အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုသည် 
(၁)ဂိုးစီ သရေကျခဲ့သော လာလီဂါ ပွဲစဉ်တွင် ပွဲချိန်(၇၆)မိနစ်၌ ကားလို့စ် 
ဂူအာပီဂွီနှင့် အန်ဒါ အစ်တာရက်ပ်စီတို့နှစ်ဦး အချင်းများမှုတွင် 
ကြားဝင်ရာမှ အနီကတ် ထိခဲ့ခြင်း ဖြစ်သည်။ အလွန်ဆိုက ဒိုင်လူကြီး 
မီဂွယ်လ်အိုင်ဇာကို တိုက်ရိုက် အပြစ် မတင်သော်လည်း ဒိုင်အနေဖြင့် အိမ်ကွင်း
 ပရိသတ်၏ ဖိအားဒဏ်အောက် ကျရောက်နေခဲ့ဟန် ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ 
မည်သို့ပင်ဖြစ်စေ၊ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး အနေဖြင့် တစ်ဒင်္ဂ 
ပေါက်ကွဲလာမှုကို ထိန်းချုပ် သင့်ကြောင်း အလွန်ဆိုက ယူဆခဲ့သည်။
"ရော်နယ်လ်ဒို အနေနဲ့ သူလုပ်ခဲ့တဲ့ အခြေအနေမျိုးကို လုံးဝ ရှောင်လွှဲနိုင် 
ခဲ့သင့်တာပါ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အထုတ်ခံရတဲ့ထိ ဖြစ်သွားတယ်" ဟု 
အလွန်ဆိုက ဆိုသည်။ "ဖြစ်ရပ် တစ်ခုလုံးမှာတော့ ရော်နယ်လ်ဒို 
ရန်လိုလွန်းတာမျိုး မမြင်ရပါဘူး။ ပြစ်ဒဏ်က ပုံကြီးချဲ့လွန်းရာ ကျနေတယ်။ 
တကယ္ဆို ဂူအာပီဂြီကသာ အဓိက အက်ဆံုး ပါဝင္သူပါ။ ခက်တာက ပရိသတ် လူအုပ်ကြီးက 
တစ်ပွဲလုံးလိုလို ဒိုင်အပေါ် လွှမ်းမိုးထားတယ်။ ဒါမျိုးက အမြဲလိုလို 
ဖြစ်နေကျပါ။ ဘာမှတော့လည်း အထူးအဆန်း မဟုတ်တော့ဘူး"ဟု အလွန်ဆိုက 
မှတ်ချက်ပြုသွားသည်။အလွန်ဆိုက ဘီလ်ဘာအိုကို သရေ ကျခဲ့သော်လည်း လာလီဂါ ချန်ပီယံဆုအတွက် မျှော်လင့်ခွင့် အပြည့်ရှိနေဆဲဟု ဆိုသည်။ "တခြားအသင်းတွေကို လိုက်ကြည့်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ကျွန်တော်တို့ လက်ထဲမှာတင် ဆုပ်ကိုင်ထားနိုင်ဆဲပါ။ ရာသီကုန်ထိ ပွဲတွေ တော်တော်များများ ကျန်နေသေးသလို ရယူနိုင်မယ့် အမှတ်တွေလည်း အများကြီး ရှိပါတယ်။ ရာသီကုန်မှာ ဘယ်လိုအခြေအနေ ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ"ဟု အလွန်ဆိုက ပြောဆိုသွားသည်။
Ref:Goal
Soccer Myanmar


No comments:
Post a Comment