Wednesday, February 15, 2012

တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး

November | 2/15/2012 09:10:00 PM | Best Blogger Tips

ရန်ကုန်တိုင်း ​ လှိုင်သာယာမြို့​နယ်က တိုင်ဝမ်နိုင်ငံသား​ပိုင် တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမား​တွေက လုပ်အား​ခတိုး​ပေး​ဖို့​ဆန္ဒပြ​တောင်း​ဆိုချက်ကို သီတင်း​ တပတ်​ကျော် အကြာမှာ အလုပ် ရှင်ဘက်က လိုက်​လျောလိုက်ပြီဖြစ်ပါတယ်။
ဖေ​ဖော်ဝါရီ ၁၅ ရက် မွန်း​လွဲပိုင်း​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ သ​ဘောတူညီမှုရခဲ့​တာပါ။ ဒီသ​ဘောတူညီချက်အရ အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ အတိုင်း​ တနာရီ ကို အရင်က ၇၅ ကျပ် ရရှိရာက​နေ လုပ်ခ ကျပ် ၁၀၀ ရရှိခဲ့​ပြီး​ အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့​ တလအတွင်း​ ရက်မှန်​ကြေး​ နဂိုအတိုင်း​ ကျပ် ၆၀၀၀ နှုန်း​ ရရှိခဲ့​တယ်လို့​ အလုပ်သမား​တွေဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​သူ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။
ခုလို သ​ဘောတူညီချက် ရခဲ့​လို့​ အလုပ်သမား​တွေဟာ အရင်ကထက် တလကို လစာ ကျပ် (၁)​သောင်း​ကျော် ပိုရလာမှာ ဖြစ်ပါတယ်။
အလုပ်သမား​တွေဟာ အရင်က တလကို အချိန်ပို​ကြေး​၊​ ရက်မှန်​ကြေး​ အပါအဝင် ပျမ်း​မျှ ကျပ် ၃၇,၀၀၀ ​ကျော်​လောက်ပဲလုပ်ခလစာ ရကြတာပါ။
အလုပ်သမား​ တွေဟာ လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ မနက်ပိုင်း​ကစပြီး​ ဆန္ဒပြ​နေကြတာပါ။ မ​နေ့​က​တော့​ အစိုး​ရ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနရဲ့​ ညွှန်ကြား​ရေး​မှူး​ ကိုယ်တိုင်အလုပ်ရှင်နဲ့​ အလုပ်သမား​အကြား​ ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ပေမယ့်​ မ​ပြေလည်ဘဲ ဒီက​နေ့​မှာ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှု​တွေ ရရှိခဲ့​တာပါ။
တိုင်ရီ ဖိနပ် စက်ရုံကို ၁၉၉၇ ခုနှစ်က တည်​ဆောက်ခဲ့​ပြီး​ တိုင်ဝမ် သူ​ဌေး​ တဦး​ပိုင် ကာ တရုတ်အမျိုး​သမီး​ တဦး​က စီမံခန့်​ခွဲ​နေတာ ဖြစ်ပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1