တရုတ်-မြန်မာ
ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ ရှေ့နှစ် ၂၀၁၃ မှာ စတင်
စမ်းသပ်တင်ပို့နိုင်တော့မယ်လို့
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း စီအန်ပီစီရဲ့ ကုမ္ပဏီခွဲ တခု
ဖြစ်တဲ့ အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီက စီစီတီဗွီရုပ်သံဌာနကို
ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို
ဖြတ်ပြီး ဖောက်လုပ်တဲ့ အဲဒီစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်
စတုတ္ထမြောက် အကြီးဆုံး ပိုက်လိုင်းလည်း ဖြစ်ပါတယ်။ အဲဒီ
ပိုက်လိုင်းဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မဒေးကျွန်းကနေ
စတင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ရွှေလီမြို့အထိ သွယ်တန်း
ဖောက်လုပ်ထားတာပါ။
ရေနံပိုက်လိုင်းဟာ အရှည် ၂၄၀၂ ကီလိုမီတာ ရှည်ပြီး မြန်မာနိုင်ငံအတွင်းမှာ ကီလိုမီတာ ၇၇၁ ဖောက်လုပ်တာ ဖြစ်ပါတယ်။
သဘာဝဓာတ်ငွေ့
ပိုက်လိုင်းကတော့ အရှည် ၂၅၃၀ ကီလိုမီတာရှိပြီး မြန်မာနိုင်ငံဘက်မှာ
၇၉၃ ကီလိုမိတာ ဖောက်လုပ်မှာပါ။ ပိုက်လိုင်းဖောက်တာ လုပ်ငန်းလည်ပတ်
ထိန်းသိမ်းတာတွေကိုတော့ တရုတ်အစိုးရပိုင် စီအန်ပီစီ အမျိုးသား
ရေနံကော်ပိုရေးရှင်းက တာဝန်ယူ ဆောင်ရွက်ပါတယ်။
ရေနံနဲ့
သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်တဲ့ လုပ်ငန်းတွေကို ၂၀၁၀ ဇွန်လမှ
စလုပ်ခဲ့ပြီး ယခု ကီလိုမီတာ ၃၀၀ အထိ ဖောက်လုပ် ပြီးစီးခဲ့ပါပြီ။
ပိုက်လိုင်း ဖောက်လုပ်နေစဉ်မှာ ဒေသရဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ
မဖြစ်ဖို့ အထူးဂရုပြု လုပ်ဆောင်နေပါတယ်လို့ အရှေ့တောင်အာရှ
ပိုက်လိုင်း ကုမ္ပဏီက ဆိုပါတယ်။
From DVB
No comments:
Post a Comment