Wednesday, January 22, 2014

ကာဘယ်လာကို ခေါ်ယူရန် နယူးကာဆယ် သဘော တူညီမှု ရရှိ

Ever November | 1/22/2014 09:36:00 AM | Best Blogger Tips
နယူးကာဆယ်သည် မောင့်ပယ်လီယာ ကွင်းလယ် ကစားသမား ရီမီ ကာဘယ်လာကို နွေရာသီတွင် ခေါ်ယူနိုင်ရန် သဘော တူညီမှု ရရှိထားပြီး ဖြစ်ကြောင်း အဆိုပါ ပြင်သစ် ကလပ်၏ ဥက္ကဋ္ဌဖြစ်သူ လောရင့်နီကိုလင်က ပြောကြားခဲ့သည်။

ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သည့် ကာဘယ်လာသည် ယခုနှစ် ဘောလုံး ရာသီတွင် လီဂူးဝမ်း၌ ပွဲ ၂၀ ပါဝင် ကစားထားပြီး ၆ ဂိုးသွင်းထားကာ အသင်း၏ ထိပ်တန်း ဂိုးသွင်းရှင် အဖြစ် ရပ်တည်လျက် ရှိသည်။
ကာဘယ်လာသည် လက်ရှိ အပြောင်းအရွှေ့ ကာလတွင် စိန့်ဂျိမ်းပတ်ခ်သို့ ပြောင်းရွှေ့ဖွယ် ရှိသော်လည်း ကလပ်အသင်းနှစ်ခု၏ သဘော တူညီမှု အရ နွေရာသီမှသာ ပြောင်းရွှေ့မည်ဟု နီကိုလင်က ဆိုခဲ့သည်။

“ကျွန်တော်တို့ နယူးကာဆယ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး သဘော တူညီမှု တစ်ရပ် ရရှိထားပါတယ်။ ဒါပေမဲ့ ရီမီက ဇွန်လမှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ပါဘူး” ဟု နီကိုလင်က ပြင်သစ်နေ့စဉ် သတင်းစာ Midi Libre ထံ ပြောကြားခဲ့သည်။

ကာဘယ်လာသည် ၎င်း၏ ကစားaသမား ဘဝကို မောင့်ပယ်လီယာနှင့်သာ ကုန်ဆုံးခဲ့သူဖြစ်ပြီး လက်ရှိတွင် အသင်းအတွက် ၆၈ ပွဲ ကစားကာ ၁၅ ဂိုး သွင်းယူထားသူ ဖြစ်သည်။

၎င်းသည် နွေရာသီတွင် နယူးကာဆယ်သို့ ပြောင်းရွှေ့မည် ဖြစ်သောကြောင့် မောင့်ပယ်လီယာ နောက်ခံ ကစားသမားဟောင်း မာပူယန်ဂါအမ်ဘီဝါနှင့် ပြန်လည်တွဲဖက် ကစားရမည် ဖြစ်သည်။


Ref:Goal
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1