Tuesday, February 4, 2014

ကိုရီးယားမိသားစုတွေ ပြန်ဆုံရေးဆွေးနွေးပွဲ မကြာမီကျင်းပမည်

Ever November | 2/04/2014 12:10:00 PM | Best Blogger Tips
ပြန်လည်ပေါင်းစည်းခွင့်အတွက် ဆုတောင်းစာတွေ ချိတ်ဆွဲထားရာ ဝိုင်ယာကြိုးတွေနဲ့ ခြံစည်းရိုးကနေ တဘက်နိုင်ငံကို လှမ်းမျှော်နေသူ အမျိုးသမီးတစ်ဦး။

ကိုရီးယားစစ်ပွဲကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ မှာ ကွဲကွာသွားကြတဲ့ မိသားစုတွေ ပြန်လည် ဆုံစည်းရေး အတွက် ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက လက်ခံလိုက်တယ်လို့ တောင်ကိုရီးယား အရာရှိတွေက ပြောပါတယ်။

အပစ်အခတ်မဲ့ ရွာလေးဖြစ်တဲ့ Pan-mun-jom ရွာမှာ ဗုဒ္ဓဟူးနေ့ ဒါမှမဟုတ် ကြာသပတေးနေ့မှာ ဆွေးနွေးပွဲ ကျင်းပဖို့ မြောက်ကိုရီးယားကို (ဒီကနေ့) တနင်္လာနေ့ကပဲ ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။

ဒီလို မိသားစုတွေ ပြန်လည်ဆုံစည်းပွဲကို အမြန်ဆုံးကျင်းပနိုင်ဖို့ တောင်ကိုရီးယားက လုပ်ဆောင်မယ်လို့ တောင်ကိုရီးယားရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး Kim Eui-do က ပြောပါတယ်။ မနှစ်ကတော့ ကိုရီးယား ကျွန်းဆွယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကြောင့် ဒီလို ကိုရီးယားနှစ်နိုင်ငံမှာ ကွဲနေတဲ့မိသားစုတွေ  ပြန်လည် ဆုံစည်းပွဲ ကျင်းပခါနီးမှ ရက်ကပ်ပြီး မြောက်ကိုရီးယားက ဒီပွဲကို ရုတ်တရက် ဖျက်လိုက်တာပါ။

စစ်ပွဲကြီးပြီးဆုံးတာ မဟုတ်ဘဲ ၁၉၅၃ မှာ အပစ်အခတ်ရပ်စဲလိုက်လို့ ကိုရီးယားစစ်ပွဲကြီး ရပ်သွားကတည်းက ကိုရီးယားနွယ်ဖွား သန်းပေါင်းများစွာ ကွဲကွာနေကြတာ ဖြစ်ပါတယ်။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1