Wednesday, January 22, 2014

ဘိန်းဖြူရောင်းဝယ်သူ ၃၀ ကို ဗီယက်နမ် သေဒဏ်ချမှတ်

Ever November | 1/22/2014 09:14:00 AM | Best Blogger Tips
ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဘိန်းဖြူရောင်းဝယ်မှုပြုလုပ်ခဲ့သူ ၃၀ ဦး ကို သေဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံတွင် လူအများဆုံး အမှုစစ်ဆေးမှု အဖြစ် လူ ၈၉ ဦး ကို ဇန်နဝါရီလအစောပိုင်းက Quang Ninh ပြည်နယ်တွင် စတင် အမှုစစ်ဆး ခဲ့ပြီး ၄င်းတို့ထဲမှ လူ ၃၀ ကို သေဒဏ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

ဘိန်းဖြူနှစ်တန် ရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားသော အဆိုပါ ၈၉ ဦးကို အမှု အမျိုးမျိုးဖြင့် ယမန်နှစ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ၄င်းတို့ထဲမှ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ကိုးဦးကို သေ ဒဏ်ပြစ်ဒဏ် ချမှတ်ခဲ့ပြီး၊ ကျန်လူများ မှာလည်း ထောင်ဒဏ် ၂ နှစ်မှ ထောင်ဒဏ်တစ်သက် အထိချမှတ်ခံခဲ့ရသည်။

"တရားခံဦးရေ များတာရော၊ သေဒဏ် ပြစ်ဒဏ်ပေး ခံရသူများတာ ကိုရော ကြည့်မယ်ဆိုရင် ဒီအမှုဟာ ဗီ ယက်နမ်မှာ အကြီးဆုံး အမှုပါပဲ" ဟု ဗီယက်နမ်ရှိ ဘီဘီစီသတင်းထောက် Nga Pham က ပြောကြားသည်။

အဆိုပါ တရားခံများသည် မူးယစ်ဂိုဏ်း အဖွဲ့မျိုးစုံမှဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစ၍ လာအိုမှ ဘိန်းဖြူများကို ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ရောင်းချကြခြင်းဖြစ်ကြောင်း ဗီယက်နမ်အစိုးရ မီဒီယာများတွင် ဖော်ပြထား သည်။

၎င်းတို့၏ ပြစ်မှုများမှာ ကြီးလေးသောကြောင့် ထောင်တွင်းတရားရုံး၌ပင် အမှုစစ်ဆေး ခဲ့ကြော င်း အမှုကို စစ်ဆေးရာတွင် ပါဝင်သော ဦးဆောင်တရားသူကြီး Ngo Duc က ပြောကြားသည်။

ဗီယက်နမ်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြစ်ဒဏ် ပြင်းပြင်းထန်ထန် ချလေ့ရှိပြီး ၂၀၁၂ ခုနှစ်က မူးယစ်ဆေးဝါးမှုဖြင့် သေဒဏ် ချမှတ်ခံရသူ ၈၆ ဦးရှိသည်။

ဗီယက်နမ်တွင် သေဒဏ် ချမှတ်ခံရသူ ၅၀၀ ကျော်ထိရှိကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၏ ၂၀၀၃ ခုနှစ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1