အလေး မ ပစ္စည်းကို တစ်စုံကို အသုံးပြုပြီး သင့် ခန္ဓာ ကိုယ် တစ်ခုလုံး က လှုပ်ရှား ကာ လေ့ကျင့်ပေး ရမှာပါ။ တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ပေးပါ။ လေးပတ်အတွင်းမှာ သိသိသာသာ ခန္ဓာကိုယ်အလေး ချိန်ကျ သွားစေနိုင် ပါတယ်။
 လေ့ကျင့်ခန်း (၁)
ဒူးကိုအနည်းငယ်ကွေး ထားပြီး လက်တစ်ဖက်စီကနေ သင့်ခန္ဓာ 
ကိုယ်ရှေ့တည့်တည့်မှာ အလေးမပစ္စည်း တစ်ခုစီကို ထိပြီးကိုင်ထားပါ။ 
ကြမ်းပြင်ပေါ် မှာ ထိထား တဲ့ ခြေဖဝါး တွေကို မြှင့် တင်လိုက်ချိန် မှာ အလေး 
မပစ္စည်းကိုင် ထားတဲ့လက် နှစ်ဖက်ကို လည်း ဘေး တစ်ဖက်စီကို ဆန့်ထုတ် လို က်
 ပါ ။ အကြိမ် ၂၀ ပြုလုပ် လေ့ ကျင့်ပါ။
 လေ့ကျင့်ခန်း (၂)
ကြမ်းပြင်ပေါ်မှာ ခြေ ထောက်တွေကို မျက်နှာ ကြက်ဆီသို့ ဆန့်တင်ထားပြီး 
လက်တံတောင်တွေကိုကွေး ကာ အလေးမပစ္စည်းတစ်ခုစီ ကိုင်ထားပါ။ အလေးမပစ္စည်း 
ကိုင်းထားတဲ့ လက်တံတောင် တွေ ကိုဆန့်တန်းချိန်မှာ သင့် ပခုံးတွေကိုပါ 
မြှင့်တင်လိုက် ပါ။ အကြိမ် ၂၀ ပြုလုပ်လေ့ ကျင့်ပေးပါ။
 လေ့ကျင့်ခန်း (၃)
အလေးမပစ္စည်းတစ်ခုကို လက်နှစ် ဖက်နဲ့ အပေါ်ကို ဆန့်တန်းကိုင်ထားပြီး 
ခြေထောက်နှစ်ဖက်ကို လိမ်ထားပါ။ လိမ် ထားတဲ့ အနောက်ကခြေထောက်ကို ညာဘက်ကို 
ကန်ထုတ်လိုက်ချိန် ခန္ဓာ ကိုယ်ကလည်း ညာဘက်ကိုယိမ်းလိုက် ပါ။ ဘယ်ကို 
ယိမ်းလိုက်၊ ညာကိုယိမ်း လိုက် အကြိမ် ၂၀ ပြုလုပ် လေ့ကျင့်ပေး ပါ။
 လေ့ကျင့်ခန်း (၄)
လက်တစ်ဖက်စီကနေ အလေးမ ပစ္စည်းတစ်ခုစီကိုင်ထားပြီး ခြေနှစ်လှမ်း 
စာအကွာလောက်ခွာကာ ဒူးတွေကို ကွေးထားပါ။ ဆန့်တန်းကိုင်ထားတဲ့ 
အလေးမပစ္စည်းတွေရဲ့ လက်တံတောင် ကိုကွေးလိုက်ချိန် ရှေ့ကိုလည်း ခြေတစ် 
လှမ်းလှမ်းလိုက်ပြီး ဒူးတွေကိုပါ ကွေးတင် လိုက်ပါ။ ခြေလှမ်း ဘယ်၊ညာပြောင်း 
ကာ အကြိမ် ၂၀ ပြုလုပ် လေ့ကျင့်ပေးပါ။
 လေ့ကျင့်ခန်း (၅)
ဝမ်းလျားမှောက် နေပြီး အလေးမပစ္စည်း ကို နောက်ပြန်ကိုင်ထား ပါ။ 
အလေးမပစ္စည်းကို မြှင့်တင်ချိန် သင့်ခြေထောက်တစ်ဖက်ကိုလည်း 
မြှင့်တင်လိုက်ပါ။ ခြေထောက်ကို ဘယ်ညာပြောင်းပြီး အကြိမ် ၂၀ 
ပြုလုပ်လေ့ကျင့်ပေးပါ။
 လေ့ကျင့်ခန်း (၆)
ခြေထောက်နှစ်ဖက်ကို လိမ် ပြီး တံတောင်တွေကိုကွေးက အလေးမပစ္စည်း 
တစ်ခုစီကိုင်ထား ပါ။ အလေးမပစ္စည်းကိုင်ထားတဲ့ လက်တံတောင်တွေကို ဆန့်ထုတ် 
လိုက်ချိန်မှာ ခြေထောက်တစ်ဖက် ကိုလည်း ဘေးကိုဆန့်ထုတ်လိုက် ပြီး 
ကျန်ခြေထောက်တစ်ဖက် တည်းနဲ့ထောက် ကာမတ်တတ်ရပ် နေပါ။ ခြေထောက် ဘယ်၊ ညာ 
ပြောင်းကာ အကြိမ် ၂၀ ပြုလုပ် လေ့ကျင့်ပေးပါ။ 
Good Health


No comments:
Post a Comment