ တောရက်စ်သည် ပြီးခဲ့သည့် ရာသီက ချယ်လ်ဆီးအတွက် (၂၂)ဂိုး ရရှိ ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် (၈)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ဘာစီလိုနာသည် ချယ်လ်ဆီး နောက်ခံလူ ဒေးဗစ်လုဇ် ကိုလည်း ပေါင်စတာလင် (၃၅)သန်းဖြင့် ကမ်းလှမ်းဖွယ် ရှိနေကြောင်း The Sunက ဆိုသည်။ ဘာစီလိုနာ အနေဖြင့် တောရက်စ်ကို ဒေးဗစ်ဗီလာ နေရာတွင် လည်းကောင်း၊ လုဇ်ကို ကားလက်စ်ပူယိုးလ် နေရာတွင်လည်းကောင်း အစားထိုးသွားရန် မျှော်လင့်နေဖွယ် ရှိကြောင်းလည်း The Sun က သုံးသပ် ဖော်ပြသွားခဲ့သည်။  
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1