Wednesday, February 15, 2012

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လှည်း​ကူး​ခရီး​စဉ် ​ရွေး​ကောက်ပွဲ​ကော်မရှင်က ညှိနှိုင်း​ပေး​သဖြင့်​ အဆင်​ပြေ

November | 2/15/2012 09:46:00 AM | Best Blogger Tips
ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ ရန်ကုန်တိုင်း​ လှည်း​ကူး​မြို့​ ခရီး​စဉ်မှာ ​ဟော​ပြောမယ့်​ လှည်း​ကူး​မြို့​ လူထုအား​ကစား​ကွင်း​ကို အသုံး​ပြုခွင့်​ ပြန်ရသွား​လို့​ နဂိုစီစဉ်ထား​တဲ့​ အတိုင်း​ပဲ မနက်ဖြန်မှာ ခရီး​ထွက်ဖြစ်မယ်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ပြောပါတယ်။
လှည်း ​ကူး​မြို့​ လူထုအား​ကစား​ကွင်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပြောဖို့​ စီစဉ်ထား​တာကို ပြည်​ထောင်စု အား​ကစား​ဝန်ကြီး​ အမိန့်​နဲ့​ ပိတ်လိုက်ပြီး​ နာရီပိုင်း​အတွင်း​မှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ပြန်လည် ညှိနှိုင်း​ပေး​လိုက်တာ​ကြောင့်​ ​ပြေလည်မှု ရသွား​တာပါ။

လှည်း​ကူး​ မြို့​နယ်မှာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ဝင်ပြိုင်မယ့်​ ကိုယ်စား​လှယ်​လောင်း​ ဦး​ဖြိုး​မင်း​သိန်း​ကလည်း​ ​နောက်ဆုံး​အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။
“ကျ​နော်တို့​ အဖွဲ့​ချုပ်ဗဟိုကို အ​ကြောင်း​ကြား​တဲ့​ အ​ခြေအ​နေမှာ အဖွဲ့​ချုပ်ဗဟိုက ​နေပြည်​တော်ကို ​ရောက်​နေတဲ့​ ဦး​ဉာဏ်ဝင်း​နဲ့​ ဦး​ဟံသာမြင့်​ကို လှမ်း​ပြီး​ အ​ကြောင်း​ကြား​တဲ့​ အ​ခြေအ​နေမှာ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်ကို ကျ​နော်တို့​က တိုက်ရိုက် စာတင်ပါတယ်။ တိုက်ရိုက် စာတင်​တော့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က​နေ ဆုံး​ဖြတ်ထား​တဲ့​ အချက်အလက်​တွေကို အုပ်ချုပ်​ရေး​ပိုင်း​က မစွက်ဖက်ဖို့​ဗျာ၊​ အဲဒီအတွက် ​နေရာကို ပြန်ပြီး​ သတ်မှတ်​ပေး​လိုက်ပါတယ်။ ဒါ​ကြောင့်​မို့​ လှည်း​ကူး​အား​ကစား​ကွင်း​မှာပဲ ကျင်း​ပသွား​ပါမယ်။ လူ​တွေက တအား​ ဝမ်း​သာ​နေကြတယ်။”
ဒေါ်​ အောင်ဆန်း​စုကြည်နဲ့​ လှည်း​ကူး​လူထု ​တွေ့​ဆုံပွဲကို အား​ကစား​ကွင်း​မှာလုပ်ဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​နဲ့​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်က နဂိုကတည်း​က ခွင့်​ပြုထား​အပြီး​မှာ အစီအစဉ်​ပြောင်း​မလို ဖြစ်ခဲ့​ရတာပါ။
အခု​နောက်ဆုံး ​ ပြန်လည်အဆင်​ပြေသွား​တဲ့​အ​ကြောင်း​ကို ပါတီဌာနချုပ်က ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ဟံသာမြင့်​ကလည်း​ အတည်ပြု ​ပြောဆိုပါတယ်။
ဒါ​ကြောင့်​ နဂို စီစဉ်ထား​တဲ့​အတိုင်း​ပဲ ​နေ့​လယ် ၁၂ နာရီ​လောက်မှာ ​ဒေါ်​အောင်ဆန်း​စုကြည် လှည်း​ကူး​မြို့​ကို ​ရောက်ဖို့​ စီစဉ်ထား​ပြီး​ မွန်း​လွဲ တနာရီ​လောက်မှာ လူထု​ဟော​ပြောပွဲ စတင်နိုင်မယ်လို့​ ​မျှော်လင့်​တဲ့​အ​ကြောင်း​ ဦး​ဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည်ရဲ့​ အခု လှည်း​ကူး​ခရီး​စဉ် မတိုင်ခင်မှာ တနင်္သာရီတိုင်း​ ထား​ဝယ်ခရီး​၊​ ဧရာဝတီတိုင်း​ ပုသိမ်၊​ ​မြောင်း​မြခရီး​၊​ ရန်ကုန်တိုင်း​ ​ကော့​မှူး​ခရီး​တို့​ကို စည်း​ရုံး​ရေး​ထွက်ခဲ့​ပြီး​ လူသိန်း​ချီ ကြိုဆိုခဲ့​ကြပါတယ်။ 
From DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1