Wednesday, May 21, 2014

ဂျာမန်ပိုကယ်ဖလား ဘိုင်ယန်မြူးနစ်သိမ်းပိုက်

Ever November | 5/21/2014 11:29:00 AM | Best Blogger Tips
ယခုနှစ် အမှတ်ပေးချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းသည် ပိုကယ်ဖလား ဗိုလ်လုပွဲ၌ ပြိုင်ဘက် ဒေါ့မွန်အသင်းအား အချိန်ပိုတွင် သွင်းယူခဲ့သော ဂိုးနှစ်ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ် အသင်းသည် ယခုနှစ်တွင် အမှတ်ပေး ဖလား ဆွတ်ခူးခဲ့သော်လည်း ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်ကို အိမ်ကွင်း၌ အရှက်တစ်ကွဲ ရှုံးနိမ့်ခဲ့ရသည့် အတွက် နည်းပြ ဂွာဒီယိုလာမှာ ဝေဖန်ခံခဲ့ရသည်။ သို့သော် ပိုကယ်ဖလားအား ထပ်မံဆွတ်ခူးခဲ့သည့် အတွက် ယခုနှစ်တွင် ဖလား နှစ်လုံးရပြီး ဝေဖန်မှုများကို တုံ့ပြန်ခဲ့သည်။

ဂျာမန်လူမျိုးများက ဂွာဒီယိုလာသည် ဘိုင်ယန်မြူးနစ်ကို ဘာစီလိုနာစတိုင် ကစားဟန် သွတ်သွင်း ခြင်းကို မနှစ်သက်ကြောင်း ပြောကြားခဲ့ပြီးနောက် ဘိုင်ယန် ကစားသမားများက သူတို့သည် ဒုတိယ ဘာစီလိုနာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဘိုင်ယန် အသင်းသည် ယမန်နှစ်က အမှတ်ပေးချန်ပီယံ၊ ပိုကယ်ဖလား၊ ချန်ပီယံလိဂ်ဖလား သုံးခုကို ရယူခဲ့သော အသင်းဖြစ်သည်။
Soccer Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1