Wednesday, January 22, 2014

မင်္ဂလာဒုံမြို့နယ် စစ်သားစုဆောင်းရေးတပ် (လေ) ၀င်းအတွင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွား

Ever November | 1/22/2014 10:26:00 AM | Best Blogger Tips

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ စစ်သားစုဆောင်းရေးတပ် (တပ်မတော်လေ) ၀င်းအတွင်း၌ ဇန်န၀ါရီ၂၁ရက်ညနေ၆နာရီဝန်းကျင်ကဆီပေပါများမီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးအဆိုပါပေါက်ကွဲမှု
များကြောင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်များ ခေတ္တရပ်ဆိုင်း
ခဲ့ရပြီး လေဆိပ်နာရီဝက်ခန့် ပိတ်ထားခဲ့ရသည်ဟု သိရသည်။

လောင်စာဆီပေပါပုံးများမှာ မီးလောင်ကျွမ်း၍ ပြင်းထန်စွာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ပြည်လမ်းမဘက်သို့ လွှင့်စင်မှုများ ဖြစ်ပွားခဲ့သည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်း/ ပြည်ပ လေကြောင်းခရီးစဉ်များ ခေတ္တခဏပိတ်ခဲ့ပြီး ည ၇ နာရီအချိန်တွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။
ထို့အပြင် ပြည်လမ်းလမ်းမကိုလည်း အချိန်အတော်ကြာပိတ်ထားခဲ့ရကြောင်း သိရသည်။

လောင်စာဆီ ပေပါပုံးတွေတ၀ုန်းဝုန်းနဲ့ထပေါက်တာ ပေ၅၀ လောက်အထိ မြင့်တက်သွားတယ်။ ပေါက် ကွဲတဲ့ ပုံးအရေအတွက်ကတော့ ၁၀ ပုံးအထက် ရှိပါတယ်။ ဒီနေရာက လေတပ်စစ်သား စုဆောင်းရေးနေရာဖြစ်တယ်။အခုမီးလောင်ပေါက်ကွဲတဲ့ဆီပေပါတွေကတော့ လေယာဉ်ဆီတွေလို့ ထင်ပါတယ်
"မီးစလောင်နေတာကတော့ ညနေ ၄ နာရီခွဲလောက်ကပဲ။ ခဏကြာတော့ လောင်စာဆီ ပေပါပုံးတွေ တ၀ုန်းဝုန်းနဲ့ ထပေါက်တာ ပေ ၅၀ လောက်အထိ မြင့်တက်သွားတယ်။ ပေါက်ကွဲတဲ့ ပုံးအရေအတွက်ကတော့ ၁၀ ပုံးအထက် ရှိပါတယ်။ ဒီနေရာက လေတပ်စစ်သား စုဆောင်းရေးနေရာဖြစ်တယ်။ အခုမီးလောင်ပေါက်ကွဲတဲ့ ဆီပေပါတွေကတော့ လေယာဉ်ဆီတွေလို့ ထင်ပါတယ်"ဟု မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအနီးရှိ စာတိုက်မှတ်တိုင်အနီး၌ နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။

မီးလောင်ကျွမ်းမှုမှာ ဆီပေပါများဖြစ်သည့်အတွက် မီးမှာအရှိန်ပြင်းစွာ လောင်ကျွမ်းခဲ့ပြီး မီးသတ်ဆေးတစ်မျိုးဖြစ်သည့် ကာဗွန်အောက်ဆိုဒ်အရည်များဖြင့် ပတ်ဖြန်းမှသာ မီးမှာငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်ကား အစီး ၆၀ ခန့် လာရောက် ငြှိမ်းသတ်ခဲ့ရပြီး ည ၈ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

"မီးလောင်တာက လောင်စာဆီတွေ လောင်တာပါ။ ဘာကြောင့်လောင်ကျွမ်းရလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မီးလောင်ကျွမ်းမှုကို level 5 အဖြစ် သတ်မှတ်ထားပါတယ်။ မီးသတ်ကား ၆၂ စီးလာရောက် ငြိမ်းသတ်တယ်လို့ ခန့်မှန်းထားတယ်"ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရက မီးငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် ပြောကြားခဲ့ပြီး မည်သည့်ဆီအမျိုးစား လောင်ကျွမ်းခဲ့သည်ကို ပြောကြားခြင်းမရှိခဲ့ပေ။

အဆိုပါ မီးလောင်ကျွမ်းမှုအား အနီးကပ် ၀င်ရောက်ငြှိမ်းသတ်ခဲ့သည့် မီးသတ်ဝန်ထမ်းတစ်ဦးမှာ မီးဟတ်ခံရမှုကြောင့် အရေးပေါ်လူနာတင်ယာဉ်ဖြင့် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဇန်န၀ါရီ ၂၀ ရက်ကလည်း ရန်ကုန်မြို့ Ocean ကုန်တိုက်နှင့် မျက်နှာချင်းဆိုင် ပြည်လမ်းပေါ်ရှိ ဂျီအီး-၄ တပ်အတွင်း ဂိုဒေါင်တစ်လုံးမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1