Wednesday, January 22, 2014

Pee Mak ဇာတ်လမ်း အခြေခံထားတဲ့ ‘အစွဲ’ ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်နေသူ ရွှေစင်

Ever November | 1/22/2014 09:33:00 AM | Best Blogger Tips
အနုပညာ လောကထဲ အခြေချနိုင်အောင် အထောက်အကူ ဖြစ်စေတဲ့ မော်ဒယ် ပြိုင်ပွဲတွေမှာ ကြိုးစား ယှဉ်ပြိုင်ခဲ့ရာကနေ ဆုခုနစ်ဆုကို ရရှိခဲ့သူကတော့ ရွှေစင်ပဲ ဖြစ်ပါတယ်။ အနုပညာ မျိုးရိုး မရှိဘဲ အခက်အခဲမျိုးစုံကို ရင်ဆိုင် ကျော်လွှားပြီး အနုပညာ လောကထဲမှာ အခြေချ ရပ်တည်နေခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို အချိန်မျိုးမှာ အစကတော့ ဖိုတို မော်ဒယ်၊ ပရော်ဖက်ရှင်နယ် မော်ဒယ် တစ်ယောက်အနေနဲ့ပဲ နေမယ်လို့ ပြောခဲ့ပြီး အခုအချိန်မှာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူး ဖြစ်ရတဲ့ အကြောင်းကို မေးကြည့်တော့ ရွှေစင်က..
”အနုပညာ သက်တမ်း ၄ နှစ် ကျော် အတွင်းမှာ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ပြီးပြီ။ အစက သီးသန့် ဖိုတို မော်ဒယ် အနေနဲ့ပဲ ရပ်တည်မယ်လို့ စိတ်ကူးခဲ့တယ်။ အခုကားရိုက်တွေ စတင် လက်ခံလာတာလည်း အခက် အခဲတွေကြား၊ အတိုက်အခံတွေ ကြားကပဲ လက်ခံ ရိုက်ကူးတယ်။ အဓိက ကတော့ ပရိသတ် အားပေးမှုပါပဲ။ ကားရိုက်ဖို့ အဓိက တိုက်တွန်း အားပေးတာလည်း ရွှေစင်ကို ချစ်တဲ့ ပရိသတ်ပါပဲ။ ရွှေစင်ဘဝမှာ အလိုချင် ဆုံး၊ အတောင့်တဆုံးက ပရိသတ် လက်ခုပ်သံပါ” လို့ ပြောပါတယ်။ ခေတ်ဖက်ရှင်နဲ့ Sexy ပုံ ဝတ်စားမှုပုံကို ဘယ်လို အဓိပ္ပာယ်ဖွဲ့ဆိုပါသလဲ လို့ မေးကြည့်တော့..
Beauty is confident လို့ပဲ နားလည်ထားတယ်။ ဘုရားသွားရင် လုံလုံခြုံခြုံ ဝတ်ရမယ်။ သူ့နေရာနဲ့သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိရင် ဝတ်တာပဲ။ Sexy ဝတ်မှ လှတာ မဟုတ်ဘူး။ သူ့ဟာနဲ့သူ လှတာပဲ။ ရွှေစင်ရဲ့အားသာချက်က ထိုင်မသိမ်း ဝတ်ရင် ထိုင်မသိမ်းနဲ့ လိုက်တဲ့ မျက်နှာပေးက သူ့အလိုလို ပေါ်လာတယ်။ခေတ် Sexy ပုံ ရိုက်ရင် လည်း  မျက်နှာက Sexy ပုံစံ ကျတယ်။ ဝတ်စုံ ပြောင်းလဲတဲ့ အပေါ်မှာ မျက်လုံး နဲ့ မု(ဒ်)က ပြောင်းသွားတာပဲ” လို့ ပြောပြခဲ့ပါတယ်။ ရွှေစင်က အခု လတ်တလောမှာ ဒါရိုက်တာ ရွှေပြည်ကတုံး ရိုက်ကူးတဲ့ Pee Mak ဇာတ်လမ်း အခြေခံထားတဲ့ ‘အစွဲ’ ဇာတ်ကားကို သူထူးစံနဲ့ သရုပ်ဆောင် ထားကြောင်း ပြောပြပြီး အဲဒီဇာတ်ကား ပြီးရင်လည်း တခြား လက်ခံထားတဲ့ ဇာတ်ကားတွေ ရိုက်ကူးမှာ ဖြစ်ကြောင်း ရွှေစင်က ပြောပြခဲ့ပါတယ်။

ထူးထူး
Popular

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1