Wednesday, January 22, 2014

ရာဖေးလ်၏ ဖျက်ထုတ်မှုကြောင့် ဒဏ်ရာ မရခဲ့သည့် အတွက် စိတ်သက်သာရာ ရမိကြောင်း ကာဟေးလ် ဖွင့်ဟ

Ever November | 1/22/2014 10:16:00 AM | Best Blogger Tips
မန်ချက်စတာ ယူနိုက်တက် နောက်ခံ ကစားသမား ရာဖေးလ်၏ ခြေစုံပစ် ဖျက်ထုတ်မှုကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရရှိခဲ့သည့် အတွက် စိတ်သက်သာရာ ရမိကြောင်း ဂယ်ရီကာဟေးလ်က ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့က ချယ်ဆီးကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ရာဖေးလ်သည် ကာဟေးလ်ကို ခြေစုံပစ် လျှောထိုး ဖျက်ထုတ်ခဲ့သည့် အတွက် ဒိုင်လူကြီး ဖီးလ်ဒေါင်းက အဝါကတ် ပြသကာ သတိပေးခဲ့သည်။
အဆိုပါ ဖျက်ထုတ်မှုသည် ဟာဇက်ကို ဖျက်ထုတ်ပုံကြမ်းခဲ့သည့် နီမန်ဂျာဗီဒစ် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဖျက်ထုတ်မှုကြောင့် ရာဖေးလ်သည်လည်း အနီကတ် ပြသခံရသင့်ကြောင်း အသက် ၂၈ နှစ်အရွယ် ကာဟေးလ်က ဆိုခဲ့သည်။

“ကျွန်တော် ဒဏ်ရာမရခဲ့ပါဘူး။ သူ ခြေစုံပစ် လျှောထိုးပြီး ဖျက်ထုတ်ခဲ့တာပါ။ သူဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ မသိပေမယ့် ကျွန်တော် ဒဏ်ရာမရခဲ့တဲ့ အတွက် စိတ်သာသာရာ ရခဲ့ပါတယ်။ ဒီပွဲဟာ အရမ်းကို အရေးပါတဲ့ ပွဲဖြစ်သလို အရမ်းကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ ကျွန်တောတို့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ယုံကြည်မှု ပြင်းထန်ခဲ့လို့လည်း အနိုင်သုံးမှတ် ရရှိခဲ့တာပါ” ဟု အင်္ဂလန် နောက်ခံ ကစားသမားက ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ကာဟေးလ်သည် ဟက်ထရစ် သွင်းယူခဲ့သည့် တိုက်စစ်မှူး ဆမ်မြူရယ် အီတူးကို ချီးကျူးသွားခဲ့ပြီး ၎င်းသည် ရရှိသည့် အခွင့်အရေးများကို အကောင်းဆုံး အသုံးချနိုင်ခဲ့ကြောင်း ပြောကြားသွားခဲ့သည်။
 

Ref:Goal
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1