Wednesday, January 22, 2014

မျိုးကြီးနဲ့ သီချင်းသစ်တစ်ပုဒ် တွဲဆိုလိုက်သူ အောင်လ

Ever November | 1/22/2014 10:58:00 AM | Best Blogger Tips

အောင်လတို့ Reason အဖွဲ့က သူတို့ရဲ့ ဒုတိယ စီးရီး ‘ပင်လယ်ထဲက မြစ်များ’ ကို ၂ဝ၁၄ နှစ်ဆန်းမှာ ထွက်ရှိနိုင်အောင် ပြင်ဆင်နေတယ် လို့ သိရပါတယ်။ Reason ရဲ့ ဒုတိယ စီးရီးထဲမှာတော့ စီနီယာ ရော့ခ်ကာ တစ်ဦး ဖြစ်တဲ့ မျိုးကြီးနဲ့ အောင်လတို့ တွဲဆိုထားတဲ့ သီချင်း တစ်ပုဒ် ပါဝင်ပါတယ်။ မျိုးကြီးနဲ့ စုံတွဲ ဆိုဖြစ်ပုံကို အောင်လက ”အဲဒီ Title Song ‘ပင်လယ်ထဲက မြစ်များ’ သီချင်းက ကိုမျိုးကြီးနဲ့လည်း လိုက်တယ် ။ အစ ကတော့ တစ်ယောက်တည်း ဆိုထားတာ။ အခုမှ ကိုမျိုးကြီးနဲ့ တွဲဆိုဖြစ်တာ။
ဒီသီချင်းက အချစ် သီချင်းလည်း မဟုတ်ဘူး။ သီချင်းကလည်းအကြမ်းစား။ ဟာမိုနီတွေလည်း အများကြီးပဲ။ ကိုမျိုးကြီးကို သွားပြတော့ သူကလည်း ကြိုက်တယ်။ ဒါပေမယ့် ကိုမျိုးကြီးက ဆိုပေးမယ်လို့တော့ ထင်မထားဘူး။ ဆိုပေးမယ် ဆိုတော့ ဝမ်းသာသွားတယ်။ ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်ကတည်းက သူတို့သီချင်းတွေနဲ့ ကြီးလာတာ။
အဲဒီလို လူကြီးတွေနဲ့ တွဲဆိုရတာ တအား ဝမ်းသာတယ်” လို့ အောင်လက ပြောပါတယ်။ အောင်လရဲ့ ဒုတိယ အခွေမှာတော့ သီချင်း ၁၃ ပုဒ် ပါမှာ ဖြစ်ပြီး သီချင်း တစ်ပုဒ်ချင်းစီမှာ ခုနစ်မိနစ်စာလောက် ရှိတဲ့ သီချင်းတွေလည်း ပါတာကြောင့် ၁၃ ပုဒ်နဲ့ပဲ ထည့်လိုက်တယ်လို့လည်း အောင်လက ပြောပါတယ်။
”အတိုဆုံး သီချင်းတောင် လေးမိနစ် ရှိတယ်။ ပြီးတော့ ဒီအခွေမှာ ပထမဆုံး Track ၊ ပင်လယ်ထဲက မြစ်များကို စဖွင့်လိုက်တာနဲ့ အရင်နဲ့ မတူဘဲ အံ့သြသွားအောင် လုပ်ထားတယ်။ ပြီးတော့ အရင် အခွေလောက် ပေါ့ပ်တွေ မပါဘူး။ ရော့ခ်တွေချည်းပဲ များမယ်” လို့ အောင်လ ပြောပါတယ်။ အောင်လရဲ့ ဒုတိယအခွေ ကာဗာကတော့ မြို့ပျက် ကြီးတစ်ခု ပုံသဏ္ဋာန်ကို ကြည့် လိုက်တာနဲ့ ဆွဲဆောင်မှု ရှိအောင် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ 
ရဲရဲ
Popular News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1