Wednesday, January 22, 2014

လီဗာပူးလ်၏ ခံစစ်ပိုင်း ကစားပုံ ယခုထက် ပိုကောင်းသင့်ကြောင်း ဟန်ဒါဆန် တိုက်တွန်း

Ever November | 1/22/2014 09:49:00 AM | Best Blogger Tips
စနေနေ့က အက်စ်တွန်ဗီလာကို ၂ ဂိုးစီ သရေ ကျခဲ့ပြီးနောက် အသင်း၏ ကစားပုံ ယခုထက် ပိုမိုတိုးတက် ကောင်းမွန်စေရန် အတွက် လီဗာပူးလ် အသင်းသားများ ကူညီ သင့်ကြောင်း ဂျော်ဒန် ဟန်ဒါဆန်က တိုက်တွန်း ပြောကြားခဲ့သည်။
လီဗာပူးလ်သည် ယခုနှစ် ဘောလုံး ရာသီတွင် ၂၈ ဂိုး သွင်းယူ ခံထားရပြီး ထိပ်ဆုံး ၇ သင်းတွင် ဂိုးအများဆုံး သွင်းခံထား ရသည့် အသင်းအဖြစ် ရပ်တည်နေသည်။ သို့သော်လည်း လီဗာပူးလ်သည် သွင်းဂိုး ၅၃ ဂိုး ရရှိထားသောကြောင့် ဂိုးကွာခြားချက် ညီမျှသည်ဟု ဆိုရမည် ဖြစ်သည်။
ပရီးမီးယားလိဂ်တွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် အာဆင်နယ်အသင်းနှင့် ၈ မှတ်ကွာပြီး အဆင့် ၄ နေရာ၌ ရပ်တည်နေသည့် လီဗာပူးလ်သည် ခံစစ်ကစားပုံ ပိုကောင်းလာပါက ချန်ပီယံဆု အတွက် ပြိုင်ဘက်များကို ပိုမိုဖိအားပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဟန်ဒါဆန်က ဆိုခဲ့သည်

“ကျွန်တော်တို့ တစ်သင်းလုံး ခံစစ်ကစားပုံ ကောင်းရမယ်လို့ ထင်ပါတယ်။ ဒါဟာ ခံစစ်ပိုင်းက လေးယောက်နဲ့ ဂိုးသမား အတွက်ပဲ မဟုတ်ပါဘူး။ တစ်သင်းလုံး ခံစစ်ကစားပုံ ကောင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ကစားပုံ ပြောင်းလဲပြီးတဲ့နောက် ကစားပုံ ပိုကောင်းလာခဲ့ပြီး ၂ ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်” ဟု ဟန်ဒါဆန်က အက်စ်တွန်ဗီလာနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
 

Ref:Goal
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1