Wednesday, February 15, 2012

စက်မှုဝန်ကြီး​ဌာနပိုင်ကား​ မိုင်း​နင်း​မိ၊​ ၁ ဦး​သေ ၃ ဦး​ ဒဏ်ရာရရှိ

November | 2/15/2012 09:20:00 PM | Best Blogger Tips
ရှမ်း​ပြည်နယ် ​မြောက်ပိုင်း​ နမ့်​ခမ်း​မြို့​နယ်မှာ မ​နေ့​က စက်မှုဝန်ကြီး​ဌာနပိုင် ကား​တစီး​ မိုင်း​နင်း​မိပြီး​ လူ ၁ ဦး​ ​သေဆုံး​ကာ ၃ ဦး​ ဒဏ်ရာ ရရှိခဲ့​တယ်လို့​ နမ့်​ခမ်း​ ​ဆေး​ရုံ တာဝန်ရှိသူတဦး​က ​ပြောပါတယ်။

“ဒဏ်ရာရတာ ၃ ​ယောက်​ရောက်တယ်။ ၁ ​ယောက်က အရိုး​တွေ ကျိုး​နေတယ်။ တ​ယောက်က လက်ဖျံရိုး​ထဲမှာ ၆ လက်မ သံ​ချောင်း​ပြတ် တ​ချောင်း​တွေ့​တယ်။ လက်ဖျံရိုး​ အ​သေး​က​တော့​ ကျိုး​သွား​တယ်။ ​နောက်တခုက ဒူး​အ​နောက်မှာ။ ​ပေါင်​သွေး​လွှတ်​ကြော အရိုး​ရဲ့​နား​မှာ။ အဲ့​ဒါက ထုတ်လို့​မရဘူး​။ ​နောက်တ​ယောက်က ကား​ပျက်စီး​သွား​တော့​ ကား​က မှန်စ​တွေ စိုက်ပြီး​တော့​ လက်ဖျံမှ စိုက်ဝင်​နေတဲ့​ မှန်စ​တွေ​တော့​ ထုတ်ထား​တယ်။ ​ပေါင်က မှန်စ​တော့​ မထုတ်ရ​သေး​ဘူး​။”
သေသွား​သူဟာ တရုတ်လူမျိုး​ တဦး​ဖြစ်တယ်လို့​ သိရ​ပေမယ့်​ တရုတ်နိုင်ငံသား​ ဟုတ် မဟုတ်​တော့​ ​သေချာ မသိရ​သေး​ပါဘူး​။
ဒဏ်ရာရသူ ၃ ဦး​ကို နမ့်​ခမ်း​ ​ဆေး​ရုံမှာ ကုသခဲ့​ပေမယ့်​လည်း​ တဦး​မှာ ဒဏ်ရာပြင်း​ထန်လို့​ မူဆယ်​ဆေး​ရုံကြီး​ကို ပို့​ဆောင်ပြီး​ ​ဆေး​ကုသမှု ​ပေး​နေရပါတယ်။
စက်မှုဝန်ကြီး​ ဌာနက ကား​ဟာ လဲကျ​နေတဲ့​ လျှပ်စစ်တာဝါတိုင်​တွေကို ပြင်ဆင်ဖို့​ အသွား​ လမ်း​မှာ မိုင်း​မိတာ ဖြစ်ပါတယ်။ အလား​တူ ပြီး​ခဲ့​တဲ့​ ဒီဇင်ဘာလကလည်း​ ဒီ​ဒေသမှာ စစ်တပ်ယာဉ်တစီး​ မိုင်း​နင်း​မိခဲ့​ပြီး​ စစ်သား​ ၁ ဦး​ ​သေဆုံး​ကာ ၅ ဦး​ ဒဏ်ရာရရှိခဲ့​တယ်လို့​ နမ့်​ခမ်း​ ​ဆေး​ရုံက​နေ စုံစမ်း​သိရပါတယ်။
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1