Wednesday, May 21, 2014

၈နှစ်ကြာကွာဝေးခဲ့သော အက်ဖ်အေဆုဖလား အာစင်ဝင်းဂါးနမ်းခွင့်ရပြီ

Ever November | 5/21/2014 11:18:00 AM | Best Blogger Tips
ကမ္ဘာ့သက်တမ်း အရင့်ဆုံး ပြိုင်ပွဲဖြစ်သည့် အင်္ဂလန် FAဖလား ဗိုလ်လုပွဲတွင် အာဆင်နယ် အသင်းသည် ဟူးလ်စီးတီး အသင်းအား မိနစ် ၁၂၀ ကြာအောင် ခက်ခက်ခဲခဲ ကစားခဲ့ပြီးနောက် ၃ - ၂ ဂိုးဖြင့် အနိုင်ယူကာ ဗိုလ်စွဲသွားခဲ့သည်။

ပွဲအစ ကိုးမိနစ်အတွင်း ဟူးလ်စီးတီးအား ၂ ဂိုးပေးခဲ့ရသော်လည်း နောက်မှ ၃ ဂိုးလိုက်လံ သွင်းယူပြီး ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ယခုဗိုလ်လုပွဲအား ၀င်ဘလေကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အချိန်ပို ၁၀၉မိနစ်တွင် ရမ်ဆေးက အနိုင်ဂိုး သွင်းယူထားခဲ့သည်။

ယခု FAဖလားကြောင့် နည်းပြအာစင်ဝင်းဝါး၏ ၈ နှစ်ဆက် ဖလားလက်မဲ့ ဖြစ်ခြင်းကို အဆုံးသတ် နိုင်ခဲ့ပြီး FA ဖလားကို ၁၁ ကြိမ်မြောက် ရယူကာ မန်ယူအသင်းနှင့် စံချိန်တူ အအောင်မြင်ဆုံး အသင်း အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

Soccer Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1