Wednesday, May 21, 2014

ချစ်သူကိုယ် ချစ်လွန်းလို့ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ မုံရွာ ကန်သာယာဘေးက ကြိုးဆွဲချမှု

Ever November | 5/21/2014 10:55:00 AM | Best Blogger Tips
စစ်ကိုင်းတိုင်းဒဒေသကြီး၊ မုံရွာမြို့၊ ဒေါနခြံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းအနီးရှိ ကန်သာယာရေကန်ကြီး အနီးတွင် မေလ ၂၀ ရက်နေ့ ညနေ၆ နာရီအချိန်က နည်းပညာ၊ ပညာရှင် လူငယ်တစ်ဦး သမီးရည်းစား ကိစ္စနှင့် ပတ်သက်၍ မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သေမှုသေခင်းဆိုင်ရာ ကိစ္စတစ်ရပ်ပေါ်ပေါက် ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျေိာကျော်ညွှန့်ထံမှ သိရသည်။

‘ သေဆုံးသူ ကောင်ကလေးက ကောင်မလေးရဲ့ ဂရုစိုက်မှုကို မခံရဘူးဆိုပြီး သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားတာဖြစ်နိုင်ပါတယ်….” ဟု မြို့မရဲစခန်းမှူးက ဆက်လက်၍ ပြောပြသည်။

သေဆုံးသူ အမျိုးသားသည် မိမိကိုယ်ကို အဆုံးမစီရင်ခင် နာရီပိုင်းအလိုအချိန်ခနိ့က ၎င်းနှင့် သမီးရည်းစား ဖြစ်ခဲ့သူ ကောင်မလေးတစ်ယောက်နှင့် ချိန်းဆိုတွေ့ခဲ့ပြီးနောက်၊ သမီးရည်းစားတို့၏ ဘာသာဘာဝ ကသောက်ကယှက်ဖြစ်ကာ ကောင်းမလေးမှ စိတ်ဆိုး၍ ထွက်ခွာသွားခဲ့သည်။

ထို့နောက် ကောင်က လေးသည် ၎င်းလွယ်လေ့ရှိသည့် လွယ်အိတ်ကြိုးဖြင့် မိမိကိုယ်ကို ဆွဲကြိုချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ် ကြောင်း ရဲစခန်း၏ မှတ်တမ်းများတွင်ဖော်ပြထားသည်။

ထို့ကြောင့် မှုခင်းဆေးစာများရယူ၍ မှုခင်းဆိုင်ရာ ဆေးပညာနည်းလမ်းများအရ ဆက်လက်ဆောင်ရွက်နိုင် ရန် ရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုတိုး ချင်းတွင်း

ရွှေမြစ်မခ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1