Wednesday, May 21, 2014

အငြိမ့်မင်းသမီး တစ်ယောက် မဟုတ်ပေမယ့် ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ နန်းခင်ဇေယျာ

Ever November | 5/21/2014 11:16:00 AM | Best Blogger Tips

Miss Myanmar Internet အငြိမ့်မှာ ပါဝင် ကပြဖျော်ဖြေဖို့လက် ခံဖြစ်တာက နန်းခင် အနေနဲ့ ထူးထူး ဆန်းဆန်း လေးဖြစ် ချင်တယ်။ က လည်း ကချင်တယ် ပေါ့နော်။ က ချင် တယ်ဆိုတာက နန်းခင်တို့ International ပြိုင်ပွဲပြိုင်တဲ့အချိန်မှာ မြန်မာ့အကကို ကပြဖူးတယ်။ ဒါပေ မဲ့ အဲဒီမှာ ကပြဖူးတဲ့ အကနဲ့ အငြိမ့် ကတာက အရမ်းကွာခြားတယ်။

ပြီး တော့ ပွဲစီစဉ်သူဘက် ကလည်း တစ် လအချိန်ယူပြီး အကကို သင်ပေး မယ်လို့ပြောတယ်။ တကယ့်စီနီယာ လူရွှင်တော်ကြီး aတွလည်း ပါတဲ့အ တွက် လက်ခံဖြစ်တာပါ။ ပရိသတ် တွေကလည်း နန်းခင်တို့က အငြိမ့် မင်းသမီး မဟုတ်တဲ့ အတွက် အရမ်း ကြီးကနိုင်ပါ့မလားဆိုပြီးတော့ စိတ် ဝင်စားမှာပဲလေ။
တချို့က မကနိုင် လောက်ပါဘူးလို့ ပြောတာတွေ လည်းရှိပါတယ်။ ဒါပေမဲ့ နန်းခင်တို့ ဘက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ အဲဒီအတွက် ပရိ သတ်ကြီးရဲ့ ဝေဖန်အကြံÓဏ်ပေး မှုကိုလည်း ကြိုဆိုပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကိုယ့်ကို ဝေဖန်ပေး တဲ့ လူရှိမှ လူတစ်ယောက်က တိုး တက်မှာပါ။ ဝေဖန်မယ့်လူမရှိရင် မတိုးတက်ပါဘူး။ ကိုယ့်ကို ကြည့် နေတဲ့ ပရိသတ်က လိုအပ်တာလေး တွေပြောတာကို လက်ခံနိုင်ရမယ်။ အဲဒါကို လက်ခံပြီး ပြင်ဆင်သွား မယ်ဆိုလို့ရှိရင် လက်ရှိရနေတဲ့ နေ ရာထက် ပိုပြီးအောင်မြင်မှုတွေရမှာ ပါ။
ဒီပွဲပြီးသွားရင် ထပ်ပြီးကပြသွား ဖို့ လက်ခံထားတာ မရှိသေးပေမယ့် Miss Myanmar Internet အငြိမ့် အောင်မြင်သွားမယ်ဆိုရင်တော့ ဒီ အဖွဲ့နဲ့ပဲ နိုင်ငံခြားကို သွားဖျော်ဖြေ ဖို့ပြောထားတာရှိပါတယ်။ သေချာ တာကတော့ ဇွန်လ (၁) ရက်နေ့မှာ ဖျော်ဖြေမယ့်ပွဲလေးက နန်းခင်တို့ရဲ့ ပထမဦးဆုံး အငြိမ့်ပွဲဖြစ်တဲ့အတွက် ရင်ခုန်နေသလို လာရောက်အားပေး မယ့် ပရိသတ်အတွက်လည်း အမြင် ဆန်းစေမှာပါ။ လတ်တလော အနုပ ညာ လှုပ်ရှားမှုကတော့ ကလောမှာ ကားရိုက်နေပါတယ်။ မင်းသားက နေဒွေး၊ မင်းသမီးက နန်းခင်နဲ့ နန်း မြတ်ဖြိုးသင်းပါ။  
8 Days

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1