Tuesday, February 4, 2014

မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်လေဆိပ်အား သုံးနာရီခန့် ပိတ်ခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျ

Ever November | 2/04/2014 01:01:00 PM | Best Blogger Tips

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသော လေယာဉ်များအား ဇန်န၀ါရီ ၃၁ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တွင် မြူများထူထပ်စွာ ကျရောက်မှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား သုံးနာရီခန့် ပိတ်ထားခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ထွက်ခွာချိန် နောက်ကျခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃ဝ ခန့်မှ စတင်ကာ နံနက် ၈ နာရီ ၅ မိနစ်ခန့်ထိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ထား ခဲ့ရကြောင်း သိရသည်။
“နံနက် ၅ နာရီခွဲလောက် ကတည်းက မြူထူထပ်စွာ ကျနေတာ မြင်ကွင်းက မီတာ ၅ဝ လောက်အထိပဲ မြင်ရတယ်။ ဒါကြောင့်မို့ ရန်ကုန်လေဆိပ်ကို ပိတ်ခဲ့တာပါ။ နံနက် ၈ နာရီ ၅ မိနစ်မှ မြူတွေရှင်းသွားလို့ လေဆိပ်ပြန်ဖွင့် ခဲ့ပါတယ်။ ပြည်တွင်းလေကြောင်း လိုင်းတွေအားလုံး ခရီးစဉ်ထွက်ခွာချိန် နောက်ကျခဲ့ပါတယ်”ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ လေကြောင်း ထိန်းမျှော်စင်မှ တာဝန်ရှိသူက ဆိုသည်။
ယင်းကဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ထား ခဲ့ရမှုကြောင့် ဘန်ကောက်မြို့မှ ပျံသန်းလာသည့် Nok Air လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ရန်ကုန်လေဆိပ်သို့ ဆင်းသက်နိုင်ခြင်းမရှိဘဲ လှည်းကူးမြို့အနီးတွင် ပျံဝဲနေခဲ့ရကြောင်း သိရသည်။
ပြည်တွင်းခရီးစဉ် ပျံသန်းမည့် ပြည်တွင်းလေကြောင်းများသည် နံနက် ၅ နာရီ မိနစ် ၃ဝ ခန့်မှ နံနက် ၆ နာရီ မိနစ် ၃ဝ အတွင်း ပြည်တွင်းခရီးစဉ်များ ပျံသန်းရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ ယခုကဲ့သို့ ရန်ကုန်လေဆိပ်အား ခေတ္တပိတ်ထား ခဲ့ရမှုကြောင့် ပြည်တွင်း လေကြောင်းလိုင်းများ၏ ထွက်ခွာချိန် ၂ နာရီ မှ ၃ နာရီခန့်အထိ အသီးသီး နောက်ကျခဲ့ကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1