Tuesday, February 4, 2014

အရှုံးအတွက် စိတ်ရှုပ်ထွေးနေမိကြောင်း ပယ်လီဂရီနီပြောကြား

Ever November | 2/04/2014 01:03:00 PM | Best Blogger Tips
ချယ်လ်ဆီးကို အိမ်ကွင်းတွင် အရေးနိမ့်ခဲ့သည့် အခြေအနေ အတွက် မိမိ အနေဖြင့် အလွန်တရာ စိတ်ရှုပ် ထွေးမိကြောင်း မန်ချက်စတာ စီးတီး မန်နေဂျာ မန်နျူရယ်လ် ပယ်လီဂရီနီက ဝန်ခံခဲ့သည်။
ချန်ပီယံလုပွဲ အတွက် အရေးပါသော အခြေအနေ တစ်ရပ်အဖြစ် အစ်တီဟတ်တွင် ချယ်လ်ဆီးကို မန်စီးတီးက လက်ခံ ကစားပြီး ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်၏ သွင်းဂိုးဖြင့် အရေး နိမ့်ခဲ့သည်။ ယခုရာသီ ပရီးမီးယားလိဂ်တွင် အိမ်ကွင်းပွဲစဉ် အားလုံး အနိုင် ရထားသည့် မန်စီးတီးသည် ချယ်လ်ဆီးကို တိုက်စစ်ဖွင့် ကစားနိုင် ခဲ့သော်လည်း ဟိုဆေးမော်ရင်ဟို၏ တန်ပြန်တိုက်စစ် နည်းဗျူဟာ အောက်တွင် ရုန်းကန် ခဲ့ရသည်။ အထူးသဖြင့် ချယ်လ်ဆီး၏ အားထုတ်မှု(၃)ကြိမ် တိုင်ထိခဲ့၍သာ မန်စီးတီးတို့ အရှုံး သက်သာခဲ့ခြင်း ဖြစ်သည်။
ပယ်လီဂရီနီ၏ အသင်းသည် ချယ်လ်ဆီး ဂိုးပေါက်ကို (၂၅)ကြိမ်ထိ ကန်သွင်းသော်လည်း ဂိုးမရခဲ့ချေ။ တစ်ဖက်တွင် ဧည့်သည် အသင်း၏ တန်ပြန်တိုက်စစ်က ပိုမို အန္တရာယ် ပေးနိုင်ခဲ့ပြီး ဂိုးပေါက်သို့ (၁၈)ကြိမ်ကန်ကာ ယင်းတို့အနက် (၃)ပုံ(၁)ပုံသည် ဂိုးသမား ဂျိုးဟတ်ကို ဇောချွေး ပြန်စေမည့် အားထုတ်မှုများ ဖြစ်လာခဲ့သည်။ ချီလီသား မန်နေဂျာကြီး ပယ်လီဂရီနီက "တကယ့်ကို စိတ်ရှုပ်စရာ အခြေအနေပါ။ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း အခွင့်အရေးတွေကနေ အနည်းဆုံး (၂)ဂိုးလောက် ရခဲ့သင့်တာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ မလုပ်နိုင်ခဲ့ဘူး။ တစ်ဖက်ကတော့ ဂိုးသွင်းဖို့ ကြိုးစားရင်း နှစ်ကြိမ်၊ သုံးကြိမ်လောက် တိုင်ထိ သွားသေးတယ်" ဟု Sky Sports သို့ ပြောကြားခဲ့သည်။

၎င်းက "ဆာဂျီယို အဂူရိုနဲ့ ဖာနန်ဒင်ဟိုတို့ မပါနိုင်တဲ့ အချိန်မှာ ချယ်လ်ဆီးလို အသင်းနဲ့ ကစားရတာ အင်မတန် အကျပ်တွေ့သွားပါတယ်။ တစ်ဖက်မှာ ဆမ်မီနာဆရီ၊ ဟာဗီဂါစီယာတို့ကိုလည်း ကျွန်တော်တို့ လက်လွှတ် ခဲ့ရတယ်။ အရေးကြီးတာက ကျွန်တော်တို့ဟာ ခုပွဲမှာ ကွင်းလယ်ကို အပြောင်းအလဲတွေ လုပ်လိုက်ရတာပါပဲ။ ဒီပွဲဟာ သိပ်ကို အရေးပါတာ အမှန်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ရှေ့ဆက်ဖို့ ဘာမှ တွန့်ဆုတ် နေစရာတော့ မရှိဘူး။ ခုဆို ကျွန်တော်တို့ အာဆင်နယ်နောက် (၂)မှတ်ပဲ ကွာပါသေးတယ်" ဟုလည်း မှတ်ချက်ပြု သွားသည်။
Ref:skysports
Soccer Myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1